ကြိုက်ရင်ကြိုက်သလိုကြိုက်သလောက်ဖတ်

WELCOME

WELCOME
အချိန်ကုန်ခံပြီးဖတ်.ရှုပေးခြင်းအတွက် ကျေးဇူးတင်ပါသည်

Friday, May 4, 2012

let me die

တကယ်တော့
ငါ...
နင့်ကို...
ယုယစွာနဲ့ချစ်မြတ်နိုးခဲ့တာပါ
နင့်ရဲ့ဥပေက္ခာတွေကြောင့်သာ
ငါ့အချစ်တွေ...
တကယ်တော့
ငါ...
နင့်ကို...
ရူးမိုက်စွာနဲ့ပုံအောခဲ့တာပါ
နင့်ရဲ့အသိအမှတ်မပြုမှုတွေကြောင့်သာ
ငါ့ဘ၀...
တကယ်တော့
ငါ...
နင့်ကို...
စွဲလမ်းစွာနဲ့နေ့တိုင်းသတိရနေခဲ့တာပါ
နင့်ရဲ့မာကျောတဲ့ဆက်ဆံမှုတွေကြောင့်သာ
ငါ့စိတ်တွေ...
တကယ်တော့
ငါ...
နင့်ကို...
တမ်းတစွာလွမ်းနေချင်သေးတာပါ
အသစ်အသစ်တွေနဲ့နင့်ရဲ့အပြုံးလေးကြောင့်သာ
ငါ့အလွမ်းတွေ...
တကယ်တော့
ငါ...
နင့်ကို...
ရှုံးနိမ့်စွာနဲ့ချစ်နေချင်သေးတာပါ
ငါ့ကိုတွေ့တိုင်းနင့်ရဲ့စိတ်မချမ်းသာမှုတွေကြောင့်သာ
ငါ့မနက်ဖန်တွေ...
ခုတော့အဆုံးသတ်ခွင့်ပြုပါတော့

No comments:

Post a Comment