ကြိုက်ရင်ကြိုက်သလိုကြိုက်သလောက်ဖတ်

WELCOME

WELCOME
အချိန်ကုန်ခံပြီးဖတ်.ရှုပေးခြင်းအတွက် ကျေးဇူးတင်ပါသည်

Saturday, May 5, 2012

ကြည့်လို့ကောင်းမဲ့ပွဲ

ဒါရိုက်တာမြှားနတ်မောင်ရဲ့
မြှားပစ်ပွဲဇာတ်လမ်း
သံယောဇဉ်က
အချစ်မြှားဘက်ကအားပေး
ပကာသနတွေက
အမုန်းမြှားဘက်ကထောက်ခံ
ပတ်ဝန်းကျင်မုန်တိုင်းကြောင့်
မင်းကိုအမုန်းမြှားကမှန်
ငါ့ရင်ကိုအချစ်မြှားကလာစိုက်
ဘာမဆိုင်တဲ့
ပွဲကြည့်ပရိတ်သတ်မင်းနဲ့ငါ
အချစ်ဆိပ်တွေတက်
အမုန်းဆိပ်တွေမပြေရင်း
မျက်လုံးချင်း
စစ်ကြေငြာခဲ့ရပါရော
ကဲ...
ဒီစစ်ပွဲမှာ
ယုယခြင်းက ငါ့နည်းလမ်း
စိမ်းကားခြင်းက မင်းပရိယာယ်
ငါ့အချစ်စိတ်တွေပဲ
ဒူးထောက်ရမလား
မင်း အမုန်းစိတ်တွေပဲ
လက်နက်ချရမလား
စိတ်သာချ
ဒီပြိုင်ပွဲအတွက်
မင်းလည်းစိတ်ရှိလက်ရှိမုန်း
ငါလည်း
ရွတ်ရွတ်ချွံချွံကိုချစ်ဦးမှာ

No comments:

Post a Comment