သို့/
မထက်ထက်နွယ်
ဦးဇွဲထက်မြင့်+ဒေါ်နွယ်သဇင်ငြိမ်း
ဖိတ်ကြားလွှာ
လူရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော် ပြုလုပ်ကျင်းပမည်ဖြစ်ပါသဖြင့်လူကြီးမင်းတို့ဧ။်သားသမီးများနှင့်အတူ တက်ရောက်ချီးမြှင့်ပေးပါရန် ဖိတ်ကြားအပ်ပါသည်။
(ဦးတိုးတက်)
ကျောင်းအုပ်ကြီး
ဒီနေ့သမီးကျောင်းကပြန်လာတော့ ဖိတ်စာတစ်ခုပါလာတယ် ပညာရေးစုံညီပွဲကိုတက်ရောက်ဖို့တဲ့ သမီးလေးက အတန်းထဲမှာပထမရတယ်တဲ့နွယ် အတိုင်းပဲ သမီးလေးကစကား အရမ်းတတ်တယ်စာလည်း အရမ်းတော်တယ်နွယ် အခုတော့သမီးလေးအိပ်သွားပါပြီ ဒါတောင်မနဲ ချော့သိပ်လိုက်ရတယ်မနက်ဖြန်ကျရင်ကိုယ့်ကိုကျောင်းကိုလိုက်ခဲ့ပါတဲ့ ကိုယ်လည်းအလုပ်တွေအရမ်းရှုပ်ပြီးစိတ်မကြည်တာနဲ့ မအားဘူးလို့ မလိုက်နိုင်ဘူးလို့ငြင်းလိုက်တယ်အဲဒါနဲ့ကျောင်းဆင်းကတည်းကငိုနေတာ ခုမှပဲ တိတ်ပြီးအိပ်ပျော်သွားတော့တယ် သားလေးကတော့အကျင့်ကောင်းပါတယ် အစောကြီးကတည်းကအိပ်သွားတယ် ကိုယ်သ မီးကိုအားနာနေတယ်နွယ် ဘာဖြစ်လို့များသမီးတောင်းဆိုတာကိုငြင်းလိုက်မိလဲမသိပါဘူးကလေးတွေအတွက်ထူးချွန်လို့ဆုပေးတဲ့ပွဲမှာ မိဘတွေမပါရင်ဘယ်လောက်တောင်ဝမ်းနည်းဖို့ကောင်းလိုက်မလဲဆိုတာကိုယ် မတွေးမိလိုက်ဘူး ကိုယ့်အလုပ်တွေအတွက်ပဲခေါင်းထဲမှာပြည့်နေခဲ့တာ ဒါနဲ့ ဒီနေ့ကိုယ်ဘာဟင်းစားလဲသိလား နွယ် ဟိုဘက်အိမ်ကပေးတဲ့ဘူးသီး အချည်ဟင်း နဲ့စားတယ် အရမ်းမြိန်တာပဲနွယ် ထုံးစံ အတိုင်းတစ်ခွက်ကတော့ကြက်ဥကြော် ပေါ့ ကိုယ်တောင်ကြက်ဥကိုကောင်းကောင်းကြော်တတ်နေပြီနွယ် ကြက်သွန်နဲ့ရောပြီးလည်းကြော်တတ်နေပြီ မကျက်တကျက်လည်းကြော်တတ်နေပြီ အစုံ အစုံပါပဲ အကုန်တတ်နေပြီ နွယ်မရှိတော့ကတည်းက တခြားဟင်းတွေမစားရတာကြာပြီနွယ်ရယ် နွယ့်ရဲ့လက်ရာကို ကိုယ်သိပ်လွမ်းတာပဲ နေ့တိုင်းကြက်ဥကြော်နဲ့ပဲနှစ်ပါးသွားနေရတယ် ကြာတော့ကြက်ဥရုပ်တောင်ပေါက်ပေါက်လာပြီလို့ ကိုယ့်ကိုယ်ကို ထင်မိသေးတယ်ဘာတွေပဲလုပ်လုပ် ဘာတွေပဲဖြစ်နေဖြစ်နေ နွယ်ကိုကိုယ် အရမ်းသတိရတာပဲနွယ်ရယ် အလုပ်ကပြန်လာတိုင်း မီးဖိုချောင်ဘက်ကို အရင်သွားကြည့်မိတယ် အထဲမှာ နွယ်များ ဘာဟင်းကောင်းတွေချက်နေမလဲ ကြည့်ချင်လို့ပါ ဒါပေမဲ့ကိုယ်သွားလိုက်တိုင်းတွေ့ရတာတွေက မဲတူနေတဲ့ ဟင်းအိုးတွေနဲ့ ပြာတွေဖွေးဖွေးလှုပ်နေတဲ့ အခန်းကြီးကိုပဲတွေ့ရတယ်နွယ် နွယ်မရှိတော့မှန်းသိပေမဲ့ မသိစိတ်က ခြေဦးလှည့်ချင်နေတုန်း တခါတလေ ကိုယ်ပြန်လာလို့ မီးဖိုအခန်းတခါး ပွင့်နေရင် ဘာရယ်မဟုတ်ပျော်မိသေးတယ်နွယ် တကယ်တော့ နွယ်မရှိတော့ပါဘူး ခွေးတိုးလို့ပဲဖြစ်ဖြစ်ကြောင်ဝင်လို့ပဲဖြစ်ဖြစ်ပွင့်သွားတာပါ နွယ် နွယ်မရှိတော့မှာ နွယ့်တန်ဘိုးကိုပိုသိတယ်နွယ် လင်နဲ့မယား လျှာနဲ့သွားဆိုသလို နွယ်နဲ့ အဆင်မပြေတာ နွယ်နဲ့ရန်ဖြစ်ခဲ့တာတွေရှိပေမဲ့တကယ်တော့ နွယ်ကို ကိုယ့်ဘ၀အတွက် မရှိမဖြစ်လက်တွဲဖော်တစ်ဦးလိုသတ်မှတ်ခဲ့တာပါ ကိုယ့်ရဲ့ရှင်သန်ချိန်တွေအကုန်လုံးကိုနွယ်နဲ့ပဲ ကုန်ဆုံးချင်ခဲ့မိတာ ရန်ဖြစ်တဲ့အခါတိုင်းပြေပြေလည်လည်မဖြေရှင်းပဲ ဆဲဆို အော်ငေါက်ခဲ့မိတာတွေအတွက် ကိုယ်တကယ်တောင်းပန်တယ်နွယ်ရယ် ကိုယ့်ဒေါသကြောင့် မင်းကိုမလိုဘူးဆိုပြီး နွယ်ကို ရက်ရက်စက်စက်အော်ခဲ့မိတာတွေအတွက် တောင်းပန်ပါတယ် တကယ်တော့ကိုယ်နောင်တရမိနေတယ်နွယ် အတူနေရတဲ့ အခါတန်ဘိုးကို မသိပေမဲ့ နွယ်မရှိတော့ကိုယ်မနေတတ်တော့ဘူးနွယ် ဒါလုပ်ရမလိုလို ဟိုဟာလုပ်ရမလိုလိုနဲ့ အရောင်ရောင် အမှားမှားပါပဲ ကိုယ့်ရဲ့ရည်ရွယ်ချက်တွေပန်းတိုင်တွေဟာလည်း ယိုင်နဲ့နေပါပြီ နွယ်မရှိပဲကိုယ်တစ်ယောက်တည်းအားနဲ့ ဘယ်လိုဆက်ပြီးရုန်းကန်ရမှာလဲ သားငယ်လေးကိုတော့နို့ဘူးတွေ ပေးတိုက်ထားတယ် နွယ် သားငယ်လေးရဲ့ မျက်ဝန်းတွေက နွယ်ကိုတောင်းဆိုနေသလိုပဲ နွယ့်ကို လိုက်ရှာနေသလိုပဲနွယ် ခု သားငယ်လေးကို စကားစသင်ပေးနေပြီ ဖေဖေ ရယ် ရေရယ်ကိုတော့ ပီပီသသပြောတတ်နေပြီ ဒါပေမဲ့ကိုယ် အခက်တွေ့နေတယ်နွယ် ဒါက ရေပါဆိုပြီး ရေကိုပြပြီးသင်ပေးလို့ရတယ် ဒါက အိမ်ပါ ဒါကဖေဖေပါဆိုပြီးသင်ပေးလို့ရတယ်နွယ် သားလေးကိုခုထိမေမေဆိုတဲ့စကားလုံးကို ကိုယ်မသင်ပေးရသေးဘူး ဒါကမေမေပါဆိုပြီးပြရအောင် နွယ်ကမှ အနားမှမရှိတော့တာပဲကိုယ် အခက်တွေ့နေတယ် အလုပ်သွားခါနီးရင် သားလေးကိုဘေးအိမ်ကအဒေါ်ကြီးဆီမှာအပ်ထားခဲ့ရတယ် ကိုယ်စိတ်မချဘူးနွယ်ရယ်သားလေးကဘာမှ သိသေးတာမဟုတ်ဘူး မတော်တဲ့ဟာတွေ အတဲ့တဲ့ ဟာတွေစားမိမှ ဖြင့် အရမ်းစိတ်ပူတာပဲနွယ်ရယ် မနက်ဆိုလည်း ကိုယ်လေးနာရီထိုးလောက်ဆိုရင်နိုးနေပြီ သမီင်္းလေးကျောင်းသွားဖို့ ထမင်းချိုင့်ပြင်ပေးရ အ၀တ်အစားတွေပြင်ပေးရနဲ့ ဒီကြားထဲ သားလေးကစောစောနိုးနေရင် သားလေးကိုကျောပေါ်ပိုးရင်းနဲ့ မနက်တိုင်းမောနေတာပဲ သူငယ်ချင်းတွေကတော့ ၀ိုင်းပြောကြတယ် ကိုယ့်ကိုယ် နောက်အိမ်ထောင်ပြုပါလားတဲ့ မဖြစ်နိုင်ဘူးနွယ် ကိုယ့်ရင်ထဲမှာနွယ်တစ်ယောက်ပဲရှိစေချင်တာ တခြားတစ်ယောက်ကိုနွယ့်နေရာမှာ အစားထိုးဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူးနွယ် နွယ့်ရဲ့ ဆံပင်ရနဲ့လေးနဲ့ ပဲကိုယ်အိပ်စက်ချင်တာ ကိုယ့်ဘေးမှာနွယ်နဲ့ပဲ ကိုယ့်ရဲ့ညတွေကိုကုန်ဆုံးချင်တာ ကိုယ်တို့သမီးလေးဟာလည်းအရမ်းစကားတတ်တယ်နွယ် နွယ့်နေရာကို ဘယ် အမေနဲ့မှအစားထိုးချင်မှာမဟုတ်ဘူး ပြီးတော့ကိုယ်တို့သားလေး ဘာမှမသိသေးတဲ့သားလေးကိုလည်း ဒါသားရဲ့မေမေပါဆိုပြီး မပြောချင်ဘူးနွယ်သားလေးကဘာမှသိသေးတာမဟုတ်ဘူး စိတ်ရှုပ်တယ်နွယ် နွယ်မရှိတော့ကတည်းကကိုယ့်ဘ၀ကြီးလည်းဘာတွေဖြစ်နေမှန်းကိုမသိတော့ဘူးတက်မရှိတော့တဲ့လှေငယ်တစ်စင်းလိုပဲ ဦးတည်ချက်မဲ့စွာနဲ့ ပဲ လှိုင်းလုံးတွေကြားမှာ ၀ဲလည်လည်ဖြစ်နေပြီ အလုပ်ထဲမှာလဲစိတ်မပါတော့ဘူး ဟိုစိတ်ပူရဒီစိတ်မချရနဲ့ ဘာကိုမှ အလေးမထားနိုင်တော့ဘူးနွယ် ပြီးတော့ ဂုဏ်တွေငွေတွေကိုလည်းစိတ်ကုန်လာပြီနွယ် ကိုယ့်မှာတိုက်တစ်လုံးကားတစ်စီးရှိတာပဲ အဆင့်အတန်းမြင့်မြင့်ကြီးမဟုတ်တောင် လူလူသူသူကတော့နေနိုင်ပါတယ် ဒါပေမဲ့ဘာလုပ်မှာလဲ ဘ၀မှာဒါတွေကလိုပါတယ် ဒါပေမဲ့သူတို့တွေက ဘာမှလုပ်မပေးနိုင်ဘူး ကိုယ့်သားလေးတွေသမီးလေးတွေကိုသူများတွေနဲ့ပစ်ထားပြီးစီးပွားရှာနေတော့ရော ဘာလုပ်မှာလဲ အရာရာပြည့်စုံနေပေမဲ့ မေတ္တာ ကရုနာတွေသာကင်းမဲ့နေမယ်ဆိုရင် ဘာမှမပိုင်ဆိုင်ရသလိုပဲ ကိုယ်လိုချင်တဲ့မိသားစုဘ၀က တစ်ရောက်တစ်နေရာစီမှာနေရင်းငွေအတွက်နဲ့ ဘ၀တွေကို ရင်းနှီးမြုပ်နှံလိုက်ရလိုမျိုးမဟုတ်ဘူးနွယ် ငွေက ကိုယ်တို့ဘ၀တွေကို ပိုင်စိုးမခံနိုင်ဘူး ပျော်ပျော်ပါးပါးနဲ့ တစ်ယောက်ကိုတစ်ယောက်ကူညီဖေးမှရင်း ရှေ့ဆက်လျှောက်သွားချင်တာ ပစ္စည်းဥစ္စာတွေပြည့်စုံပေမဲ့ နွယ်မရှိတော့ အရာရာ မရှိတော့သလိုပဲ ကိုယ့်ဘ၀အတွက်အရာရာ ဟာ အဓိပ္ပာယ်မဲ့နေတယ် စိမ်းလန်းစိုပြည်မှုတွေမရှိဘူး ခြောက်ပေပတ်လည်ရှိတဲ့ ဒီကုတင်ကြီးပေါ်မှာ သားနဲ့သမီးကိုဘေးမှာသိပ်ရင်း နွယ်မရှိတော့တဲ့ကိုယ့်ရဲ့ညတွေဟာ သိပ်ချောက်ချားစရာကောင်းတယ်နွယ်တစ်ထောင့်တစ်ညပုံပြင်တွေလည်းကိုယ်တစ်ယောက်တည်းပဲပြောပြနေရတယ် နွယ် ဒီလောက်စောစောကြီး ကိုယ့်ကိုခွဲသွားလိမ့်မယ်လို့မထင်ခဲ့မိဘူး ထင်မှတ်မထားတာတွေဖြစ်လာတော့လည်းခံနိုင်ရည်တွေအရည်ပျော်နေပြီနွယ်ရယ် ငါဟာယောင်္ကျားပဲလို့ စိတ်တင်းပေမဲ့ တစ်ချို့ရက်တွေမှာ ငိုမိသေးတယ်နွယ် အသံတော့ မထွက်ပါဘူး သမီးလေးသိသွားရင်မကောင်းဘူးလေ ကိုယ်ကသားလေးနဲ့သမီးလေးရှေ့မှာရဲရဲ ၀ံ့ ၀ံ့နဲ့ အခက် အခဲတွေကိုရင်ဆိုင်ပြချင်တာ ခုလိုကိုယ် ငိုနေတာတွေ့လို့သမီးလေးစိတ်အားငယ်သွားရင်ဘယ်လိုလုပ်မလဲ အဆုံးသတ်တွေစောခဲ့တာကိုတော့ယူကြုံးမရဖြစ်မိတယ်နွယ်ရယ် ကိုယ်တို့နှစ်ယောက်အားခဲထားတဲ့အလှူပွဲကြီးပြီးအောင်တောင်နွယ်ကရှိနေမပေးတော့ဘူး နောက်နှစ်နှစ်လောက်ဆိုရင်သားလေးလဲသင်္ကန်းနိုင်နေပြီဟာကို အလှူပွဲကျရင်သားလေးက မောင်ရင်လောင်းအဖြစ်နဲ့ထမ်းစင်ပေါ်ကစီး ကိုယ်ကသပိတ်လွယ် နွယ်ကသင်္ကန်းပန်းရွက်ရင်းနဲ့ တစ်ယောက်လက်ကိုတစ်ယောက်ချိတ်ရင်း လောကမှာငါတို့လောက်ဘယ်သူပျော်မလဲဆိုပြီး စိန်ခေါ်ရင်းခန့်ခန့်ကြီးနဲ့လမ်းလျှောက်ရမှာဘယ်လောက်တောင်ပျော်စ၇ာကောင်းလိုက်မလဲနွယ်ရယ် သားလေးကိုသင်္ကန်းစီးပေးပြီးရင် နွယ်နဲ့က ဆွမ်းအုပ်ကြီးကိုပွေ့ရင်း ရွာဦးကျောင်းကိုသွား ဟိုရောက်တော့ကိုယ်တို့ရဲ့ကိုရင်လေးက ဒကာကြီးနဲ့ဒကာမကြီးကိုခေါ် ကိုယ်တို့က ဘရားလို့ထူးရင်း ကန်တော့ကြနဲ့ လောကစီးစိမ်တွေချည်းပဲနွယ်ရယ်ကိုယ်လိုချင်တာ အဲဒါတွေပဲနွယ် မိသားစုနဲ့ပျော်ရွှင်ရတဲ့ အချိန် ကြည်နူးရတဲ့အချိန်တွေကိုကိုယ် မြတ်နိုးတာ လိုချင်တာ ဂုဏ်တွေငွေတွေဆိုတာ ဒါမျိုးတွေဘယ်တော့မှမပေးနိုင်ဘူး နောင်ဘ၀ဆိုတာသာရှိခဲ့ရင်လေ နွယ်နဲ့အတူဆုံနိုင်ခွင့်ကိုမက်မောမိသေးတယ်နွယ် အဲဒီအခါကျရင်တစ်ယောက်ကိုတစ်ယောက်နားလည်ပေးရင်း တိုင်ပင်ရင်း ကူညီရင်းဖေးမရင်းနဲ့ ကိုယ်တို့လိုချင်တဲ့မိသားစုဘ၀လေးကိုတည်ဆောက်ကြရအောင်နော် နွယ် ဘယ်သူကမှ စပြီးခွဲမသွားကြေး ဒါပဲနော်နွယ် နွယ်ရောနားထောင်နေလား နွယ့်ကိုစကားတွေအများကြီးပြောချင်ပေမဲ့ ဒီနေ့ညတော့ကိုယ်စောစောအိပ်လိုက်တော့မယ်နွယ် မနက်ကျရင်သမီးလေးနဲပကျောင်းကိုလိုက်သွားရဦးမယ်လေ စုံညီပွဲတော်ကို နွယ်မပါပဲမစုံမညီနဲ့တော့မသွားချင်ပါဘူးနွယ်ရယ် ဒါပေမဲ့သမီးလေးကလည်း မစုံမညီနဲ့သွားချင်မှာမဟုတ်ဘူးနွယ် နောက်နေ့မှနွယ်နဲ့စကားတွေဆက်ပြောကြမယကိုယ်အိပ်ပြီနော်နွယ်
Pages
ကြိုက်ရင်ကြိုက်သလိုကြိုက်သလောက်ဖတ်
WELCOME

အချိန်ကုန်ခံပြီးဖတ်.ရှုပေးခြင်းအတွက် ကျေးဇူးတင်ပါသည်
Saturday, August 25, 2012
နုတ်ဆက်ထားသောမနက်ဖန်
ဒီနေ့ညနေကျောင်းဆင်းချိန်မှာ ကျွန်တော်တို့အတန်းသူအတန်းသားတွေအားလုံးမျက်နှာတွေစူပုပ်ပြီးပွစိပွစိဖြစ်နေကြတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အတန်းပိုင်ဆရာမက 15 မိနစ်အချိန်ပိုယူလို့ပဲဖြစ်ပါတယ် ဆရာမကပြောဖူးတယ် 1 မိနစ်အချိန်ပိုယူပြီးသင်လည်းအချိန်ခိုးတာပဲ 2မိနစ်အချိန်ပိုသင်လည်းအချိန်ခိုးတာပဲတဲ့ ခုတော့ရောဘာဖြစ်လို့15 မိနစ် အချိန်ပိုယူလဲဆိုပြီးကျွန်တော်တို့တတွေမကျေမနပ်ဖြစ်နေကြတာပါ ထုံးစံအတိုင်း ကျွန်တော်တို့ဆိုတာက အချိန်နောက်ကျမှဝင်တဲ့ဆရာဆရာမကိုသာချစ်တာ အချိန်နောက်ကျမှဆင်းပေးတဲ့ ဆရာ ဆရာမတွေကိုတော့အားနာနာနဲ့မေတ္တာပို့ကြတာပဲ ဒါလည်းကျွန်တော်တို့ကျောင်းသူကျောင်းသားတိုင်းရဲ့ဓလေ့တစ်ခုမဟုတ်ပါလား ဆရာမကတော့ပြောပါတယ် ဒီအချိန်ပို15 မိနစ်မှာစာမသင်ပါဘူးတဲ့ ပုံပြင်တစ်ပုဒ်ပြောပြမယ်လို့ပြောပါတယ် တော်သေးတာပေါ့ဆိုပြီးနည်းနည်းစိတ်ပြေသွားကြတယ် ပြီးတော့ဆရာမကပုံပြင်စပြီးပြောပါတော့တယ်
"ဟိုး ရှေးရှေးတုန်းက လယ်သမားသားအဖနှစ်ယောက်ရှိသတဲ့ လယ်ယာတွေထွန်ယှက်စိုက်ပျိုးရင်းကျွဲတွေနွားတွေကို စောင့်ရှောက်ရင်းနဲ့ သူတို့ရဲ့လယ်စောင့်တဲလေးမှာနေထိုင်ကြသတဲ့ လယ်ယာတွေထွန်ယှက်စိုက်ပျိုးလို့ ကောက်ပင်တွေရိတ်သိမ်းလို့လည်းပြီးချိန် တဖြည်းဖြည်းနဲ့နွေဦးပေါက်ရာသီကိုရောက်လာခဲ့ပြီပေါ့ကွယ်ပတ်ဝန်းကျင်တခွင်လုံးမှာလည်း မြုပေါက်မြူဆိုင်းတွေနဲ့မှိုင်းနေပြီပေါ့ ဒီချိန်ဆိုရင် ကျေးငှက်သာရကာတို့လည်း အသိုက်လုပ်ကြ ဥဥကြနဲ့ တကျီကျီတကြာကြာနဲ့ပတ်ဝန်းကျင်တစ်ခုလုံးဆူညံနေပြီပေါ့ လယ်သမားကြီးရဲ့သားငယ်လေးဟာလည်း သူ့ရဲ့နွားညီနောင်တစ်ရှည်းကိုကျောင်းရင်းစားကျက်အနီးက သစ်ပင်ရိပ်မှာ အရိပ်ခိုနေလေရဲ့အဲဒီသစ်ပင်ကြီးရဲ့အပေါ်ဘက်ဆီကနေရုတ်တရက်ငှက်ပေါက်ကလေးတွေအော်သံကို ကလေးငယ်လေးကကြားလိုက်တယ်
ကလေးငယ်လည်းသိချင်စိတ်နဲ့တက်ကြည့်မယ်လုပ်သော်လည်း သစ်ပင်ရဲ့ပင်စည်ကအရမ်းကြီးမားပြီးဖြောင့်စင်းနေတာကြောင့် ဘယ်လိုမှတက်မရနိုင်ပဲ အခက်တွေ့တော့တာပေါ့ နောက်ဆုံးတော့သူအဖြေကိုသိသွားခဲ့တယ်အဲဒီသစ်ခေါင်းထဲကငှက်ငယ်တွေဟာကြက်တူရွေးပေါက်ကလေးတွေဆိုတာကိုအစာခွံ့ကျွေးဖို့ဝင်သွားတဲ့ငှက်မကြီးကတဆင့်သိသွားခဲ့တယ် ကလေးတို့ဘာဝ ကြက်တူရွေးပေါက်ကလေးတွေဆိုရင်လိုချင်ကြတယ်မလား စကားပြောသင်ပေးရင်းအစာခွံ့ကျွေးရင်းနဲ့ပျော်ရလို့ ထင်ပါရဲ့ ဒါနဲ့ကလေးငယ်လေးကို လယ်သမားကြီးကိုသွားပြီးပူဆာတယ် လယ်သမားကြီးကလည်းဘယ်လောက်မှပင်ပန်းတဲ့အလုပ်မဟုတ်တာကြောင်း ဖမ်းပေးမယ်လို့ ကတိပေးခဲ့တယ် တစ်ပတ်လောက်ကြာတော့ ကြက်တူရွေးငယ်လေးတွေလည်း အမွှေးအတောင်လေးတွေပေါက်စပြုလာခဲ့ပြီ လယ်သမားသားအဖနှစ်ယောက်လည်းကြက်တူရွေးပေါက်ကလေးတွေဖမ်းဖို့နှစ်ဘက်ဆွဲလွှကြီးကိုပခုံးပေါ်ထမ်းရင်းသစ်ပင်ကြီးဆီကိုလာခဲ့ကြတယ် သစ်ပင်ကြီးကိုလွှနဲ့ဆွဲလှဲပြီး ကြက်တူရွေးပေါက်ကလေးတွေကိုအသာအယာ ဖမ်းယူသွားမယ်ပေါ့ သစ်ပင်ကြီးနားလည်းရောက်ရော လယ်သမားကြီးကသစ်ပင်ကြီးကိုလှည့်ပတ်ကြည့်လိုက်တယ် ပင်စည်ကတော်တော်ကြီးနေတာနဲ့ လယ်သမားကြီးလည်းပျင်းရိသွားခဲ့တယ် မနက်ဖန်မှ လာဖမ်းကြတာပေါ့ကွာဆိုပြီးပြန်သွားကြတယ် အဲဒီအချိန်မှာတုန်လှုပ်ခြောက်ခြားနေသူတွေကတော့ကြက်တူရွေးပေါက်ကလေးတွေပဲဖြစ်ပါတယ်ဒီသစ်ပင်ကြီးကိုသာလှဲလိုက်မယ်ဆိုရင်အခန့်မသင့်ပါက သေတောင်သေသွားနိုင်တယ်မလား ဒါကြောင့်သူတို့ရဲ့မေမေကြက်တူရွေးမကြီးကို အလောတကြီး အပျံသင်ခိုင်းနေကြတယ် ကြက်တူရွေးမကြီးကလည်း သားငယ်သမီးငယ်တွေအတွက်စိုးထိတ်နေတယ်ခုချိန်မှာဘာတစ်ခုမှအကာအကွယ်မပေးနိုင်သေးဘူးလေ အပျံသင်ပေးဖို့ဆိုတာလည်း အမွှေးအတောင်လေးတွေက လိုသလောက်မှ မသန်မာသေးတာ လယ်သမားသားအဖရောက်လာတော့ ကြက်တူရွေးမကြီးမှာ ရတက်မအေးနိုင်ရှာခဲ့ဘူး နောက်ဆုံးတော့ ကြက်တူရွေးမကြီး ပျော်ရွှင်သွားခဲ့တယ် ဘာကြောင့်လဲဆိုတော့ မနက်ဖန်မှဆိုတဲ့စကားတစ်ခွန်းကြောင့်ပါပဲ ဒီစကားတစ်ခွန်းနဲ့တင် ကြက်တူရွေးမကြီးမှာသားငယ်သမီးငယ်တွေ အတွက်စိတ်ချသွားခဲ့ပါတော့တယ် နောက်တစ်နေ့ရောက်တော့ ကြက်တူရွေးငယ်လေးတွေစိုးထိတ်နေတဲ့ အတိုင်းလယ်သမား သားအဖထပ်မံရောက်လာပြန်တယ်ဒီတစ်ခေါက်မှာတော့ ငှက်မကြီးဟာစိတ်ချလက်ချနဲ့ ကိုအစာရှာထွက်သွားပါတော့တယ် လယ်သမားကြီးရဲ့နုတ်ဖျားမှ မနက်ဖန်မှဆိုတဲ့ စကားတစ်ခွန်းကြားလိုက်ရပြန်ပါတယ် ငှက်မကြီးယုံကြည်ထားသလိုဒီနေ့လည်းသစ်ပင်ကြီးကိုမလှဲမိပြန်ပါဘူး ဒီလိုနဲ့နောက်တစ်နေ့နောက်တစ်နေ့နဲ့လယ်သမားသားအဖနှစ်ယောက် အလုပ်မစမိကြပါဘူး ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့စိတ်ထဲမှာမနက်ဖန်မှလုပ်ရင်လည်းရတာပဲဆိုတဲ့ ယုံကြည်ချက်ကိန်းအောင်းနေလို့ပဲဖြစ်ပါတယ် ငှက်ငယ်တွေဟာ အမွှေးအတောင်တွေပေါက်ပြီးဟိုးအဝေးကြီးကိုပျံတက်သွားနိုင်တယ်ဆိုတာကိုသူတို့မေ့နေခဲ့ကြတယ် သူတို့သွားကြည့်တဲ့အချိန်တိုင်းငှက်ငယ်လေးတွေဟာသူတို့အတွက်ရှိနေဦးမယ်လို့သူတို့ထင်နေကြတယ် အပီအပြင်ဖမ်းမယ်ဆိုပြီးဆုံးဖြတ်ခဲ့တဲ့နေ့မှာလည်း သူတို့သားအဖနှစ်ယောက် အလုပ်မစဖြစ်ကြပါဘူး ဒီတစ်ကြိမ်မှာတော့ အလုပ်မစဖြစ်တာမဟုတ်ပါဘူး အလုပ်မစနိုင်တော့တာပါ သစ်ခေါင်းထဲကငှက်ငယ်လေးတွေဟာ ဝေဟင်မှာပျံဝဲရင်းသူတို့သားအဖနှစ်ယောက်ကိုလှောင်ရီနေကြတယ် ပြီးတော့ ဟိုး အဝေးကြီးကိုပျံတက်သွားကြသတဲ့ ပုံပြင်လေးကတော့ဒါပါပဲ မင်းတို့လည်းမနက်ဖန်မှလုပ်မယ်ဆိုပြီး အချိန်ဆွဲမထားကြနဲ့ မင်းတို့ရဲ့ပန်းတိုင်တွေ၊ အခွင့်အရေးတွေကလည်းငှက်ငယ်တွေလိုပဲ အမိအရ မဖမ်းဆုပ်နိုင်လိုက်ရင် ဟိုးး အဝေးကြီးကိုပျံတက်သွားနိုင်တယ် အဲဒီတော့ မင်းတို့ရဲ့ ရည်မှန်းချက်တွေကိုမြင့်မြင့်ထားပါ မျှော်လင့်ချက်တွေကိုရိုက်ချိုးဖို့ပြောတာတော့မဟုတ်ဘူး ဒါပေမဲ့ မနက်ဖန်တွေကိုတော့မင်းတို့တွေအပြီးအပိုင်နုတ်ဆက်လိုက်ကြတော့ မနေ့အချိန်တွေပြန်ခေါ်လို့မရသလို မနက်ဖန်ဟာလည်းမသေချာဘူး ဒီနေ့သာဘ၀ဖြစ်တယ် ဘယ်သူ့ရဲ့မနက်ဖန်မှမသေချာဘူး လယ်သမားသားအဖရဲ့မနက်ဖန်ဟာလည်းမသေချာဘူး ဆရာမရဲ့မနက်ဖန်လည်းမသေချာဘူး ဘယ်သူ့ရဲ့မနက်ဖန်မှမသေချာဘူး ဒါကြောင့်မင်းတို့ရဲ့ ရင်ထဲ ဦးနှောက်ထဲမှာ မနက်ဖန်ဆိုတာကြီးကိုအခုပဲလက်ပြနုတ်ဆက်လိုက်ကြပါ မင်းတို့ရဲ့မနက်ဖန်တွေကိုခင်တွယ်မနေပါနဲ့ ဒီနေ့ကိုပဲမြတ်နိုးကြပါ ဒီနေ့မှာပဲအလုပ်စလုပ်ပါ ဒီနေ့မှာပဲအကောင်းဆုံးဖြစ်အောင်ကြိုးစားကြပါ ကဲဆင်းလို့ရပါပြီ
(မင်္ဂလာပါဆရာမ ကျေးဇူးတင်ပါတယ်ဆရာမ)
အဲဒီတော့မှာ ကျွန်တော်တို့ဆရာမကိုနားလည်လိုက်ကြတယ် ဒီပုံပြင်အကြောင်းကိုမနက်ဖန်မှမပြောချင်လို့ မနက်ဖန်ဆိုရင်မပြောဖြစ်မှာစိုလို့ အချိန်ပိုယူတယ်ဆိုတာကို ကျွန်တော်တို့နားလည်လိုက်ကြတယ်

Friday, August 24, 2012
ကမ်းလက်များ
'ငါအောင်မြင်တဲ့အချိန်ဂုဏ်ပြုတတ်တဲ့လက်တစ်စုံကိုကျေးဇူးတင်ပါတယ် ငါကျရှုံးခိုက်လက်တွဲခေါ်ယူတတ်တဲ့ကမ်းလက်တစ်စုံကိုတော့ငါပိုပြီးတော့တန်ဘိုးထားမြတ်နိုးမိတယ်'
ဒီနေ့ကျွန်တော်အရမ်းပျော်ခဲ့ရတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ရှိနေတဲ့(ကျင်လည်နေတဲ့)ပတ်ဝန်းကျင်းကလူတွေကကျွန်တော့်ကိုအသိအမှတ်ပြုပေးကြလို့ပါ ပြီးတော့ကျွန်တော့်မှာအောင်မြင်မှုတစ်ခုကိုဒီနေ့ပိုင်ဆိုင်ခဲ့တယ် တခြားတော့မဟုတ်ပါဘူး အတန်းထဲမှာကျွန်တော့စာစီစာကုံးကိုအကောင်းဆုံးအဖြစ်ရွေးချယ်ခံခဲ့ရလို့ပါအတန်းပိုင်းပိုင်ဆရာမနဲ့တခြားအတန်းသူအတန်းသားတွေက၀ိုင်းပြီးလက်ခုပ်တီးပေးခဲ့တယ်ကျွန်တော်ကောင်းကောင်းမကြားခဲ့ရပေမဲ့သေချာပါတယ်သူတို့တွေရဲ့အပြုအမူတွေကိုမြင်ရုံနဲ့တကယ့်မေတ္တာစစ်မေတ္တာမှန်နဲ့ဂုဏ်ပြုတယ်ဆိုတာကျွန်တော်သိခဲ့ရတယ်လူတွေကညံ့တဲ့သူတွေဆိုရင်စာရင်းမသွင်းချင်ကြဘူးမဟုတ်လားအဲဒီလိုနဲ့သူတို့ရဲ့မှုန်ဝါးဝါးအိပ်မက်လေးတွေကိုရိုက်ချိုးပစ်တတ်ကြတယ်အသိအမှတ်မပြုပေးကြဘူးလေဒါဟာလည်းကျွန်တော့အတွက်ပထမဆုံးအသိအမှတ်ပြုခံရမှုပါအောင်မြင်မှုပါတခြားသူတွေအတွက်တော့အတန်းထဲမှာပထမရတာဟာဘာမှထူးဆန်းချင်မှထူးဆန်းမှာပါ ကျွန်တော့အတွက်တော့အဲဒီအားပေးမှုတွေအသိအမှတ်ပြုမှုတွေကတော့တန်ဘိုးဖြတ်လို့မရပါဘူးအတန်းထဲမှာအသက်အကြီးဆုံးမို့ပထမပေးခဲ့တာလားမသိရပေမဲ့ပျော်လွန်းလို့မျက်ရည်တွေတောင်ကျမိသေးတယ်ကျွန်တော်တို့ကိုရေးခိုင်းတဲ့စာစီစာကုံးက အပျော်ဆုံးနေ့ တဲ့ တခြားသူတွေကတော့ရေးလို့ကောင်းတဲ့ခေါင်းစဉ်မို့တဲ့ပျော်နေကြတယ် ကျွန်တော့အတွက်တော့တကယ်ခက်ခဲပါတယ်ကျွန်တော့်ဘ၀မှာပျော်ရတဲ့နေရက်တွေဆိုတာအရမ်းကိုရှားပါးခဲ့လို့ပါပဲသူငယ်ချင်းတစ်ယောက်ရေးတာကသူ့ရဲ့အပျော်ဆုံးနေ့ဟာ သူ့အဖေနာရီပေါင်တဲ့နေ့တဲ့လေ အဲဒီနေ့တုန်းကနာရီပေါင်လို့ရတဲ့ပိုက်ဆံနဲ့ခေါက်ဆွဲကြော်တွေဝယ်စားကြတာတဲ့ မိသားစုစုံစုံလင်လင်နဲ့ဝိုင်းဖွဲ့ပြီးစားရလို့အဲဒီနေ့ကတော်တော်ပျော်ခဲ့တဲ့အကြောင်း ထမင်းဝိုင်းမှာသူ့အကိုအကြီးဆုံးကသူ့ကောင်မလေးချောချောလှလှလေးအကြောင်း သူ့အဖေကအလုပ်ထဲကရယ်စရာမောစရာတွေပြော သူ့အမေကရပ်ကွက်ထဲကိုပြောင်းလာစအိမ်နှီးချင်းသစ်တွေအကြောင်းပြောကြရင်းရယ်ကြရင်းမောကြရင်းနဲ့ အဲဒီနေ့ကတော်တော်ပျော်ခဲ့ရတဲ့အကြောင်းတွေရေးထားတာပါကျွန်တော့်အဖေမှာတော့ ပေါင်စရာနာရီလည်းမရှိပါဘူးမိသားစုထမင်းဝိုင်းရဲ့ပျော်ရွှင်မှုကိုလည်းကျွန်တော်ခုထိမခံစားဖူးသေးပါဘူးအဲဒီတော့အပျော်ဆုံးနေ့အတွက်အကြောင်းအရာတွေကကျွန်တော့်အတွက်ဘာမှကိုမရှိခဲ့ပါဘူးရှားရှားပါးပါးထဲကမှ ကျွန်တော်ရေးခဲ့တဲ့အကြောင်းကအက္ခရာတွေအကြောင်းစသိတဲ့နေ့လို့ရေးခဲ့တာသိပ်တော့မခမ်းနားပေမဲ့ကျွန်တော့်အတွက်အဲဒီနေ့ကပဲအပျော်ဆုံးနြေ့ဖစ်မှာပါဘာကြောင့်ပထမရမှန်းတော့မသိပါဘူးကျွန်တော့်စာစီစာကုံးထဲမှာဘာကြောင့်အက္ခရာတွေနဲ့ရင်းနှီးခွင့်ရတုန်းကပျော်ခဲရတဲ့အကြောင်းကျွန်တော့်ဆန္ဓတွေကိုဖော်ပြခွင့်ရပြီဖြစ်လို့၊ပတ်ဝန်းကျင်နဲ့ကျွန်တော် ဒီအက္ခရာတွေကိုအသုံးပြုရင်းကူးလူးဆက်ဆံခွင့်ရတော့မှာဖြစ်လို့ပျော်တဲ့အကြောင်းအနည်းဆုံးတော့ခြေဟန်လက်ဟန်တွေကိုမမြင်ရတော့မဲ့အကြောင်းအရာရာတိုင်းကိုအက္ခရာတွေနဲ့ဖော်ပြနိုင်လို့အရာရာတိုင်းကိုအက္ခရာတွေကတဆင့်လေ့လာခွင့်ရတော့မှာဖြစ်လို့ဘယ်သူကမှစိတ်ရှည်လက်ရှည်မရှင်းပြရင်လည်းတစ်ယောက်တည်းကြိုးစားနိုင်ကြောင်းအက္ခရာတွေကပဲ ဘာမှမသိတဲ့သုညဘ၀ကဆွဲတင်ခဲ့တာကြောင့်အက္ခရာတွေနဲ့ရင်းနှီးခွင့်ရတဲ့နေ့ကကျွန်တော့်အပျော်ဆုံးနေ့ဖြစ်ကြောင်း ဘာညာသာရကာလျှောက်ရေးခဲ့တာပါ
အော်...မေ့နေလိုက်တာ ကိုယ်ကိုယ်ကိုတောင်မိတ်မဆက်ပေးရသေးဘူး စိတ်ဝင်စားစရာတော့မကောင်းပါဘူးအသက်က ၁၈နှစ်
ပဉ္စမတန်း ဒါပါပဲတခြားထွေထွေထူးထူးတော့မရှိပါဘူး အသက် ၁၈နှစ်မှာ ၅တန်းဆိုတာတော့သိပ်မနှိပ်ဘူးပေါ့ ဒါကကျွန်တော့ရဲ့ အားနည်းချက်တွေကြောင့်ပါကျွန်တော်ကဘာမှလည်းပြန်မပြောဘူး ဘယ်သူပြောတာကိုမှလည်းကရုမစိုက်ဘူး သီးခြားကမ္ဘာတစ်ခုကိုဖန်တီးထားတာကျွန်တော်ကျောင်းစတက်တဲ့နှစ်ကဆိုရင် တစ်နှစ်လုံးမှ 'က' ဆိုတာကိုတောင်ကောင်းကောင်းမသိခဲ့ဘူး နောက်နှစ်နှစ်လောက်မှ က ရယ် ခ ရယ် ဂ ရယ် ဒီသုံးလုံးပဲသိတယ်အဲဒီလောက်ဆိုရင်၁၈ နှစ်နဲ့ ၅တန်းဆိုတာမဆန်းတော့ပါဘူးတကယ်တော့ကျွန်တော်ဟာ ဘယ်သူ့စေခိုင်းချက်ကိုမှလည်းမတုံ့ပြန်နိုင်ဘူး ကိုယ်ဖြစ်ချင်တာတွေကိုလည်းမဖော်ထုတ်နိုင်ခဲ့ပါဘူး ကျွန်တော်ဟာ ဆွံ့အနားမကြားသူတစ်ယောက်ပါ ခြေဟန်လက်ဟန်တွေနဲ့ပဲ ကျွန်တော့်စိတ်တွေကိုထိန်းကျောင်းခဲ့ရတယ်အဲဒီအပြုအမူတွေနဲ့ပဲ ပတ်ဝန်းကျင်နဲ့ကျွန်တော်စကားတွေပြောခဲ့ရတယ် မွေးကတည်းကဘာသံမှမကြားရ ဘာမှမပြောတတ်တာဆိုတော့ရှေးဘ၀ရဲ့အကျိုးဆက်တွေလို့ပဲကံကိုပဲယိုးမယ်ဖွဲ့ခဲ့ရတယ်ကျွန်တော်အသံတွေကိုကြားချင်မိတယ်စကားတွေလည်းပြောချင်မိတယ် ကျွန်တော့်အတွက်တော့ပတ်ဝန်းကျင်ကြီးကအမြဲတိတ်ဆိတ်နေပြီးချောက်ချားစရာကြီးပါရင်ဘတ်ထဲကနှလုံးခုန်သံကိုတောင်မကြားရဘူး အသံဆိုတာဘာလည်း ကျွန်တော့်ကိုဖြေရှင်းချက်တွေပေးကြတယ် အရာဝတ္ထုတွေတုန်ခါရင်အသံဖြစ်ပေါ်လာတယ်တဲ့ ဒီလောက်ပါပဲဘယ်သူကမှအသံအကြောင်းကို အဲဒီလောက်စိတ်မ၀င်းစားကြပါဘူး ကျွန်တော့်ကိုဘယ်သူကမှအချိန်ပေးပြီးစိတ်ရှည်လက်ရှည်မရှင်းပြခဲ့ကြဘူးဒါလည်းကျွန်တော်ငယ်ငယ်ကတည်းကပါ ကိုယ်လက်အဂါင်္ီချို့ယွင်းနေသူ အထူးသဖြင့်ပြောဆိုဖြောင့်ဖျလို့မရတဲ့ ကျွန်တော့လိုဆွံ့မနားမကြားသူ ကိုဘယ်သူတွေကအရေးတယူဆက်ဆံချင်ကြမှာလဲလေ၀တ်တရားအရဆက်ဆံတဲ့သူတွေလည်းခဏပဲပေါ့ကျွန်တော်ကလုပ်ရှားလို့ရတဲ့ကျောက်ရုပ်တစ်ရုပ်ဖြစ်နေတာကိုဘယ်သူက အဖော်ပြုပေးနိုင်မှာလည်း စာအုပ်တွေထဲမှာရေးထားတယ် မယ်ဒလင်သံ၊မြေဖြူခဲ့လွတ်ကျသံ၊သီချင်းဆိုသံ၊ခွေးဟောင်သံ၊ အများကြီးအများကြီးပါပဲ အသံတွေကိုဘယ်လောက်တောင်စိတ်ဝင်းစားဖို့ကောင်းလိုက်သလဲ ကျွန်တော်အသံတွေနဲ့ထိတွေ့ခွင့်ရချင်မိတယ်အသံတွေနဲ့စီးမျှောလွင့်ပါသွားလိုက်ချင်တယ်လှုပ်ရှားမှုတွေ၊ ခြေဟန်လက်ဟန်တွေကိုကျွန်တော်တကယ်ပဲစိတ်ကုန်နေပြီကျွန်တော်သာစကားပြောလို့ရခဲ့ရင်ကျွန်တော့်အသံကရောဘယ်လိုဖြစ်မှာလဲ အသံအကြီးကြီးနဲ့အောအောကြီးဖြစ်မှာလား အသံသေးသေးနဲ့ကျစ်ကျစ်လား ကွဲရှရှလားဆိုတာကျွန်တော်သိချင်လိုက်တာဒါပေမဲ့မဖြစ်နိုင်ဘူးလေကျွန်တော့်လိုလူမျိုးကိုဘယ်နေရာမှာသုံးလို့ရမှာလဲ ငယ်ငယ်လေးကတည်းကကျွန်တော်ဟာအပယ်ခံပါ ကျွန်တော်ကိုတစ်ယောက်တည်းလုပ်ချင်ရာလုပ်ဆိုပြီး ပယ်ထားကြတယ်အပေါင်းအသင်မိတ်ဆွေဆိုတာလည်းမရှိပါဘူးဘယ်သူကမှလည်းကျွန်တော့ကိုအသိအမှတ်မပြုပေးခဲ့ကြပါဘူးဘယ်လောက်ပဲအားအင်တွေပြည့်ဝနေတဲ့သူဖြစ်ပါစေ အထီးကျန်ခြင်းကိုတော့သူစိုးထိတ်မှာပါပဲအထီးကျန်ခြင်းမှာဘယ်လောက်တောင်စိတ်ချောက်ချားစရာကောင်းလဲဆိုတာအထီးကျန်ဖူးသူတွေမှာသိမှာ ကျွန်တော်ကတော့အမြဲတမ်းတစ်ယောက်တည်းပါပဲကျွန်တော်ဘယ်လောက်များစိတ်အားငယ်ခဲ့ရသလဲစိတ်ဓာတ်တွေကျခဲ့ရသလဲ အချိန်တိုင်းပါပဲ ရူးသွားမလားလို့တောင် ထင်ခဲ့ရတယ်အချိန်တိုင်းပဲစိုးရွံ့နေခဲ့ရတယ် ခုတော့ဒီလက်ခုပ်သံလေးတွေကကျွန်တော့ အတွက်ပထမဆုံး အသိအမှတ်ပြုပေးမှု အားပေးမှုတွေပါ အဲဒီလက်ခုပ်သံလေးတွေကြောင့် မနေ့ကအိပ်မက်တွေနဲ့ဒီနေ့အိပ်မက်တွေကွာခြားခဲ့ရပြီတကယ်တော့ကျွန်တော်လုပ်နိုင်တာပဲ သူများတွေနဲ့ မတူပေမဲ့ ကျွန်တော်ထိုးထွက်နိုင်တာပဲ ဒါဟာကျွန်တော့်အိပ်မက်ဆိုးတွေကလန့်နိုးစေတဲ့လက်ခုပ်သံလေးတွေပါပဲ ကျွန်တော့ဘ၀မှာအောင်မြင်မှုတစ်ခုကိုပိုင်ဆိုင်သွားပါပြီလုပ်လိုက်တိုင်းအချည်းနည်းချည်းပဲဆိုတဲ့ ကျွန်တော့်ရဲ့အားငယ်စိတ်တွေကိုအဲဒီလက်ခုပ်သံတွေကပဲမြေမြုပ်ပစ်လိုက်ကြတယ်ကျွန်တော် အရင်ကဆိုရင် အောင်မြင်မှုတွေပျော်ရွှင်ခြင်းတွေကို အိပ်မက်တောင်မမက်ခဲ့ဖူးပါဘူး ၀မ်းနည်မှုတွေနဲ့မျက်ရည်တွေကပဲကျွန်တော့အတွက် အဖော်မွန်တွေလို့ပဲ မှတ်ယူခဲ့တာ အခုတော့ကျွန်တော်ရှင်သန်ခြင်းကိုတန်ဘိုးထားတတ်လာပြီကျွန်တော့ရဲ့လုပ်ဆောင်မှုကိုတခြားသူတွေကအသိအမှတ်ပြုပေးတော့ကိုယ်ကိုယ်ကို ယုံကြည်မှုလေးရှိလာခဲ့ပါပြီဒီလက်ခုပ်သံလေးတွေကပဲ ကျွန်တော့ဘ၀ကိုပြောင်းပြန်လှန်ပစ်လိုက်ကြတယ် ကျွန်တော့ရဲ့အားငယ်စိတ်တွေ စိတ်ဓာတ်ကျမှုတွေထဲကလက်ကမ်းပြီးဆွဲတင်လိုက်ကြတယ် ကျွန်တော်ရုန်းထွက်နိုင်မှာပါ ကျွန်တော့ အတွက်ကမ်းပေးတဲ့လက်တွေကတစ်ဆင့်အား အင်တွေရရှိခဲ့လို့ပါပဲ

ငှက်ငယ်
ရှိသမျှအားအင်နဲ့
ခရီးနှင်ဖို့ထွက်လာခဲ့ပြီ
ဟိုး ကောင်ကင်ကြီးဆီကို
အရောက်သွားမလို့ပါ
အထီးကျန်ဆန်ခြင်းတွေက
သွေးပျက်လောက်ပေမဲ့
ကိုယ်ပိုင်ဆုံးဖြတ်ချက်
ကိုယ်ပိုင်အိပ်မက်တွေကတော့
တကယ်ချိုမြိန်ပါတယ်
ယုံကြည်ကိုးစားသူတွေရှေ့မှောက်
...
ဒူးမထောက်လက်မမြောက်ပဲ
ကြိုးစားချင်ပေမဲ့
တစ်ခါတစ်ခါတော့လည်း
ငါ့ကိုငါ မယုံသင်္ကာနဲ့
ဒါပေမဲ့
ငါ့မှာမျှော်လင့်ချက်တစ်စုံနဲ့
အတောင်ပံတစ်စုံရှိပါတယ်
ပန်းတိုင်ကိုရောက်ဖို့
လေဟုန်ကိုခွင်း
ချင်းချင်းတောက်တဲ့သတ္တိတွေမွေးရင်း
ဟူး.....
ဒုက္ခတွေနဲ့စစ်ခင်းရဦးမယ်
ခရီးနှင်ဖို့ထွက်လာခဲ့ပြီ
ဟိုး ကောင်ကင်ကြီးဆီကို
အရောက်သွားမလို့ပါ
အထီးကျန်ဆန်ခြင်းတွေက
သွေးပျက်လောက်ပေမဲ့
ကိုယ်ပိုင်ဆုံးဖြတ်ချက်
ကိုယ်ပိုင်အိပ်မက်တွေကတော့
တကယ်ချိုမြိန်ပါတယ်
ယုံကြည်ကိုးစားသူတွေရှေ့မှောက်
...
ဒူးမထောက်လက်မမြောက်ပဲ
ကြိုးစားချင်ပေမဲ့
တစ်ခါတစ်ခါတော့လည်း
ငါ့ကိုငါ မယုံသင်္ကာနဲ့
ဒါပေမဲ့
ငါ့မှာမျှော်လင့်ချက်တစ်စုံနဲ့
အတောင်ပံတစ်စုံရှိပါတယ်
ပန်းတိုင်ကိုရောက်ဖို့
လေဟုန်ကိုခွင်း
ချင်းချင်းတောက်တဲ့သတ္တိတွေမွေးရင်း
ဟူး.....
ဒုက္ခတွေနဲ့စစ်ခင်းရဦးမယ်
အရှုံးသမား
အချစ်နဲ့ပတ်သက်ရင်
နွံနစ်တတ်တဲ့
ချည့်နဲ့နဲ့နှလုံးသားကြောင့်
နင့်မာယာတွေထဲက
ရုန်းမထွက်နိုင်ခဲ့ပါဘူး
ယုံကြည်ကိုးစားမှုတွေရှေ့မှောက်
ကျပျောက်ခဲ့ရတဲ့
သစ္စာတရားတွေအတွက်
ရင်ခုန်သံတွေတန်ဘိုးမဲ့ခဲ့ရပြီ
မပီပြင်သေးတဲ့အိပ်မက်တွေလည်း
နင့်လှည့်ကွက်တွေကြား
ဝိုးတ၀ါးနဲ့ပျက်ပျယ်ခဲ့ရပေါ့
ခေတ်ရေစီးကြောင်းကိုယိုးမယ်ဖွဲ့ရင်း
နင်ထည်လဲတွဲတဲ့စာရင်းထဲမှာ
ငါပါဝင်ခဲ့မိတာ
တကယ်ရင်နာတယ်
တမင်တကာဖန်လာတဲ့
ဒီကံကြမ္မာဆိုးတွေနဲ့
လမိုက်တဲ့ညနက်လယ်မှာတေလေလုပ်ရင်း
သီချင်းစပ်ကဗျာတွေရေး
အတွေးထဲနင်ဝင်လာရင်တော့
ဟင်း...
ငါ့စာသားတွေကြေကွဲရဦးမယ်
နွံနစ်တတ်တဲ့
ချည့်နဲ့နဲ့နှလုံးသားကြောင့်
နင့်မာယာတွေထဲက
ရုန်းမထွက်နိုင်ခဲ့ပါဘူး
ယုံကြည်ကိုးစားမှုတွေရှေ့မှောက်
ကျပျောက်ခဲ့ရတဲ့
သစ္စာတရားတွေအတွက်
ရင်ခုန်သံတွေတန်ဘိုးမဲ့ခဲ့ရပြီ
မပီပြင်သေးတဲ့အိပ်မက်တွေလည်း
နင့်လှည့်ကွက်တွေကြား
ဝိုးတ၀ါးနဲ့ပျက်ပျယ်ခဲ့ရပေါ့
ခေတ်ရေစီးကြောင်းကိုယိုးမယ်ဖွဲ့ရင်း
နင်ထည်လဲတွဲတဲ့စာရင်းထဲမှာ
ငါပါဝင်ခဲ့မိတာ
တကယ်ရင်နာတယ်
တမင်တကာဖန်လာတဲ့
ဒီကံကြမ္မာဆိုးတွေနဲ့
လမိုက်တဲ့ညနက်လယ်မှာတေလေလုပ်ရင်း
သီချင်းစပ်ကဗျာတွေရေး
အတွေးထဲနင်ဝင်လာရင်တော့
ဟင်း...
ငါ့စာသားတွေကြေကွဲရဦးမယ်
Subscribe to:
Posts (Atom)