နင့်ကိုမြင်ရင်
ဆောက်တည်ရာမရ
နင့်အကြည့်မှာဒူးထောက်
နင့်အပြုံးမှာယစ်မူး
နင်ပြောတိုင်းအဟုတ်ထင်
နင်ခိုင်းတာလုပ်
နင်ထားရာနေ
နင်စေရာသွား
နင်လိုရင်အမြဲရှိ
နင်ထားခဲ့ရင်နေရစ်
နင်ငိုရင်နှစ်သိမ့်
နင်ဝမ်းနည်းရင်ဖြောင့်ဖြ
နင့်အပြုံးတွေဖန်ဆင်း
နင့်အချစ်တွေတောင်းခဲ့သူ ငါ
တစ်ချက်သတိပေးမယ်
နင်မုန်းရင်တော့
သေဆုံးသွားရလိမ့်မယ်နော်
No comments:
Post a Comment