ကြိုက်ရင်ကြိုက်သလိုကြိုက်သလောက်ဖတ်

WELCOME

WELCOME
အချိန်ကုန်ခံပြီးဖတ်.ရှုပေးခြင်းအတွက် ကျေးဇူးတင်ပါသည်

Friday, May 4, 2012

စာနာပေးပါလား



နွေဦးမှာ


လေရူးရဲ့တိုက်ခတ်မှုကြောင့်


ရွက်ဝါလေးတွေမြေခရရှာတယ်


တောအလယ်


တောင်အထပ်ထပ်


မလပ်တန်းလွမ်းတေးကိုဆို


ထိုထိုသောပစ်ခွာပြေးသူသို့



ငှက်ရွှေဥသြရဲ့တွေ့ချင်စိတ်


ကိုယ်ချင်းစာမိပါရဲ့


ချစ်သူ


မင်းမရှိရင် အနေခက်


နေ၀င်နေထွက်တိုင်းမှာ



မှိုင်းညို့စွာလွမ်းနေရမှာမို့


ကမ်းခြေမဲ့တဲ့


အချစ်ပင်လယ်ထဲ


နက်နဲခက်ထန်စွာ


ငါ.. နစ်မွန်းပါရစေဦး


အပြစ်အစွန်းတွေအတွက်


နုတ်ဆက်ပါတယ်ဆိုတဲ့စကား


မကြားချင်သေးပါဘူး


ငါ


ဥသြငှက်လိုတေးမဆိုတတ်သေးလို့ပါနော်

No comments:

Post a Comment