1. မနက်မိုးလင်းလင်းခြင်း မင်းအကြောင်းတွေးမယ်
2. အဲဒါပြီးရင် မင်းကိုသတိရမယ်
3. အဲဒါပြီးရင်မင်းကိုလွမ်းမယ်
4. အဲဒါပြီးရင် မင်းကိုသတိရတဲ့အကြောင်းတွေကို ကဗျာမဟုတ်စာမဟုတ်လေးတွေအဖြစ်ချရေးမယ်
5. အဲဒါပြီးရင်မင်းနဲ့တွေ့ဖို့ကြိုးစားမယ်
6. အဲဒါပြီးရင်မင်းရှိတဲ့ဆီကိုဘယ်လိုနည်းနဲ့ဖြစ်ဖြစ်ရောက်အောင်လာမယ်
7. အဲဒါပြီးရင် မင်းမျက်နှာလေးကို ခိုးကြည့်မယ် (ဒဲ့မကြည့်ရဲသေး)
8. အဲဒါပြီးရင် မင်းအသံလေးကိုခိုးနားထောင်မယ်
9. အဲဒါပြီးရင် မင်းမျက်နှာလေးကိုငါ့ရဲ့အမြင်အာရုံထဲမှာမှတ်သွားမယ်
10. အဲဒါပြီးရင် မင်းနဲ့တွေခဲ့ရတာတွေကိုတွေရင်းငါပျော်မယ်
11. အဲဒါပြီးရင် မင်းနာမည်ကို တိုးတိုးလေးခေါ်ရင်ငါပြုံးမယ် (ဘယ်သူမှမကြားအောင် )
12. အဲဒါပြီးရင် အိပ်မက်ထဲမှာမင်းနဲ့တွေ့မယ်
13. အဲဒါပြီးရင် မင်းနဲ့ငါ အိပ်မက်ထဲမှာကမ္ဘာသစ်တစ်ခုတည်ဆောက်မယ်
14. အဲဒါပြီးရင် မင်းနဲ့အတူတူငါ့တိုချစ်ကမ္ဘာလေးမှာနေမယ်
15. အဲဒါပြီးရင် မနက်လင်းမယ်
အဲဒါပြီးရင် ..........???????????????
နေပါဦး
အော် ခုမှသတိရတယ်
ငါ ..အသက်ရှူဖို့မေ့ကျန်နေခဲ့တာပါလား.....။ ။
Pages
ကြိုက်ရင်ကြိုက်သလိုကြိုက်သလောက်ဖတ်
WELCOME

အချိန်ကုန်ခံပြီးဖတ်.ရှုပေးခြင်းအတွက် ကျေးဇူးတင်ပါသည်
Thursday, May 10, 2012
အချစ်.....
မခေါ်ဘဲရောက်လာတဲ့ ဧည့်သည်
ငါ့အသည်းနှလုံးကိုတောင်
ခလုတ်တိုက်သွားသေး
အထူးတဆန်း မှတ်လို့
ထကြည့်မိတယ်
ထူးထူးဆန်းဆန်းစကားလုံးတွေသုံးပြီး
ပြောသွားသေးတယ်
သူ့ကိုသူ အချစ်တဲ့....လေ
Antilove software
ငါ့ရင်ကို loading လုပ်လည်း
Error ပဲကျ မှာပေါ့
ငါ့အသည်းမှာကိုက်တဲက virusက
kasper sky နဲ့သတ်လည်း
မရဘူး
ထပ်ခါထပ်ခါ resend လုပ်တယ်
ဒါလည်း Try again တဲ့
restart လုပ်လည်း
result ကတော့
Error ပဲ
စိတ်ညစ်ပါတယ်
Network တွေပြန်ချိတ်လည်း
Error
အော်...မေ့နေလိုက်တာ
ခေါင်း မာတဲကvirus စုတ်ကို
ငါ့ရင်ကနှင်ထုတ်ဖို့
မင်းဆီက
1500တန်
Antilove software ၀ယ်ရဦးမှာပါလား..........
...
Don't care !!!
ဒီမယ်ချစ်သူ
လမ်းခွဲကြမယ်တဲ့လား
မင်းနှလုံးသားကို
ပြီးရင် မင်းရဲ့ဦးနောက်
ပြီးရင် မင်းရဲ့ ရင်ဘတ်ကို
တိုးတိုးလေးကပ်ပြီးမေးလိုက်ပါဦး
လွမ်းရဲရဲ့လားလို့
OK!!!
သေချာပြီဆိုရင်တော့
လွမ်းရဲတယ်ဆိုရင်
လမ်းခွဲကြသေးတာပေါ့
မင်းကမင်းကိုချစ်တဲ့သူတစ်ယောက်
ဆုံးရှုံးသွားတာ
ငါကငါသိပ်ချစ်တဲ့သူတစ်ယောက်ကို
ဆုံးရှုံးရတာ
တူတူပါပဲ
SO !! I DON'T CARE!!!!!!!!!
understand me
ငါ့ပါးစပ်ကချစ်ပါတယ်ချစ်ပါတယ်လို့တဖွဖွပြောမိရင်
ငါ့ကိုရိုးအီမသွားပါနဲ့နင့်ကိုချစ်တဲ့စိတ်တွေငါ့ရင်နဲ့မဆံ့တော့လို့ဖွင့်ပြောမိတာ
နင်ငါ့ကိုနားလည်ပေးပါ
နင်ငါ့ကိုချစ်ပါတယ်ဆိုတဲ့စကားကိုထပ်ကာထပ်ကာပြန်ကြားချင်တဲ့အခါ
ငါ့ကိုစိတ်ပျက်မသွားပါနဲ့နင့်နုတ်ဖျားကငါ့ကိုချစ်တယ်ဆိုတဲ့စကားကိုကြားရတိုင်း
အားအင်တွေပြည့်ဝလာပြီးအရာရာကိုရင်ဆိုင်ကျော်ဖြတ်နိုင်လို့
နင်ငါ့ကိုနားလည်ပေးပါ
နင့်ကိုတွေ့တိုင်းဆွံ့အနေတတ်တဲ့ငါ့ကိုစိတ်မကေုန်ပါနဲ့ နင့်ကိုသတိရစိတ်တွေ ချစ်တဲ့စိတ်တွေပြွတ်သိပ်ရင်းနဲ့
အစဖော်မရတာ
နင်ငါ့ကိုနားလည်ပေးပါ
နင့်နုတ်ခမ်းလေးကိုခဏခဏနမ်းတဲ့အခါငါ့ကိုမငြိုငြင်ပါနဲ့
မတော်တဆနင်ငါ့ကိုထားသွားခဲ့ရင် အဲဒီအနမ်းလေးတွေနဲ့ပဲငါအသက်ဆက်ရမှာမို့
နင်ငါ့ကိုနားလည်ပေးပါ
နင်နဲ့ဆုံရတိုင်းကျစ်ကျစ်ပါအောင်ဖက်ထားတတ်တဲ့ငါ့ကိုစိတ်မကုန်ပါနဲ့
နင်မရှိရင်မဖြစ်တဲ့ငါ့ဘ၀မှာနင့်ကိုဘယ်လိုမှဆုံးရှုံးမခံနိုင်လို့
နင်ငါ့ကိုနားလည်ပေးပါ
ချစ်သူများနေ့ရောက်တိုင်းပန်စည်းလှလှလေးတွေ အရုပ်လှလှလေးတွေမပေးနိုင်တဲ့ငါ့ကိုငြီးငွေ့မသွားပါနဲ့
နင့်ကိုသစ္စာရှိရှိချစ်ပြနိုင်တာကလွဲလို့ ချို့တဲ့တဲ့ငါ့ဘ၀အခြေအနေကို
နင်ငါ့ကိုနားလည်ပေးပါ
လူသူတွေများတဲ့နေရာကိုနင်နဲ့အတူတူတွဲမသွားချင်တာငါ့ကိုတစ်မျိုးမထင်ပါနဲ့
ငါ့ကြောင့်နင့်အသိုင်းအ၀ိုင်း နင့်ဘော်ဒါတွေကြားထဲမှာနင်မျက်နာငယ်ရမှာမို့
နင်ငါ့ကိုနားလည်ပေးပါ
နင်တခြားသူတွေနဲ့ဖော်ဖော်ရွေရွေစကားပြောနေတိုင်းသ၀န်တိုတတ်တဲ့ငါ့ကိုစိတ်မကုန်ပါနဲ့
ငါ့ရင်ထဲမှာလည်းနင်တစ်ယောက်ပဲရှိလို့နင့်ရင်ခွင်ကိုလည်းငါတစ်ယောက်ပဲပိုင်စိုးချင်တယ်
နင်ငါ့ကိုနားလည်ပေးပါ
နင်နဲ့ပတ်သက်တဲ့အကြောင်း နင့်ကိုချစ်တဲ့အကြောင်းဘာမဟုတ်တဲ့ငါက
ဖတ်လို့မကောင်းတဲ့ ကဗျာတွေစာတွေလျှောက်ရေးတဲ့အခါနင်ငါ့ကိုစိတ်မကုန်ပါနဲ့
ငါ့အတွေးထဲ ငါ့ရင်ဘတ်ငါ့အသွေးအသားထဲတိုင်းမှာနင့်အကြောင်းတွေပဲပြည့်နေတာမို့
စကားလုံးတစ်လုံးရေးမိတိုင်းနင့်အကြောင်းပဲဖြစ်ဖြစ်နေတာ
နင်ငါ့ကိုနားလည်ပေးပါ
ငါ့ကိုရိုးအီမသွားပါနဲ့နင့်ကိုချစ်တဲ့စိတ်တွေငါ့ရင်နဲ့မဆံ့တော့လို့ဖွင့်ပြောမိတာ
နင်ငါ့ကိုနားလည်ပေးပါ
နင်ငါ့ကိုချစ်ပါတယ်ဆိုတဲ့စကားကိုထပ်ကာထပ်ကာပြန်ကြားချင်တဲ့အခါ
ငါ့ကိုစိတ်ပျက်မသွားပါနဲ့နင့်နုတ်ဖျားကငါ့ကိုချစ်တယ်ဆိုတဲ့စကားကိုကြားရတိုင်း
အားအင်တွေပြည့်ဝလာပြီးအရာရာကိုရင်ဆိုင်ကျော်ဖြတ်နိုင်လို့
နင်ငါ့ကိုနားလည်ပေးပါ
နင့်ကိုတွေ့တိုင်းဆွံ့အနေတတ်တဲ့ငါ့ကိုစိတ်မကေုန်ပါနဲ့ နင့်ကိုသတိရစိတ်တွေ ချစ်တဲ့စိတ်တွေပြွတ်သိပ်ရင်းနဲ့
အစဖော်မရတာ
နင်ငါ့ကိုနားလည်ပေးပါ
နင့်နုတ်ခမ်းလေးကိုခဏခဏနမ်းတဲ့အခါငါ့ကိုမငြိုငြင်ပါနဲ့
မတော်တဆနင်ငါ့ကိုထားသွားခဲ့ရင် အဲဒီအနမ်းလေးတွေနဲ့ပဲငါအသက်ဆက်ရမှာမို့
နင်ငါ့ကိုနားလည်ပေးပါ
နင်နဲ့ဆုံရတိုင်းကျစ်ကျစ်ပါအောင်ဖက်ထားတတ်တဲ့ငါ့ကိုစိတ်မကုန်ပါနဲ့
နင်မရှိရင်မဖြစ်တဲ့ငါ့ဘ၀မှာနင့်ကိုဘယ်လိုမှဆုံးရှုံးမခံနိုင်လို့
နင်ငါ့ကိုနားလည်ပေးပါ
ချစ်သူများနေ့ရောက်တိုင်းပန်စည်းလှလှလေးတွေ အရုပ်လှလှလေးတွေမပေးနိုင်တဲ့ငါ့ကိုငြီးငွေ့မသွားပါနဲ့
နင့်ကိုသစ္စာရှိရှိချစ်ပြနိုင်တာကလွဲလို့ ချို့တဲ့တဲ့ငါ့ဘ၀အခြေအနေကို
နင်ငါ့ကိုနားလည်ပေးပါ
လူသူတွေများတဲ့နေရာကိုနင်နဲ့အတူတူတွဲမသွားချင်တာငါ့ကိုတစ်မျိုးမထင်ပါနဲ့
ငါ့ကြောင့်နင့်အသိုင်းအ၀ိုင်း နင့်ဘော်ဒါတွေကြားထဲမှာနင်မျက်နာငယ်ရမှာမို့
နင်ငါ့ကိုနားလည်ပေးပါ
နင်တခြားသူတွေနဲ့ဖော်ဖော်ရွေရွေစကားပြောနေတိုင်းသ၀န်တိုတတ်တဲ့ငါ့ကိုစိတ်မကုန်ပါနဲ့
ငါ့ရင်ထဲမှာလည်းနင်တစ်ယောက်ပဲရှိလို့နင့်ရင်ခွင်ကိုလည်းငါတစ်ယောက်ပဲပိုင်စိုးချင်တယ်
နင်ငါ့ကိုနားလည်ပေးပါ
နင်နဲ့ပတ်သက်တဲ့အကြောင်း နင့်ကိုချစ်တဲ့အကြောင်းဘာမဟုတ်တဲ့ငါက
ဖတ်လို့မကောင်းတဲ့ ကဗျာတွေစာတွေလျှောက်ရေးတဲ့အခါနင်ငါ့ကိုစိတ်မကုန်ပါနဲ့
ငါ့အတွေးထဲ ငါ့ရင်ဘတ်ငါ့အသွေးအသားထဲတိုင်းမှာနင့်အကြောင်းတွေပဲပြည့်နေတာမို့
စကားလုံးတစ်လုံးရေးမိတိုင်းနင့်အကြောင်းပဲဖြစ်ဖြစ်နေတာ
နင်ငါ့ကိုနားလည်ပေးပါ
Tuesday, May 8, 2012
ဆုံနိုင်ခွင့်
လွင့်ပါစေတော့လေ
စိတ်ရှိလက်ရှိ
တိမ်တိုက်တစ်ခုရဲ့ရွေ့လျားမှု
ဘယ်လောက်တောင်ဝေးကွာသွားပါစေ
ငါ မလွမ်းမိဘူး
နင်ထွက်သွားမှာတော့
ငါစိုးထိတ်နေမိတယ်
လှပတဲ့မျက်ဝန်းတစ်စုံ
ခဏတာဖြစ်ဖြစ်တော့
ငေးမောခွင့်ပေးပါလား
တစ်ဘ၀စာဆိုရအောင်လည်း
ငါ့မှာပိုင်ဆိုင်တာဆိုလို့
ရင်ခုန်သံခပ်ပြင်းပြင်းပဲရှိတယ်
မင်းမရှိလို့မသေနိုင်ရင်တောင်
သေလောက်အောင်ထိလွမ်းနေမိမှာ
တကယ်ပါချစ်သူ
မုန်းဖို့ချစ်ခဲ့တာမဟုတ်လို့
လမ်းခွဲချိန်အတွက်
ကြိုတင်မပြင်ဆင်ခဲ့မိဘူး
ငါ့အပြစ်တွေပါ
မင်းကိုနုတ်ဆက်ဖို့
လမ်းခွဲတယ်ဆိုတဲ့ဝေါဟာရကို
အဘိဓာန်မှာရှာပြီးကျက်ရဦးမယ်
ခက်ပါတယ်လေ
အလိုက်ကန်းစိုးမသိတဲ့
ဒီရင်ဘတ်နဲ့တော့
မိုးထဲရေထဲမှာတောင်
ဆုံနိင်ခွင့်ကိုတောင်းဆိုနေတုန်း
စိတ်ရှိလက်ရှိ
တိမ်တိုက်တစ်ခုရဲ့ရွေ့လျားမှု
ဘယ်လောက်တောင်ဝေးကွာသွားပါစေ
ငါ မလွမ်းမိဘူး
နင်ထွက်သွားမှာတော့
ငါစိုးထိတ်နေမိတယ်
လှပတဲ့မျက်ဝန်းတစ်စုံ
ခဏတာဖြစ်ဖြစ်တော့
ငေးမောခွင့်ပေးပါလား
တစ်ဘ၀စာဆိုရအောင်လည်း
ငါ့မှာပိုင်ဆိုင်တာဆိုလို့
ရင်ခုန်သံခပ်ပြင်းပြင်းပဲရှိတယ်
မင်းမရှိလို့မသေနိုင်ရင်တောင်
သေလောက်အောင်ထိလွမ်းနေမိမှာ
တကယ်ပါချစ်သူ
မုန်းဖို့ချစ်ခဲ့တာမဟုတ်လို့
လမ်းခွဲချိန်အတွက်
ကြိုတင်မပြင်ဆင်ခဲ့မိဘူး
ငါ့အပြစ်တွေပါ
မင်းကိုနုတ်ဆက်ဖို့
လမ်းခွဲတယ်ဆိုတဲ့ဝေါဟာရကို
အဘိဓာန်မှာရှာပြီးကျက်ရဦးမယ်
ခက်ပါတယ်လေ
အလိုက်ကန်းစိုးမသိတဲ့
ဒီရင်ဘတ်နဲ့တော့
မိုးထဲရေထဲမှာတောင်
ဆုံနိင်ခွင့်ကိုတောင်းဆိုနေတုန်း
except you
နင်ကလွဲရင်
ဘယ်သူ့ကိုမှဂရုမစိုက်ဖူးဘူး
နင်ကလွဲရင်
ဘာကိုမှတန်ဘိုးမထားဖူးဘူး
နင်ကလွဲရင်
ဘယ်မျက်ဝန်းကိုမှငါမငေးဖူးဘူး
နင်ကလွဲရင်
ဘယ်သူ့ကိုမှနေရာမပေးဖူးဘူး
နင်ကလွဲရင်
ဘယ်သူ့အကြောင်းမှမတွေးဖူးဘူး
နင်ကလွဲရင်
ဘယ်သူ့ကြောင့်မှရင်မခုန်ဖူးဘူး
နင်ကလွဲရင်
ဘယ်သူ့ကိုမှမလွမ်းဖူးဘူး
နင်ကလွဲရင်
ဘယ်သူ့အတွက်မှမနာကျင်ဖူးဘူး
နင်ကလွဲရင်
ဘယ်သူ့အတွက်မှမပေးဆပ်ဖူးဘူး
နင်ကလွဲရင်
ဘယ်သူနဲ့မှ အတူတူမနေနိုင်ဘူး
ငါမရှိ တော့ရင်တောင်
တဆိတ်
နင့်ဘေးနားမှာပဲငါ့ကိုနေခွင့်ပေးပါလား
တိတ်တိတ်လေးပဲမြတ်နိုးနေမှာပါ
ဘယ်သူ့ကိုမှဂရုမစိုက်ဖူးဘူး
နင်ကလွဲရင်
ဘာကိုမှတန်ဘိုးမထားဖူးဘူး
နင်ကလွဲရင်
ဘယ်မျက်ဝန်းကိုမှငါမငေးဖူးဘူး
နင်ကလွဲရင်
ဘယ်သူ့ကိုမှနေရာမပေးဖူးဘူး
နင်ကလွဲရင်
ဘယ်သူ့အကြောင်းမှမတွေးဖူးဘူး
နင်ကလွဲရင်
ဘယ်သူ့ကြောင့်မှရင်မခုန်ဖူးဘူး
နင်ကလွဲရင်
ဘယ်သူ့ကိုမှမလွမ်းဖူးဘူး
နင်ကလွဲရင်
ဘယ်သူ့အတွက်မှမနာကျင်ဖူးဘူး
နင်ကလွဲရင်
ဘယ်သူ့အတွက်မှမပေးဆပ်ဖူးဘူး
နင်ကလွဲရင်
ဘယ်သူနဲ့မှ အတူတူမနေနိုင်ဘူး
ငါမရှိ တော့ရင်တောင်
တဆိတ်
နင့်ဘေးနားမှာပဲငါ့ကိုနေခွင့်ပေးပါလား
တိတ်တိတ်လေးပဲမြတ်နိုးနေမှာပါ
Monday, May 7, 2012
ကမ္ဘာဦးက သီအိုရီ
တခါတုန်းက ဇီဝဗေဒပညာရှင်ရယ်၊ ဓါတုဗေဒပညာရှင်ရယ်၊ရူပဗေဒပညာရှင်ရယ် သူငယ်ချင်းသုံးယောက်က
သူတို့နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကို လေ့လာဖို့ ပင်လယ်ထဲက ကျွန်းလေးတစ်ကျွန်ဆီကို မော်တော်ဘုတ်လေးနဲ့ သွားကြတယ်.........
ကျွန်းကို ရောက်တော့ ကမ်းခြေမှာ သုံးယောက်သား လမ်းလျောက်ကြရင်းနဲ့ ဇီဝဗေဒပညာရှင်က ရေထဲမှာနေတဲ့ သတ္တ၀ါတွေအကြောင်း လေ့လာဖို့ ရေထဲကို ဆင်းသွားလိုက်တာ ပြန်ပေါ်မလာတော့ဘူး.....
နောက်ရူပဗေဒ ပညာရှင်ကလည်း ရေအောက်မှ ဖိအားဘယ်လောက်များတယ် သိပ်သည်းဆဘယ်လောက်
ရှိတယ်ဆိုတာကို တိုင်းတာဖို့ ရေထဲဆင်းသွားတာ ပြန်ကို ပေါ်မလာတော့ဘူးတဲ့.......ဒါနဲ့ ဓါတုဗေဒပညာရှင်က
တော်တော်ကြာအောင် ရပ်စောင့်နေတာပေါ့ ............ပြန်ပေါ်လာသင့်ချိန်မှာ ပေါ်မလာတော့ ဓါတုဗေဒပညာရှင်ကနေ formula(ပုံသေနည်း) တခုကို ဖော်ထုတ်ခဲ့တယ်........အဲဒါက "ဇီဝဗေဒပညာရှင်နှင့်
ရူပဗေဒပညာရှင်တို့သည် ရေတွင်ပျော်ဝင်နိုင်သည်" တဲ့လေ............:p
ဖြတ်ထိုးညဏ်သုံးပါ
တစ်နေ့တွင်ကျွန်ုပ်တို့မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်မှာ ကျောင်းသားများသည် စာသင်ရတာညည်းငွေ့သောကြောင့်ပါချုပ်ကြီးမှ လက်တွေ့ညဏ်စမ်းပဟေဠိများဖြင့်ဆွဲဆောင်သည် ညဏ်စမ်းပဟေဠိမှာတခြားမဟုတ်ပါ အမြင့်ပေ ခန့်မှန်းခြေအရ20လောက်ရှိသောချောတိုင်းကြီးတစ်ခုအားအမြင့်ပေတိုင်းခိုင်းခြင်းဖြစ်သည်12 လက်မပေတံတစ်ချောင်းကိုသာသုံးခွင့်ရှိပြီးအချိန်15မိနစ်အတွင်းအဖြေရအောင်တိုင်းရမည်ဖြစ်သည် ပါချုပ်ကြီးကတော့ ကျောင်းသားများရဲ့ဖြတ်ထိုးညဏ်ဘယ်လောက်ရှိလဲဆိုတာစမ်းသပ်ချင်တာကြောင့်အားရပါးရပဲပြောချလိုက်သည် ကဲအမောင်ကျောင်းသားတို့မင်းတို့ရဲ့ကြိုးစားမှုအပေါ်ဆုပေးဒဏ်ပေးစနစ်သုံးမယ် တစ်ခါတစ်လေတော့လည်းကျွန်တော်တို့ကျောင်းကအဲလိုပျော်စရာလေးတွေနဲ့ဗျ စလို့ရပြီဆိုတာနဲ့ မောင်မင်းကြီးသားအင်ဂျင်နီယာတွေကစပြီင်္းတွက်ချက်တော့တာပေါ့ တစ်ချို့ကောင်တွေကလည်းဆီသုပ်ထားတဲ့ချောတိုင်ကြီးကို15မိနစ်အတွင်းရအောင်တက်တိုင်းပြီးဆုတွေယူမယ်ပေါ့ တစ်ချို့လေကြောင်ါ်အင်ဂျင်နီယာလောင်းတွေကတော့ရဟတ်ယဉ်ကိုအသုံးပြုမယ်တဲ့ဒါနဲ့ ရဟတ်ယဉ်ကိုသုံးရင်သူ့ရဲ့ပန်ကာကဘယ်လောက်ရှည်တယ်ပေတံကိုဘယ်လော့ရှည်တဲ့တုတ်မှာတပ်ပြီးတိုင်းရမယ်စသဖြင့်ပေါ့ အင်ဂျင်နီယာတွေဆိုတော့တွက်ချက်ချင်ကြတာပေါ့ အဲလိုတွက်ချက်ရင်းနဲ့ဘယ်သူမှဘာမှတိုင်းလို့မရလိုက်ပါဘူး အချိန်စေ့သွားတယ် 15မိနစ်ဆိုတာများတာမှမဟုတ်တာ ဒီတော့ပါချုပ်ကြီးကလည်းရှူးနေအောင်စိတ်တိုတာပေါ့ အသုံးမကျတဲ့ကောင်တွေဆိုပြီးကြည့်တယ် ပြီးတော့ရှိသမျှအားတွေနဲ့ချောတိုင်ကြီးကိုပြေးကန်လဲလိုက်တယ်တိုင်ကသေးသေးနဲ့တွင်းတိမ်တိမ်လေးမှာစိုက်ထားတော့တစ်ချက်ကန်ပါပဲတုန်းကနဲလဲသွားတယ် ပြီးမှ အဲဒီပေတံယူလာခဲဆိုပြီးချတိုင်းပြတယ် တွေ့လားငါတိုင်းလိုက်တာ 10 မိနစ်တောင်မကြာလိုက်ဘူး မင်းတို့အင်ဂျင်နီယာဖြစ်ဖို့မတန်သေးဘူးဆိုပြီးဆူပူကြိမ်းမောင်းသွားတယ် ကျောင်းသားတွေကတော့လက်ခုပ်သံတွေနဲ့ပေါ့ ဒီလောက်လွယ်တဲ့အလုပ်ကိုငါတို့မေ့နေတယ်ဆိုပြီးသတိရတဲ့ပါချုပ်ကြီးကိုသြဘာပေးကြတယ် ဒါပေမဲ့သူတို့ထဲကတစ်ယောက်ကသူ့ဘေးနားကသူငယ်ချင်းကိုတိုးတိုးလေးပြောနေတယ်
ဟေ့ရောင်မင်းကဘာလို့လက်ခုပ်တီးလဲ ငါတို့ကိုတိုင်းခိုင်းတော့အမြင့်တိုင်းခိုင်းတာကွ ခုပါချုပ်ကြီးတိုင်းသွားတာကအလျားကြီးကိုတိုင်းပြသွားတာတော်တော်နောက်တဲ့ပါချုပ်ကြီး
ဟေ့ရောင်မင်းကဘာလို့လက်ခုပ်တီးလဲ ငါတို့ကိုတိုင်းခိုင်းတော့အမြင့်တိုင်းခိုင်းတာကွ ခုပါချုပ်ကြီးတိုင်းသွားတာကအလျားကြီးကိုတိုင်းပြသွားတာတော်တော်နောက်တဲ့ပါချုပ်ကြီး
Subscribe to:
Posts (Atom)