ကြိုက်ရင်ကြိုက်သလိုကြိုက်သလောက်ဖတ်

WELCOME

WELCOME
အချိန်ကုန်ခံပြီးဖတ်.ရှုပေးခြင်းအတွက် ကျေးဇူးတင်ပါသည်

Friday, May 4, 2012

ကလေးလေးစိတ်ညစ်တဲ့အခါ

 ကလေးလေးနေကောင်းရဲ့လား .. ကလေးလေးစိတ်ညစ်နေတာလား စိတ်မညစ်ပါနဲ့ကွာ ကလေးလေး... ဘာလို့စိတ်ညစ်နေတာလဲ ကလေးလေးစိတ်ညစ်ရတဲ့ အဓိကအ ကြောင်းရင်းကဘာလဲ အကိုတို့ငယ်ငယ်ကသင်္ချာတွက်တုန်းလို နံပါတ်စဉ်တတ်ပြီးကလေးလေးရဲ့ စာအုပ်တစ်အုပ်အုပ်မှာချရေးလိုက် ပြီးရင် ပုစ္ဆာဖတ်မယ် ပြီးရင် ပေးထားတာဘာလဲမေးထားတာဘာလဲပြီးရင် အဖြေရှာမယ် ဖြေရှင်းမယ် တကယ်တော့ခုကလေးလေးတွေ့နေရတဲ့ ပြဿနာ(problem)တွေဆိုတာ တကယ်တော့ အကိုတို့ကလေးလေးတို့ ငယ်ငယ်ကတွက်ခဲ့ကြတဲ့ပုစ္ဆာတွေလိုပဲ ဖြေရှင်းရမယ်တွက်ရမယ် ကွဲသွားတာက ငယ်ငယ်က ပေးတဲ့ပုစ္ဆာတွေကို အကိုတို့ဆရာကပးတာ ခုပုစ္ဆာတွေက လောကကြီးကပေးတာ ဒါပဲကွာတာ ကလေးလေးရ ကလေးလေးကဘာကိုကြောက်ပြီးစိတ်ညစ်နေတာလဲ အခက်ဆိုရင်ချိုးပစ်မယ် အခဲဆိုရင်ချေပစ်မှာပေါ့ကွ ရည်ရွယ်ချက်တွေကိုဘာလို့ ဖျက်ပစ်ရမှာလဲ စက်မရှိရင် ရွက်လွှင့်မှာပေါ့ ရွက်မရှိရင်တက်နဲ့လှော်မှာပေါ့ တက်မရှိရင်လက်ပစ်ကူးမှာပေါ့ ကြောက်စရာမလိုပါဘူးကလေးလေးရာ တကယ်တော့ အဲဒီအခက်အခဲတွေက ကလေးလေးကို မြင့်တင်ပေးနေတာ ကဲပြောစမ်းပါဦး စစ်သည်သူရဲကောင်းကြီးတွေ သူတို့ရဲ့သူရဲကောင်းဆိုတဲ့ဘွဲ့ကို ရုပ်ချောလို့ရခဲ့တာလား ပိုက်ဆံချမ်းသာလို့ရခဲ့တာလား အပြောကောင်းလို့ရခဲ့တာလား ဆိုတာ မဟုတ်ဘူး အခက်အခဲတွေကိုသက်စွန့်ကြိုးပမ်းကျော်ဖြတ်ရင်းနဲ့ရခဲ့ကြတာကွ ကလေးလေး တစ်ဦးတစ်ယောက်ကိုစိတ်နာလို့ပဲဖြစ်ဖြစ် လောကကကြီးကိုစိတ်ကုန်လို့ပဲဖြစ်ဖြစ် ဘာကြောင့်ဖြစ်ဖြစ်လောကကြီးကနေတော့ထွက်မသွားပါနဲ့ နော် အသက်မရှင်ချင်တော့ဘူးဆိုရင်တောင်မှ အသက်ရှင် ပါ ဘယ်လိုမှဆက်ပြီးမရှင်သန်ချင်ဘူးဆိုရင်တောင်မှ အသက်ရှင်ပါ ဘာအကြောင့်ကြောင့်ဖြစ်ဖြစ် အသက်ရှင်ပါ အသက်ရှင် ပါ အသက်ရှင်တာတကယ်ကောင်းပါတယ် ကလေးလေးရေ ကလေးလေး စိတ်ညစ်ရတဲ့အချိန်တွေ ပျော်စရာကောင်းတဲ့အချိန်တွေ ခက်ခဲတဲ့အချိန်တွေ (hard times)တွေကိုစိတ် မတိုနဲ့နော် သူတို့တွေကို ကလေးလေးကနှောင်တစ်ချိန်ကျရင် ကလေးလေးရဲ့ သားသမီးတွေဖြစ်ဖြစ် မြေးတွေဖြစ်ဖြစ် ကလေးလေးရဲ့ အခင်ဆုံးမိတ်ဆွေတွေကိုဖြစ်ဖြစ် ကလေးလေးကပုံပြင်အဖြစ်ပြောပြရမှာနော ပျော်စရာကောင်းတဲ့အချိန်တွေကိုတော့ ဟာသပုံပြင်အဖြစ်နဲ့ပေါ့ စိတ်ညစ်စရာအချိန်တွေကိုတော့ ကြေကွဲဖွယ်ပုံပြင်အဖြစ်ပေါ့ ခက်ခဲတဲ့အချိန်တွေကိုတော့ ပညာပေးပုံပြင်တွေအဖြစ်ပေါ့ ကလေးလေးရေ ကလေးလေးကပြုံးရင်အရမ်းလှတာပဲကွ ကလေးလေးပြုံးနေနော် ပြီးတော့ ကလေးလေးရဲ့ မျက်မှောင်ကြီးကိုလဲ အမြဲကုတ်မထားပါနဲ့ကွ ကလေးလေးရဲ့နဖူးမှာ အကြောင်းတွေထင်နေလိမ့်မယ်နော် နောက်ပြီး ပြုံးနေတဲ့သူနဲ့ မဲ့နေတဲ့သူရဲ့ မျက်နှာတွေကလည်းတော်တော်ကွားခြားတယ် မဲ့နေတဲ့သူဟာ သူမျက်နှာအရေပြားပေါ်က ဆဲလ်တွေ အချင်းပေါင်းသွားပြီး အချိန်စောပြီးအရွယ်ရင့်တယ်ဆိုလားပဲနော် ကြားလား ကလေးလေး အမြဲတမ်းပြုံးနေရမယ်နော်ကလေးလေး ကြိုးစားစမ်းပါကွာ လောကကြီးမှာ ကလေးလေးထက်တော်တဲ့သူဆိုတာမရှိပါဘူး ဒါပေမဲ့ ကလေးလေး .... ကလေးလေးထက် ကြိုးစားနေတဲ့သူတွေကတော့မရေတွက်နိုင်ဘူးနော် ကလေးလေးကသူတော်တဲ့သူတွေကို အမှီလိုက်ရမယ် ပြီးရင်ကျော်တက်ရမယ်နော် သိလား ကလေးလေး ဘာမှအားမငယ် နဲ့ စိတ်မညစ်နဲ့ ကလေးလေးစိတ်ညစ်နေတဲ့အချိန်တွေမှာ ကလေးလေးဘာမှမလုပ်ပဲ နေတာကကောင်းမယ် ကလေးလေး စိတ်တိုတိုနဲ့ချတဲ့ဆံုးဖြတ်ချက်က 90% မှားနိုင်တယ်လေ အဲဒါကြောင့်ကလေးလေး ဘာမှမလုပ်တာကောင်းမယ် မဖြစ်မနေလုပ်ရမယ်ဆိုရင် ကလေးလေး ၁ ကနေ ၁၀၀၀ထိရေတွက်ရမယ် ပြီးမှလုပ်ရမယ် ကလေးလေးကြားလား ကံစီမံရာဆိုပြီးတော့ ကလေးလေးဘ၀ကို မျှောလိုက်မသွားနဲ့နော် လူတစ်ယောက်မှာကံကောင်းတဲ့အချိန်ဟာ တစ်ခါတော့ကြုံနိုင်တယ်တဲ့ ဒါပေမဲ့ကလေးလေးရယ် ကံဆိုတာကိုလူကလုပ်ယူရမှာပေါ့ ကဲ ကလေးလေး ကလေးလေးရဲ့ ဘ၀ကို ကံစီမံရာဆိုပြီး ဒီတိုင်းထိုင်နေလိုက်ပါလား ကလေးလေးချမ်းသာလာမလားလို့ အမေရိကန်သမ္မတကြီိးုကလေးလေးကိုပိုက်ဆံတွေလာပေးမှာလား မထင်နဲ့ကလေးလေး ကံကောင်းမှ ကောင်းမှာမဟုတ်ဘူး ကိုကောင်းမှကောင်းတာပါ ကလေးလေး မဖြစ်နိုင်ဘူးဆိုတာ မလုပ်သေးတဲ့သူတွေကပဲပြောကြလိမ့်မယ် ကလေးလေးယုံမလားဟင် အရမ်းပျော့စိတဲ့ ဘာအချွန်အတက်မှမပါတဲ့ ရေစက်လေး ကျောက်ကြိုကျောက်ကြားကထွက်နေတဲ့ရေစက်လေး မာကျောတဲ့ကျောက်တုံးကြီးကို အပေါက်ဖောက်နိုင်တယ်ကွ ကဲ အဲဒါကကလေးလေးယုံလား အဲဒါကြောင့် ကလေးလေး ဘယ်အလုပ်ကိုပဲဖြစ်ဖြစ် မဖြစ်နိုင်ဘူးလို့မထင်နဲ့ ပထမဆုံးလုပ်ကြည့်လိုက်ပါဦး အဲဒါမှမရရင်နောက်တစ်ခေါက်ထပ်လုပ်ကြည့်ပါဦး အဲဒါမှမရသေးရင်ထပ်ခါထပ်ခါလုပ်ကြည့်လိုက်ဦး နော် ကဲပြောချင်တာတွေလဲပြောပြီးပြီ ဒါပေမဲ့ မကုန်သေးပါဘူး ကလေးလေးရေ စိတ်ညစ်စရာတွေကို အစဉ်သင့်ထုပ်ပိုးထားနော် readyဖြစ်ပြီဆိုတာနဲ့ အကိုနဲ့ကလေးလေး အဲဒီစိတ်ညစ်စရာတွေကို တာတာလို့ပြောပြီ ကမ္ဘာအပြင်ဘက်ကိုစီးနေတဲ့ စမ်းချောင်းကြီးထဲကိုမျှောလိုက်ကြရအောင်နော် ကလေးလေးဆီကိုဘယ်တော့မှမလာနိုင်အောင်လေ.....

No comments:

Post a Comment