သြော်……… နှင်းတွေတောင်ကျလာပါပြီရော…ညီမလေးရေ .ခွဲခွာရခြင်းဆိုတာကျန်ရစ်သူရောချန်ရစ်သူကိုပါပူလောင်စေပါတယ်ကွယ် မင်းရဲ့ရယ်သံ သဲ့သဲ့ လေးတွေကိုတစ်ခါတစ်ခါ လေ အဝှေ့မှာ ကြားမိနေတုန်းပဲတကယ်တော့အတိတ်ဆိုတာကလည်းမေ့နိုင်သူတွေအဖို့တော့အဝေးမှာကျန်ရစ်ပေမဲ့မမေ့နိုင်သူတွေအဖို့တော့မနေ့ကလိုပါပဲ…………
“အကိုကြီး ညီမလေးဗိုက်ဆာတယ်”
“အေးပါညီမလေးရယ် အကိုကြီးလည်းဆာတာပဲ အားတင်းထာနော် ညီမလေး အကိုကြီးတို့ ကံကောင်းပြီးသဘောကောင်းတဲ့ မုန့်ဆိုင်နဲ့တွေ့ရင်စားရမှာပေါ့ကွာ”
“မရဘူးကွာ မရဘူး ဆာတယ် ဆာတယ် အီး…..ဟီးးးဟီးးး”
“မငိုပါနဲ့ညီမလေးရယ်နော်တိတ်တိတ်”
တစ်ယောက်လက်ကိုတစ်ယောက်တင်းကျပ်စွာဆုပ်ကိုင်ရင်းနဲ့ဖြတ်သန်းရတဲ့စက္ကန့်တွေဟာ ကျွန်တော်တို့မောင်နှမ အတွက်တော့ခါးသီးလွန်းလှပါတယ်..ဖေဖေနဲ့မေမေ သားတို့ကို စိတ်ချလက်ချနဲ့ထားသွားပြီ ဒီကမ္ဘာကြီးထဲကထွက်ခွာသွားတာကိုက စောလွန်းပါတယ်ဗျာ တွေ့သမျှလမ်းမကြီးတွေပေါ်ခြေဦးတဲ့ရာလျှောက်သွားရင်းနဲ့တစ်နေ၀င်တစ်နေထွက်ခဲ့ရတဲ့နေ့တွေ တစ်ခါတစ်ခါရှင်သန်ခြင်း ဆိုတဲ့ အဓိပာယ်ကိုတောင် ရွံရှာမိတယ်
“ညီမလေး …. အကိုကြီးနောက်ကနေပြီးမငိုပဲတိတ်တိတ်လေးလိုက်ခဲ့နော်”
“အန်တီ အန်တီ ခဏလေးနေပါဦးဗျ”
“ဘာတုန်းအကြော်ဝယ်မလို့လား”
“ဟိုလေ .ဟို…ကျွန်တော့ညီမလေးဗိုက်အရမ်းဆာနေလို့ အကြော်လေးနဲနဲလောက်ကျွေးပါလား ဗျာ”
“တကယ်တဲတော် ဈေဦးမပေါက်လို့စိတ်ညစ်ရတဲ့ထဲသူတောင်းစားမောင်နှမနဲ့မှလာတွေ့နေသေးတယ်”
“အန်တီ!!ကျွန်တော်တို့ကို သူတောင်းစားလို့မပြောပါနဲ့ ပိုက်ဆံတကယ်မရှိလို့ အလကားတောင်းတာပါ ပိုက်ဆံသာရှိလို့ကတော့ဘယ်လောက်တန်တန်ကျွန်တော့ညီမလေးကို ၀ယ်ကျွေးတယ်”
“အောင်မာအောင်မာ သူတောင်းစားကများရာရာစစတွေလာပြောနေသေးတယ် ဟဲ့ဒီမှာ ကလေကချေရဲ့ နင့်ဟာနဲ့နင်ဘာလို့တောင်းတောင်း တောင်းမှတော့သူတောင်းစားပေါ့ဟဲ ကျက်သရေကို မရှိဘူး မကျွေးဘူး လာတ် ပိတ်တယ် ရှုပ်ကိုရှုပ်တယ်”
“မကျွေးရင်မစားဘူးပေါ့ဗျာ”
“မဟုတ်ဘူး အကိုကြီး စားမယ်ဆို ညီမလေးဗိုက်ဆာတယ်”
“ရှေ့နားမှစားရအောင်ညီမလေးရာ သွားရအောင်နော် “
“မရဘူးကွာ ဟီး ဟီးးးး”
မျက်ရည်လေးတွေကူသုတ်ပေးရုံကလွဲလို့ ကျွန်တော်ဘာမှ မတတ်နိုင်ခဲ့ဘူး တကယ်ဆိုရင်ပတ်ဝန်းကျင်နဲ့ ဆွေမျိုးတွေကိုလည်းရက်စက်လွန်းတယ်လို့ပြောချင်တယ်ကျွန်တော့မိဘတွေဆုံးသွားတော့ အသက်ငယ်ငယ်လေးတွေနဲ့ဆုံးသွားတာတဲ့ သွေးရိုးသားရိုးမဟုတ်ဘူးတဲ့ AIDSဆိုလားဘာဆိုလားတဲ့ အဲဒီဟာကကူးတယ်တဲ့ ကျွန်တော်တို့မောင်နှမနှစ်ယောက်ကို အ၀တ်နဲ့မျက်စိကိုစီးပြီး တခြားဆီကိုပို့ပစ်လိုက်ကြတယ် လေ အိမ်တွေ ခြံတွေ လယ်တွေ ယာတွေကိုတော့ ယူလိုက်ကြတယ် အဲဒါတွေကတော့ရောဂါကူးမှာ မကြောက်ကြဘူးနဲ့တူတယ် ခုချိန်လောက်ဆိုရင် ဦးသူယူစနစ်နဲ့လုယူပြီးကြရော့မယ် ကျွန်တော့လိုဆိုဒီကမ္ဘာကြီးထဲကပျောက်ကွယ်သွားတာကြာနေလှပြီ ဒါပေမဲ့ ညီမလေးး ကျွန်တော့ညီမလေး လောကမှာ ကျွန်တော်အချစ်ဆုံးညီမလေးလေး သေရမှာကြောက်တယ်တဲ့ ဘယ်လိုများတစ်ယောက်တည်းထားခဲ့ရက်မှာလဲဗျာ ကျွန်တော်မလွဲမသွေသေရမယ်ဆိုရင်တောင် ညီမလေးကို အရင်သတ်ပြီးမှ ပဲသေလို့ရမယ် ဒါပေမဲ့ညီမလေးကိုသတ်ဖို့ ……မျက်နှာလေးညိုတာတွေ့ရင်တောင် ကျွန်တော်နေလို့မရတော့ဘူး
အမည်မသိတဲ့ ဘူတာရုံရှေ့
“အကိုကြီး ထမင်းကဘယ်ကရမှာလဲဟင် ဘယ်သူကလာပေးမှာလဲ”
“စားရမှာပေါ့ညီမလေးရယ် အကိုကြီးပေါ်မှီပြီးညီမလေး အိပ်လိုက်နော် ညီမလေးနိုးလာလို့ရင် မိုးပေါ်ကဖိုးသကြားမင်းကြီးက ထမင်းဆီဆမ်းတွေကိုရွှေလင်ပန်းကြီးနဲ့လာပေးမှာ”
“တကယ်လား အကိုကြီး”
“အင်းပေါ့တကယ်ပေါ့ အိပ်တော့နော်”
“ဟုတ်ကဲ့… အာ အကိုကြီး ဗိုက်ကဆာတော့ မျက်စိကပိတ်လို့ရဘူး
မရဘူးကွာ အကိုကြီးညီမလေးကို ထမင်းရှာပေး ညီမလေးဆာတယ် အကိုကြီးရှာပေးကွာ ရှာပေး”
“အေးပါကွာ ကဲဒါဆိုလည်း အကိုကြီးထမင်းသွားရှာလိုက်ဦးမယ်နော် ဒီနားမှာနေဘယ်မှမသွားနဲ့ကြားလား “
“ဟုတ် အကိုကြီး မြန်မြန်ပြန်ခဲ့နော်”
“အေးအေး ညီမလေး မြန်မြန်ပြန်ခဲ့မယ”်
ကံဆိုခြင်းတွေဆိုတာ တစ်ခုတည်းမလာတတ်ဘူးတဲ့ အစုလိုက်အပုံလိုက်လာတတ်တယ်တယ် မေမေပြောဖူးတဲ့စကားက သိပ်မှန်တယ် အဲဒီအချိန်တုန်းက ညီမလေးနဲ့ကျွန်တော်ခွဲရမယ်ဆိုတာတွေးတောင်မတွေးမိခဲ့ဘူး ဈေးထဲ ကသရက်သီး တစ်ပိုင်းပုတ်တွေတောင်းပြီးပြေးလာခဲ့တာ ညီမလေးကနေရာမှာ မရှိတော့ဘူး
“ညီမလေး ပုန်းမနေနဲ့ ထွက်ခဲ့တော့ အကိုကြီးပြန်လာပြီ ညီမလေး”
မတွေ့ဘူး နေရာ အနှံ့လိုက်ရှာတယ် မတွေ့ဘူး
“အကိုကြီးညီမလေးကြောက်တယ် ညီမလေးဆီလာခဲ့”
အသံကြားရာလိုက်ကြည့်လိုက်တော့အရှိန်နဲနဲ မြန်နေတဲ့ရထားတစ်စင်းပေါ်က ကျွန်တော့ညီမလေးလက်ကလေးပြလို့
“ညီမလေး ကိုင်ထားနော် မကြောက်နဲ့ အကိုကြီးလာပြီ”
“အကိုကြီးညီမလေးကြောက်တယ် ဟီးးးးးးးးး”
“ဘော်)))))))))))))))”
အရှိန်ရနေတဲ့ရထားတစ်စီးရဲ့နောက်ကို ထမင်းနပ်မမှန်တဲ့ကျွန်တော့ခြေထောက်တွေမှီအောင်မလိုက်နိုင်ခဲ့ဘူးအားတင်းပြီးဆက်လိုက်ပေမဲ့ ရထားတစ်စင်းလုံးသာ မြင်ကွင်းထဲကပျောက်သွားခဲ့တယ် ညီမလေးရဲ့အော်သံတွေပဲ့တင်ထပ်ရင်းကျွန်တော့နားထဲမှာ ကျန်ရစ်ခဲ့ပြီး
ညီမလေးရေ ညီမလေး ညီမလေး ညီမလေးဆီကို ကိုကြီးလာခဲ့မယ် ညီမလေး မကြောက်နဲ့နော် ညီမလေး ဘာမှ မဖြစ်ဘူး ညီမလေး ညီမလေး
ခြေထောက်တွေရဲ့ဆန္ဒ ရှိသလောက် သံလမ်းတစ်လျှောက်ပြေးလိုက်လိုက်တယ် ပြီးတော့ ပြီးတော့ ဆန္ဒမရှိတော့တဲ့နေရာမှာ ပစ်လှဲလိုက်တယ် မျက်စိလည်းဖွင့်ချင်စိတ်မရှိတော့ဘူး အသက်လည်းရှူချင်စိတ်မရှိတော့ဘူး
ညီမလေးရေ ငါ့ညီမလေး ညီမလေး ဒီမှာလေး အကိုကြီး ညီမလေးဖို့ မုန့်တွေယူလာပြီလေ ညီမလေး ညီမလေး နောက်တော့ ကျွန်တော့ အသံကိုမကြားရတော့ဘူး ပတ်ဝန်းကျင်တစ်ခုလုံးလည်း မှောင်မှိုက်သွားတယ်
ပင်လယ်ကြီးရဲ့အလယ်က ရွက်မရှိတော့တဲ့ လှေငယ်တစ်စင်းလို ညီမလေးမရှိတော့တဲ့ ကျွန်တော့ဘ၀လည်း မျှော်လင့်ချက်တွေနေ၀င်သွားခဲ့ပါပြီ
“ညီမလေး ညီမလေး”
“အော် မင်းနိုးလာပြီလား”
“ညီမလေးရောဟင် ကျွန်တော့ညီမလေးရော ကျွန်တော်ဘယ်ရောက်နေတာလဲ”
“မင်းသံလမ်းဘေးမှာမူးလဲနေလို့ငါ့မိန်းမကသနားလို့ခေါ်လာခဲ့တာ
သွားသွား မင်းရေ အရင်သွားချိုးစမ်း စုတ်ပြတ်သတ်နေတာပဲ”
“ကျွန်တော့ညီမေ……..”
“သွားဆိုသွားစမ်း ရေသွားချိုး”
ရုပ်ရည်ကသာသန့်သန့်နဲ့ ဦးကြီးတစ်ယောက် ပြောပေါက်ကတော့ မသန့်လှပါဘူးဒါပေမဲ့ဦးကြီးရဲ့မိန်းမကိုတော့ ကျေးဇူးတင်ပါတယ် ကျွန်တော့ညီမလေးကိုပြန်ရှာဖို့ကျွန်တော့ကိုနိုးထစေလို့လေ
ဒီလိုနဲ့ ပေးတာယူကျွေးတာစားခိုင်းတာလုပ်လုပ်ရင်းနဲ့ ညီမလေးကိုလိုက်ရှာခဲ့တာ နှစ်နှစ်ဆိုတဲ့ အချိန်ကာလကိုတောင်ဖြတ်ကျော်လာခဲ့ပြီလေ ကျွန်တော်နေတဲ့အိမ်ကချမ်းသာတယ် ဘာတွေလုပ်လဲတော့ကျွန်တော် မသိဘူးဒါပေမဲ့တစ်နေ့မှာကျွန်တော်သိခွင့်ရခဲ့တယ် အခန်းတွေကိုသန့်ရှင်းရေးလုပ်ရင်းနဲ့ လျှို့ဝှက်ခန်းတစ်ခုကို ၀င်သွားမိတယ် အဲဒါကိုသူဌေးကြီးကမြင်တော့
“ဟေ့ကောင်းမင်း အဲဒါဘာလုပ်တာလဲ ထွက်ခဲ့စမ်းထွက်ခဲ့စမ်း
မင်းဒင်နဲ့ ဗလ အဲဒီကောင်ကိုဆွဲခေါ်သွားစမ်း”
“YES BOSS!”
“တော်တော်သရမ်းတဲ့ကောင်ပဲ”
ပြောပေါက်ဆိုးပေမဲ့ရက်စက်မှုတွေမရှိဘူးလို့ ထင်ခဲ့မိတာ သူတို့ရဲ့လျှို့ဝှက်ပစ္စည်းတွေကိုကြည့်လို့တဲ့ကျွန်တော့ကိုနုတ်ပိတ်တဲ့အနေနဲ့ လျှာဖြတ်ပြီး အိမ်ပေါ်ကနှင်ချလိုက်ကြတယ်သူတို့ရဲ့လျှို့ဝှက်ပစ္စည်းဆိုတဲ့ အဖြူမှုံ့တွေဟာ ဘိန်းဖြူတွေဆိုတာကိုသူတို့ပြောမှ သိခဲ့တာပါခုတော့လျှောက်နေကြလမ်းမကြီးထက်မှာပဲခြေဦးပြန်လှည့်ခဲ့ရတယ် ဒီအချိန်မှာတော့ ကျွန်တော့လက်ကိုဆုပ်ကိုင်ရင်း အားပေးတဲ့ ညီမလေးတော့ မပါတော့ဘူး ကျွန်တော်တစ်ယောက်တည်း ကျွန်တော်တစ်ယောက်တည်း ပါ
ညီမလေးရေ….မင်းဘယ်ဆီများ ရောက်နေပြီလည်း ခုလိုနှင်းတွေကြားမှာ ညီမလေးတစ်ယောက်တည်း ခိုက်ခိုက်တုန်အောင်ချမ်းနေရော့ပေါ့ အကိုကြီးညီမလေးနဲ့တွေ့ရင်စကားတွေအများကြီးပြောမယ်စိတ်ကူးထားတယ် ဒါပေမဲ့ညီမလေးရယ် အကိုမပြောနိုင်တော့ဘူး ဟီးး ဘာဖြစ်လဲ ငါ့ညီမလေးကစာသိပ်တော်တာ အကိုညီမလေးကိုပြောချင်တာတွေကိုစာနဲ့ရေးပြမှာပေါ့ကွ ဟဟ
ပြန်တွေ့ရမယ်ဆိုတဲ့မျှော်လင့်ချက်တွေနဲ့ ကျွန်တော့ရဲ့ခြေလှမ်းတွေဘယ်လောက်ခရီးပေါက်နေပြီလည်းဆိုတာတောင်သတိမထားမိခဲ့ဘူး
ဆက်လျှောက်ရင်းနဲ့နှင်းကျတဲ့တစ်မနက်ခင်း ဈေးတစ်ခုရဲ့ဘေးကလမ်းမပေါ်မှာ ကောင်မလေးလေးတစ်ယောက် ညီမလေးရှာပုံတော် ဖွင့်နေတဲ့ ကျွန်တော့ အဖို့တော့ တွေ့သမျှကိုကျွန်တော့ညီမလေးလို့ပဲ ထင်နေတာ မြူနှင်းတွေကြားမှာဆိုတော့သိပ်မသဲကွဲဘူး ရှေ့နည်းနည်းတိုးကြည့်တယ် ဟုတ်တယ်တူသလိုလိုပဲ နည်းနည်းတိုးရင်းတိုးရင်းနဲ့ ဟုတ်တယ် ညီမလေးမှ ကျွန်တော့ညီမလေး ကြည့်စမ်းငါ့ညီမဘယ်လိုတွေများစားသောက်နေရလို့လဲ ငယ်ငယ်ရွယ်ရွယ်လေးနဲ့ဆံပင်တွေ ပိုသီဖတ်သီနဲ့ ဘွားတော် ပုံပေါက်နေပြီ ပြုန်းတိုင်းကြီးပြန်တွေ့တာဆိုတော့ဝမ်းသာမိတယ် ပြီးတော့ညီမလေးပုံစံကိုကြည့်ပြီး ၀မ်းနည်းမိတယ် မျက်ရည်တွေ မဆယ်နိုင်ခဲ့ဘူး ပြီးတော့မှသတိဝင်လာပြီး ညီမလေးဆီပြေးဖက်လိုက်တယ်
“ဟီ …ဟ…ဟေးး”
စိတ်ထဲကသာ ညီမလေးလို့ အော်လိုက်ပေမဲ့လျှာဖြတ်ခံထားရတဲ့ကျွန်တော့ပါးစပ်က တစ်မျိုးထွက်သွားခဲ့တယ်
“ဘယ်သူလဲငါ့လက်ကိုလွတ်နော် လွတ် လွတ်
ငါ့လက်ကိုလွတ် ဒီမှာတွေ့လား ကတ်ကြေးရှိတယ်နော် ထိုးလိုက်မှာနော် လွတ်”
(ညီမလေး အကိုကြီးလေ မင်းရဲ့ အကိုကြီးလေ) အကျယ်ကြီးအောက်ပစ်လိုက်ချင်တယ်
ကြည့်စမ်းညီမလေးတောင် ငါ့ကို မမှတ်မိတော့ဘူး မတွေ့တာဖြင့် ဘာမှ မကြာသေးဘူးစိတ်ချညီမလေး အကိုပါးစပ်ကမပြောနိုင်ပေမဲ့ ညီမလေးကိုစာနဲ့ရေးပြမယ် ဘောပင်လေးနဲ့ စာရွက်လေးထုတ်ပြီး
“ညီမလေး အကိုကြီးလေ မမှတ်မိဘူးလား”
ဆိုပြီးစာရွက်လေးပြလိုက်တယ် အဲဒီ အခါကျမှ ညီမလေးရဲ့ မျက်စိတွေကိုသေချာကြည့်မိတာ ဟုတ်တယ် ညီမလေးမှာမျက်စိတွေ မရှိတော့ဘူး ဘုရားးဘုရား ဘယ်လိုဖြစ်ရတာ လဲ မဟုတ်ဘူး မဟုတ်ဘူး ညီမလေး င်္ညီမလေးကို အကို ဘယ်လိုပြောရမလဲ ………..
“သွားနော် ငါ့နားမလာနဲ့ သွားသွား”
ပါးစပ်ကအော်ပြောချင်ပေမဲ့ မရပါဘူး စာရေးပြတော့လည်းညီမလေးက ဖတ်လို့မရဘူး
ညီမလေးကိုပြေးဖက်ပြီးငိုမိတယ်
“လွတ်လို့ပြောနေတယ်နော် လွတ် “
“စွပ် …….အားးးးးးးးး အားးးးးးးးးးးးးးး”
ညီမလေး မဟုတ်ဘူး အကိုကြီးလေ ဘာလို့အဲလိုလုပ်လိုက်ရတာလဲ (ကယ်ကြပါဦးကျွန်တော့ညီမလေး သူ့ကိုသူကတ်ကြေးနဲ့ထိုးလိုက်လို့)
ဘေးနားကလူတွေကို အကူအညီတောင်းတယ် ကျွန်တော့ကို မသင်ကာတဲ့ အကြည့်တွေနဲ့ပဲကြည့်သွားကြတယ် ညီမလေး အကိုဘယ်လိုလုပ်ရမှာလဲ “ညီမလေး မသေရဘူး ညီမလေး မသေရဘူး ဘာလို့သေရမှာလဲ ငါ့ညီမကငယ်ငယ်လေးပဲရှိသေးတာ မသေရဘူး မသေရဘူး”
နောက်ဆုံးတော့ ကျွန်တော့ညီမလေးလည်းကျွန်တော့ကို နုတ်ဆက်သွားခဲ့ပါပြီ ညီမလေးရဲ့လက်ထဲမှာ ကတ်ကြေးနဲ့ တူတူစာရွက်လေးတစ်ရွက် စာကြောင်းတွေကလဲ အပေါ်တက်လိုက်အောက်ကျလိုက်နဲ့ မနဲကြိုးစားပြီးရေးထားရတာထင်တယ်
“အစ်ကိုကြီး အကိုကြီး ထမင်းသွားရှာတာကြာလိုက်တာ ညီမလေးဗိုက်ဆာတာနဲ့ ရထားပေါ်တက်ပြီး ထမင်းတောင်းတယ် ညီမလေးကိုဘယ်သူကမှမပေးကြပါဘူး ပြီးတော့ ရထားကြီးကထွက်သွားတယ် ညီမလေး အရမ်းကြောက်တာပဲ အကိုကြီးကဘာလို့ ညီမလေးဆီမှီအောင်မလိုက်လာတာလဲ မြို့တစ်မြို့ရောက်တော့လူကြီးတစ်ယောက်က ထမင်းကျွေးမယ်ဆိုပြီခေါ်သွားတယ် အိမ်ရောက်တော့ ညီမလေးကို ထမင်းကျွေးတယ် ပြီးတော့သူနဲ့ အတူအိပ်ရမယ်တဲ့ ညီမလေးက မအိပ်ဘူးပြောတော့ မရဘူးတဲ့ မတရားကျင့်ကြံကြတယ် ညီမလေးက အကိုကြီးနဲ့တွေ့ရင်တိုင်ပြောမယ်လို့ပြောတော့ နင့် အကိုကြီးကို မတွေ့အောင်ဆိုပြီး ညီမလေးရဲ့မျက်လုံးတွေကိုဖောက်ပစ်လိုက်ကြတယ် ဒါပေမဲ့ အကိုကြီးညီမလေးကိုလာခေါ်မယ်မလားအကိုကြီးညီမလေးကိုတွေ့ရင်လှမ်းအော်မှာပါ အဲဒီတော့မှ ဒီစာလေးကိုပြမယ်လေ ညီမလေးမျက်စိမမြင်ရလည်းကိစ္စမရှိပါဘူး ညီမလေးကိုကိုကြီး မြင်ရသမျှတွေပြန်ပြေပြပေါ့ အဲလိုဆိုရင်ညီမလေးလည်းမြင်ရပြီပေါ့ ကိုကြီးညီမလေးကို မြန်မြန်လာခေါ်တော့နော်”
“မဟုတ်ဘူး ညီမလေး မသေရဘူး မသေရဘူး”
“ညီမလေးရယ် ဘယ်ဘ၀က၀တ်ကြွေးတွေကကိုကိုနဲ့ ညီမလေးကို နှိပ်စက်ကြတာလည်းရက်စက်လိုက်ကြတာ ဒါကြောင့်ငါ့ညီမလေးကလူတွေကိုကြောက်ပြီးကတ်ကြေးကြီး အမြဲကိုင်ထားတာကိုညီမလေး…..ညီမလေး)))))))))))”
သြော်……… နှင်းတွေတောင်ကျလာပါပြီရော…ညီမလေးရေ .ခွဲခွာရခြင်းဆိုတာကျန်ရစ်သူရောချန်ရစ်သူကိုပါပူလောင်စေပါတယ်ကွယ် မင်းရဲ့ရယ်သံ သဲ့သဲ့ လေးတွေကိုတစ်ခါတစ်ခါ လေ အဝှေ့မှာ ကြားမိနေတုန်းပဲတကယ်တော့အတိတ်ဆိုတာကလည်းမေ့နိုင်သူတွေအဖို့တော့အဝေးမှာကျန်ရစ်ပေမဲ့မမေ့နိုင်သူတွေအဖို့တော့မနေ့ကလိုပါပဲ…………
အကိုကြီးလည်းညီမလေးဆီလာခဲ့တော့မယ် နော် မြေနိမ့်ရာလှံစိုက်ချင်ကြတဲ့လူသားတွေနဲ့ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာတဲ့လောကကြီးကိုလည်း အကိုတကယ်ပဲစိတ်ကုန်မိတယ်ကွယ်
No comments:
Post a Comment