ရင်ကွဲကာမှ
ပိုပိုလာတဲ့သံယောဇဉ်
ခွဲခွာခါနီးမှ
တွယ်ဖက်ထားချင်တဲ့
ဒီလက်တစ်စုံ
ဝေးကွာပြီဆိုမှ
မြတ်နိုးချင်မိတဲ့
ဒီနုတ်ခမ်းတွေ
ပြန်မဆုံဖြစ်ဘူးဆိုမှ
မျှော်လင့်နေမိတဲ့
ရင်ခွင်ခါးခါးနဲ့
သြော်..
ဒီအချစ်နဲ့တော့ခက်ပါတယ်လေ
ရက်စွဲတွေဘယ်လောက်များများထိ
လွမ်းနေမိဦးမလဲမသိဘူး
ဝေးလွင့်သူရေ...
ရက်စက်စွာနဲ့ ချန်ရစ်ခဲ့ရင်တောင်
အချစ်မရှိပဲ
အသက်ရှင်နည်းလေးတော့
သင်ပေးခဲ့ပါဦး
No comments:
Post a Comment