“ခလွမ်း… ခလွမ်း”
ပုဂံကွဲသံများနှင့် အတူအိပ်ယာပေါ်မှာရေတွေနှင့် မာမီးခေါက်ဆွဲဖတ်များပြန့်ကျဲသွား၏ အလုပ်ကပြန်လာသောဖေဖေသည်တနေကုန်မောပန်းရင်း ပင်ပင်ပန်းပန်းဖြစ်ခဲ့ရာမှ အိပ်ယာပေါ်တွင်ပစ်လှဲအိပ်လိုက်ရာ ခုတင်ပေါ်တွင်ကျွန်တော်တင်ထားသောခေါက်ဆွဲပြုတ်ပန်းကန်ပေါ်ဖိအိပ်မိလိုက်သည်
“အာ….ဒီကောင်တော်တော်ဒုက္ခပေးတဲ့ကောင်ပဲ
မြင့်ဇော်ဦး..မြင့်ဇော်ဦး”
နားစည်များပင်ပေါက်ကွဲလောက်သော ဖေ့ဖေ့ဒေါသသံ ကြီးကြောင့် ကျွန်တော်သည်တခါးကြားတွင်ပုန်းနေမိ၏ နော်ကဆုံးတော့ကြိမ်လုံးကြီးကိုင်ပြီးလိုက်ရှာနေသောဖေဖေသည်ကျွန်တော့ကိုတွေ့သွားခဲ့တော့ရာ
“လာခဲ့စမ်းမင်းတော့ ပင်ပန်းရတဲ့ထဲ ဆော့စရာမရှိဆော့စရာရှာ အိပ်ယာပေါ်မှတက်ဆော့ရသလားကွ”
“ဖုန်း…ဖုန်း…ဖုန်း”ဒေါသကြီးကြီးနဲ့ ရိုက်နက်လိုက်သော ဖေ့ဖေ့ကြိမ်ဒဏ်တွေက ကျွန်တော့တစ်သက် မမေ့နိုင်စရာတွေပါ အရမ်းနာကျင်ပေမဲ့ အသံထွက်ပြီမငိုခဲ့မိဘူး
“ပြောစမ်း မင်းဒီအိပ်ယာပေါ်မှတက်ဆော့ရသလား
ဟေ့ကောင်ငါမေးနေတယ်လေ တယ်…ငါလုပ်လိုက်ရသေတော့မယ် ပြောစမ်း”
မျက်ရည်များတွေတွေစီးကျရင်း….
“အဟင့်…ဟင့် သား…သား ဆော့ကစားထားတာမဟုတ်ပါဘူးဖေဖေ သားအတွက်ဖေဖေချက်ပေးထားတဲ့ မနေ့ညနေကထမင်းကြမ်းတွေက သိုးသွားလို့ အဲဒါ ဟိုဘက်အိမ်က ဒေါ်တုတ်ဆီက ခေါက်ဆွဲခြောက်ထုပ်တောင်းပြီးပြုတ်စားထားတာပါ ဟင့်…အဲဒါဖေဖေရောဆာနေမှာစိုးလို့ဖေဖေ့ကိုရောစားစေချင်လို့ ဖေဖေ့ဖို့စာသားချန်ထားတာပါ “
ဒေါသမီးများငြိမ်းသွားပြီးကရုဏာသက်တဲ့ဖေ့ဖေ့မျက်လုံးအစုံ ၊ အရည်တွေလက်လာခဲ့ပေမဲ့ ကျွန်တော့ကိုမတွေ့စေချင်သည့်အတွက်တခြားဘက်ကိုလှည့်သွားတာတွေ့လိုက်တယ်
ကလေးအတွေ့နဲ့ဆိုတော့ဖေဖေ့အတွက်ခေါက်ဆွဲပြုတ်လေးအေးသွားမှာစိုးလို့ အိပ်ယာအောက်ကိုထားခဲ့မိတာ
“ငါ့သားမင်း အရမ်းနာသွားလား sorry ကွာ ဖေဖေလည်း…ဖေဖေလည်း ရှုပ်..
နေဦးသားလေး ရော ဒီမှားမင်းကိုဖေဖေဆေးလိမ်းပေးမယ်”
ဖေဖေကသာ မေမေဆိုလည်းဟုတ် ဖေဖေဆိုလည်းဟုတ်ခဲ့သည် မကြာသေးခင်ကမှ မေမေနဲ့အတူတူ နေခဲ့သေးတာ တစ်နေ့တော့မေမေအိပ်ပျော်သွားခဲ့တယ် တော်တော်ကြာအောင်ကိုအိပ်ပျော်သွားခဲ့တာ ဖေဖေကပြောတယ်သားမေမေကသားဆီပြန်လာခဲ့မယ် တဲ့ ဖေဖေပြောတဲ့မေမေပြန်လာမဲ့တစ်နေ့ကိုကျွန်တော်စောင့်နေမိတယ်
“ကလင် ကလင်”
“ … “
“ဟဲလို”
“……”
“ဟုတ်ပါတယ်ဘာကိစ္စရှိလို့လဲ မသိဘူး”
“…..”
“သြော်ဟုတ်ကဲ့ပါ ခဏကိုင်ထားပါ”
“ဦးချိုမြင့် ခင်ဗျားနဲ့တွေ့ချင်လို့တဲ့ ဖုန်းလာတယ”်
“ဟုတ်ကဲ့”
“ဟဲလို”
“……”
“ဟုတ်ပါတယ် ကျွန်တော်ချိုမြင့်ပါ”
“……”
“ဟုတ်ကဲ့ အာဒီကောင်တော်တော်ဒုက္ခပေးတာပဲ ဗျာ ကျွန်တော်ဆုံးမလိုက်ပါ့မယ် ဗျာ”
“ဟုတ်ကဲ့”
ဒီတစ်ကြိမ်လည်းကျွန်တော် အဆော်ခံလိုက်ရတယ် ပြဿနာရှာခဲ့ခြင်းမဟုတ်ပါ ကျွန်တော့်မေမေကိုအိမ်ပြန်ခဲ့ဖို့ မေမေ့ကိုလွမ်းတဲ့အကြောင်းတွေစာရေးရင်းစာတိုက်ကိုသွားပို့ခဲ့တာ ကျွန်တော့စာတွေမှာလိပ်စာမရှိလို့စာတိုက်က၀န်ထမ်းတွေက အခက်တွေ့ရတယ် လေ ဒါနဲ့ဖေဖေကိုတိုင်လိုက်ကြတယ်ဟုတ်ပါသည် ။ ကျွန်တော့စာပေါ်တွင်လိပ်စာတပ်ပေးရအောင်က မေမေကဘယ်ကိုသွားလို့ဘယ်မှာရောက်နေတယ်ဆိုတာ ကျွန်တော်မသိခဲ့ပါဘူး
ဖေဖေကတော့ဒီအကြောင်းတွေကိုမသိခဲ့ပါဘူး
“မြင့်ဇော်ဦးမင်း စာတွေယူခဲ့စမ်း မင်းတော်တော်ဒုက္ခပေးတဲ့ကောင်ပဲ
မင်းတစ်ယောက်နဲ့တော် ရင်လေးသေးတယ် ယူခဲ့အဲဒီစာတွေ”
ဆိုပြီးမီးရှို့လိုက်တယ် အားလုံးလောင်ကျွမ်းသွားပြီးစာတစ်စောင်က မီးမလောင်ဘဲကျန်နေခဲ့တယ် ဖေဖေလည်းမီးပုံဘေးမှာထိုင်စောင့်ရင်း ကျန်နေတဲ့စာအိပ်တစ်အိပ်ကိုဖွင့်ဖတ်လိုက်တယ်
“မေမေ …ဖေဖေပြောတော့မေမေကအိပ်ပျော်သွားတာဆို မေမေကလည်းအိပ်ရေးကြီးလိုက်တာဗျာ သားမေမေ့ကိုလွမ်းလှပြီမေမေရယ် ဖေဖေကလည်း အလုပ်ထဲမှာတင်တစ်နေကုန်နေတာဆိုတော့ အိမ်မှာသားတစ်ယောက်တည်းမေမေ အိပ်ယာကနိုးပြီးအိမ်ကိုမြန်မြန်ပြန်ခဲ့တော့နော်”
မီးပုံဘေးမှာချုံးပွဲချငိုနေသောဖေဖေ တစ်ချက်တစ်ချက်လေ ဝှေ့မှာ ငိုရှိုက်သံများကိုပင် ပြတင်းပေါက်ကခိုးကြည့်ရင် ကျွန်တော်ကြားလိုက်မိသေးတယ်
ပြီးတော့ဖေဖေကမျက်ရည်တွေသုတ်ရင်း
“သားမင်းဒီလိုတွေလျှောက်မလုပ်ပါနဲ့ကွာ မင်းမေမေကပြန်လာမှာပေါ့ကွာ ဟုတ်ပြီလား မနက်ကျရင်ဖေဖေနဲ့သားနဲ့ ဘုရားပွဲဈေးက အရုပ်တွေသွားကြည့်ကြမယ်လေ”
“ဟေး …. ဖေဖေတကယ်ပြောတာနော်”
“တကယ်ပေါ့ကွ ခုတော့စောစောအိပ်လိုက်တော့နော်သား “
“ဟုတ် ဟုတ်ကဲ့”
ဝမ်းနည်းမှုတွေ လွမ်းဆွတ်မှုတွေ ကြားကမှ အချိုမြိန်ဆုံး အပြုံးလေးတစ်ခုကို ဖေဖေကကျွန်တော့ အတွက် ဖန်ဆင်းပေးခဲ့တယ်
“ဖေဖေ သားကိုဒီ အရုပ်လေးဝယ်ပေးပါလား”
“ဟေ အော်အေးအေး”
“သားတို့ကျောင်းမှာဆို သားသူငယ်ချင်းတွေကဒီလို အရုပ်တွေနဲ့ ဆော့ကစားကြတယ်”
“အေးပါကွာ ဖေဖေတို့ကြည့်ကြည့်ကြသေးတာပေါ့ ဟုတ်ပြီလား”
အရုပ်လှ မလှဆိုသည်ထက် ဖေဖေကဈေးနုန်းကိုအရင်ကြည့် ရသည်။ မှန်ပါသည် ကျွန်တော့တို့လို အခြေခံလူတန်းစားတွေ အဖို့ အရုပ်လှမလှဆိုသည်ထက် ဈေးနုန်းလှမလှကို အရင်ကြည့်ရပါသည် ဈေးနုန်းလှနေလျှင် ကိုင်တောင် ကြည့်ခွင့် မရခဲ့ကြဘူးလေ
“ငါ့သားမင်း အရုပ်ကမလှပါဘူးကွာ နော်ကတစ်ဆိုင်ကိုပြောင်းကြည့်ကြရအောင်နော်”
“မရဘူး ဖေဖေရာသားဒီအရုပ်ပဲလိုချင်တယ် “
“မလှပါဘူးငါ့ သားရာနော်”
တကယ်တော့ အရုပ်ကလှပါသည် ဈေးနုန်းကအရမ်းမြင့်လွန်းနေသောကြောင့်သာ
ဖေဖေက ကျွန်တော့ကို အတင်းဆွဲခေါ်သွားသည်ဒုက္ခကောင်ဟုခေါ်သော ကျွန်တော်က ဆိုင်ဝတောင်မရောက်သေးပါဘူး ဆိုင်ထဲပြန်ပြေးဝင်သွားပြီးကျွန်တော် လိုချင်သော အရုပ်ကိုကောက်ကိုင်ကာ ပွေ့ပိုက်ထားလိုက်တော့သည်
“သားဖေဖေပြောထားရဲ့သားနဲ့
အဲလိုမယူရဘူးလေသား
ဖေဖေ့ကိုပြန်ပေး အဲဒီ အရုပ်”
ပထမတော့ဖေဖေကချော့ကာပြောသည် မရသည့် အဆုံး
“လွတ်လွတ် … မလွတ်ဘူးလား
ကဲကွာ ကဲကွာ မလွတ်ချင်ဦး ကဲ ..ကဲ”
ထိုမြင်ကွင်းကို အစအဆုံးမြင်နေသည်က ကျွန်တော့ အတန်းပိုင်ဆရာမ
“ကဲပါဦးရယ် ဒီ အရုပ်ကို ယူပါစေ ကျွန်မ၀ယ်ပေးလိုက်ပါမယ်”
“အော် မဟုတ်တာဆရာမရယ် ဒီကောင်တမင်သက်သက်ဂျီကျနေတာ ကျွန်တော့စကားလည်းနားမထောင်ဘူး”
“ထားပါဦးရယ် သူကကျွန်မတပည့် အရင်းပါ ကဲရော့ယူသွား
မြင့်ဇော်ဦး နောက်ကို မဆိုးရဘူးနော် ဖေဖေ့စကားကိုလည်းနားထောင်ရမယ် ကြားလား”
“ဟုတ်ကဲ့ချာမ”
အဂါင်္နေ့
ဖေဖေသည် အတန်းပိုင်ဆရာမမှ ကျွန်တော်ကျောင်းမလာကြောင်း အကြောင်းကြားသေကြောင့် အလုပ်မှာပြန်လာသည် ကျွန်တော့ကို တစ်အိမ်လုံးလိုက်ရှာသည် မတွေ့ နောက်ဆုံးတွင် အရုပ်ဆိုင်တစ်ဆိုင်ရှေ့တွင် ကျွန်တော့ကိုတွေ့သည်
“ရှာလိုက်ရတာသားရယ် မင်းကို အရုပ်လည်းဝယ်ပေးပြီးပြီရော
ကျောင်းလစ်ပြီး ဒီအရုပ်ဆိုင်ရှေ့မှာ ဘာလာလုပ်နေရတာ လဲကွာ”
ကျွန်တော်ဘာမှ ပြန်မပြောခဲ့မိဘူး
အိမ်ရောက်တော့ ကျွန်တော် အိပ်နေတုန်း ခေါင်အုံးအောက်က ကျွန်တော်ရေးထားတဲ့စာတစ်စောင်ကို ဖေဖေတွေ့သွားခဲ့တယ်
ဒီစာတစ်စောင်က ဖေဖေလို့ယောင်္ကျားရင့်မာကြီးကို ဒီလောက်ထိ သဲကြီးမဲကြီး ချုံးပွဲချငိုလိမ့်မယ်လိုကျွန်တော် မထင်ခဲ့တာ အမှန်ပါ
“မေမေ သားမေမေနဲ့ မတွေ့နိုင်တော့ဘူးလား ဟင် သားတို့ကျောင်းမှာ ဒီနေ့စုံညီပွဲတော် ရှိတယ် ပြီးတော့ဆရာမကပြောတယ် ဆုပေးပွဲရောရှိလို့တဲ့ သားတို့သမီးတို့ရဲ့ဖေဖေမေမေတို့ကိုလည်း အပါခေါ်ခဲ့ရမယ်တဲ့ သားမှာအခက်တွေ့နေတယ်မေမေရယ် မေမေကမှသားဆီပြန်မလာသေးတာ သားကျောင်းကို မသွားချင်ဘူး အိမ်မှာနေရင်လည်းဖေဖေက စစ်လားမေးလားလုပ်နေမှာစိုးလို့ အရုပ်ကြည့်ချင်လို့ကျောင်းလစ်တယ်ထင်အောင် သား အရုပ်ဆိုင်တစ်ဆိုင်ရှေ့မှာသွားရပ်နေခဲ့တယ်ဒီအကြောင်းတွေကိုဖေဖေ့ကိုမသိစေချင်ခဲ့ဘူးမေမေ ဖေဖေသိရင် မေမေ့ကိုသတိရပြီးငိုနေမှာစိုးလို့ မေမေရယ် မေမေ ဘယ်ဆီများရောက်သွားပြီလည်း မေမေရှိတဲ့နေရာကိုဒီစာလေး ပေးပို့ချင်ခဲ့တာ စာတိုက်ကပို့ရင်လည်း မရဘူးတဲ့ မေမေကမိုးကောင်းကင်ကြီးပေါ်ကိုရောက်သွားတာ လားဟင် ဟုတ်ပြီ ဒါဆိုသားမနက်မိုးလင်းရင် ဒီစာလေးကိုမီးရှို့လိုက်မယ်နော် ဒါမှ ဒီစာလေးကို မီးခိုးဖြစ်ပြီးမေမေရှိတဲ့မိုးကောင်းကင်ကြီးပေါ်တက်လာလိမ့်မယ် မေမေဖတ်ဖြစ်အောင်ဖတ်ပြီး သားဆီပြန်လာခဲ့နော် သားမေမေ့ကိုချစ်တယ် မေမေ”

No comments:
Post a Comment