ကြိုက်ရင်ကြိုက်သလိုကြိုက်သလောက်ဖတ်

WELCOME

WELCOME
အချိန်ကုန်ခံပြီးဖတ်.ရှုပေးခြင်းအတွက် ကျေးဇူးတင်ပါသည်

Thursday, February 9, 2012

keyboard နဲ့မိတ်ဆက်ခြင်း

keyboart နဲ့မိတ်ဆက်ခြင်း
online မှာဆုံ
ချိန်ကုန်ရင်ခွဲခွာ
မစာနာတဲ့ သန်းခေါင်ချိန်တွေကို
တရားမဲ့စွာနဲ့
သုတ်သင် ပစ်ချင်တယ်
မင်းနဲ့သာချက်နေရရင်လေ
ပါဝါတွေတက်
ခါးတွေမျက်တာတောင်
မင်းတစ်ယောက်
onlineမှာရှိနေရင်
အရာအားလုံးကိုမေ့နေခဲ့သူပါ
အငတ်ငတ် အပြတ်ပြတ်နဲက
မလပ်တန်းမြည်နေတဲ့
ငါ့ဗိုက်ကို
ရေတစ်ခွက်နဲ့ နှစ်သိမ့်ရင်း
မင်းနာမည်ဘေးက
မီးလေးစိမ်းတိုင်း
ငါ့လက်တွေကို
keyboard နဲ့မိတ်ဆက်နေဦးမှာပါ





ဘိုင်
အချစ်အကြာင်း
ကဗျာတစ်ကြောင်း
စာတစ်ကြောင်းတောင်
မရေးတတ်တဲ့ငါ
သူများတွေသုံးတဲ့
ကားတွေဖုန်းတွေလဲ
မရှိဘူးလေ
အချစ်မရှိရင်
အသက်မရှင်နိုင်တဲ့ ငါဟာ....
မင်းထားခဲ့ပြီးကတည်းက
အသက်ရှူသင် ခဲ့ပြီးပါပြီ
ချစ်သူ
ထားခဲ့လိုက်ပေါ့
လမ်းခွဲတာ ၀မ်းနည်းစရာမှမဟုတ်တာ
ငါ့အသည်းကွဲရင်
ဆားသိပ်လိုက်မယ်
မချစ်တော့ဘူးဆိုမှတော့
1500ကို 3000ပေးလဲ
လှည့်မကြည့်ဘူး
ပြီးတော့
အချစ်ဆိုတာ constantလည်း မဟုတ်ဘူးလေ
one goes
two come
three ဘာညာဘာညာပေါ့
ငါ ...
အသက်ထက်ဆုံးချစ်ရတဲ့မင်းအတွက်
တသက်လုံးစာပြောလိုက်မယ်
ဘိုင်...........





အချစ်

မခေါ်ဘဲရောက်လာတဲ့ ဧည့်သည်
ငါ့အသည်းနှလုံးကိုတောင်
ခလုတ်တိုက်သွားသေး
အထူးတဆန်း မှတ်လို့
ထကြည့်မိတယ်
ထူးထူးဆန်းဆန်းစကားလုံးတွေသုံးပြီး
ပြောသွားသေးတယ်
သူ့ကိုသူ အချစ်တဲ့....

No comments:

Post a Comment