ကြိုက်ရင်ကြိုက်သလိုကြိုက်သလောက်ဖတ်

WELCOME

WELCOME
အချိန်ကုန်ခံပြီးဖတ်.ရှုပေးခြင်းအတွက် ကျေးဇူးတင်ပါသည်

Friday, May 4, 2012

လွမ်းနေမိသေးတယ်

လွမ်းမိတုန်းပဲ
ဟိုး တုန်းက
ဒီငွေသောင်ယံ
ခေါ်သံတွေလိုလို
ငါ့နားထဲပဲ့တင်ထပ်ရင်း
ထင်ဟပ်နေတဲ့
အတိတ်ရဲ့
အရိပ်ဆိုးတွေကိုလည်း
ခဏဖြစ်ဖြစ်မေ့ပစ်ချင်သေးတယ်
ကလေးရယ်
တူစုံတွဲရင်း
သေပွဲဝင်ခဲ့တဲ့ကြိုးကြာမောင်နှံလို
ငါတို့တွေသာသစ္စာရှိခဲ့ရင်
ချစ်တာတွေမေတ္တာတွေကို
ငါ့ရင်ထဲမှာကဗ္မည်းတင်ချင်ပါသေးရဲ့
ခုတော့ဖြင့်
ရင်နှင့်အောင်ချစ်ပြီးကာမှ
ဝေးကွာသွားရတော့လည်း
ပေါ့ပေါ့ပါးပါးပဲ
အချစ်ကိုအဓိပ္ပာယ်ဖွင့်ရင်း
လွင့်မျှောနေတဲ့သတိရစိတ်တွေကို
တိတ်ဆိတ်စွာငိုကြွေးခိုင်းလိုက်ပါတော့မယ်
တကယ်ပါ
ရင်ထဲမှာတော့
နင့်ကိုလွမ်းနေမိတုန်းပါပဲ

No comments:

Post a Comment