ဒဏ်ရာအပြည့်နဲ့ ရထားတစ်စီး
ဝေဒနာခရီးကို ခုတ်မောင်းသွားပေါ့
ကျေးဇူးပြုပြီး လက်မပြပါနှင့်
တင်ဆောင်သွားနိုင်စွမ်း မရှိတော့လို့ပါ
မင်းဟာ ငါ့ရဲ့ အချစ်ကျွန်ဖြစ်ပေမယ့်
ငါဟာ မင်းရဲ့အချစ်သခင်မဟုတ်ပါဘူး
နောင်တမရခင် အမြန်ပြင်ဆင်ပြီး
အချစ်သစ်ကို ရှာစေချင်
ငါဟာ အချစ်ငတ်သူမဟုတ်သလို
မချစ်တတ်သူလည်း မဟုတ်ပါဘူး
ငါ့ကိုငါ ဆင်ခြင်ယူ
နင်မချစ်အပ်သူမို့ပါ ...................