ပြုံးထားပါချစ်သူ
မင်းပြုံးရင်
ကမ္ဘာကြီးအေးချမ်းတာမို့
ဘာကြောင့်ဖြစ်ဖြစ်
ပျော်သလိုပြုံးထားပါ
နှလုံးသားပါချစ်သူ
နာကျင်ရတာများလာရင်
ပေါက်ကွဲတတ်လို့
ဘာကြောင့်ဖြစ်ဖြစ်
သတိထားပြီးပြုစားပါ
အမုန်းစကားပါချစ်သူ
ပြင်းထန်စွာအဆိပ်တက်ရင်း
လူတစ်ဦးကိုသေဆုံးစေနိုင်လို့
ဘာကြောင့်ဖြစ်ဖြစ်
ရင်ခွင်ကို
အသိပေးပြီးမှ အသုံးပြုပါ
No comments:
Post a Comment