ကြိုက်ရင်ကြိုက်သလိုကြိုက်သလောက်ဖတ်

WELCOME

WELCOME
အချိန်ကုန်ခံပြီးဖတ်.ရှုပေးခြင်းအတွက် ကျေးဇူးတင်ပါသည်

Saturday, May 5, 2012

ရင်ခုန်သံသေဆုံးသွားသည့်တိုင်

အချစ်
ဒီတိုက်ပွဲဝင်မိတိုင်း
ကျဆုံးသူကငါ
ငါသာ အကြိမ်ကြိမ်သေဆုံးခဲ့ရသူပါ
မတရားဘူးလို့မပြောချင်ပေမဲ့
ပစ်လိုက်တိုင်းလွဲနေတော့
ငါ့ကိုယ်ငါတောင်
လက်မဖြောင့်သူလို့
သတ်မှတ်ချင်လာတယ်
ထားပါတော့လေ
ရင်ထဲ အရှိတိုင်းပြောကြေးဆို
နင့်ကို
အောင်နိုင်သူအဖြစ်ပဲ
အချိန်တိုင်းမြင်တွေ့ချင်တာ
ငါ့ရင်ခွင်ဒေသကျဉ်းကျဉ်းလေးကို
နင်ကြိုက်သလိုသာ
ကျူးကျော်သိမ်းပိုက်
နင့်စိတ်ကြိုက်သာ
မွှေနောက်လိုက်ပါတော့
အသည်းနှလုံးတစ်နေရာတောင်
မတုန်လှုပ်နိုင်တဲ့အချိန်ထိလေ
နင့်ရဲ့
ချိုမြိန်တဲ့
ချစ်အမိန့်တော်အတိုင်း
ငါ
နာခံလိုက်ပါတော့မယ်

No comments:

Post a Comment