နှစ်သိမ့်မရတဲ့
မျက်ရည်စက်တွေနဲ့
အကြိမ်ကြိမ်တားဆီးတဲ့ကြားက
ဒီတစ်ခါလည်းငိုမိပြန်ပြီ
နင်မရှိတော့ဘူးတဲ့
မပြောနဲ့
ဒီစကားကို
ဘယ်သူကမှမပြောကြပါနဲ့
နင်ရှိနေသေးတယ်
နင်ရှိနေရဦးမယ်
ငါတစ်ယောက်တည်း
မနက်ခင်းတိုင်းလည်း
နင့်ကိုမလွမ်းချင်တော့ဘူး
နေညိုရင်လည်း
ငိုမနေချင်တော့ဘူး
နင့်နားမှာပဲနေချင်တာ
နင့်ကိုနုတ်ဆက်ဖို့
ငါ့နုတ်ခမ်းတွေဆွံ့အနေတုန်း
မျက်ရည်တွေလည်း
ခမ်းခြောက်တော့မယ်
အသည်းအစအနတွေနဲ့ပဲ
ရင်ခွင်လည်းမွန်းကျပ်လှပြီ
ဘာကြောင့်မှန်းတော့မသိဘူး
ဒီလိုမိုးတွေရွာလာတိုင်း
ငိုငိုနေမိလို့
တိမ်မည်းကြီးတွေကိုတောင်စိုးရွံ့နေတယ်
နင်ပြန်မလာတာလည်း
အတော်ကြာနေပြီပဲလေ...
Pages
ကြိုက်ရင်ကြိုက်သလိုကြိုက်သလောက်ဖတ်
WELCOME

အချိန်ကုန်ခံပြီးဖတ်.ရှုပေးခြင်းအတွက် ကျေးဇူးတင်ပါသည်
Friday, June 15, 2012
ဒုတိယလူ
မျှော်လင့်ချက်
တစ်စက်နှစ်စက်နဲ့တင်
ပင်စင်စားခဲ့ရခြင်း
ငြင်းပယ်မှုတွေခါးသက်ပေမဲ့
တားရခက်တဲ့အိပ်မက်တွေနဲ့ပဲ
စွဲလန်းကြီးစွာ
နီးစပ်ချင်မိခဲ့သူ
အနေထိတဲ့မင်းအကြည့်တွေအောက်
ဒူးထောက်ကျရှုံးရတာ
ငါ့မာနတွေကိုက
အညှာလွယ်လွန်းတယ်
စွန့်ပယ်ခြင်းခံရတာတောင်
ယောင်နနနဲ့
ဖွဲ့နွဲ့ပြီး တယုတယချစ်ပြချင်မိသေးတာ
နင့်ဒဏ်ရာတွေအနာကျက်တဲ့တစ်နေ့
အတိတ်တွေမေ့လို့ရတဲ့အခါ
ငါ့ရင်မှာမှေးစက်လှည့်ပါလား
ငါဟာတကယ်တမ်းတော့
အကြွေပန်းကိုမှ နမ်းချင်သူ
မမွှေးကြူချင်လည်းနေပါစေတော့
လေတိုက်တိုင်း
ကိုင်းသွားတတ်တဲ့သစ္စာတရားတွေကိုပဲ
ထပ်တလဲလဲယိုးမယ်ဖွဲ့မိရင်း...
တစ်စက်နှစ်စက်နဲ့တင်
ပင်စင်စားခဲ့ရခြင်း
ငြင်းပယ်မှုတွေခါးသက်ပေမဲ့
တားရခက်တဲ့အိပ်မက်တွေနဲ့ပဲ
စွဲလန်းကြီးစွာ
နီးစပ်ချင်မိခဲ့သူ
အနေထိတဲ့မင်းအကြည့်တွေအောက်
ဒူးထောက်ကျရှုံးရတာ
ငါ့မာနတွေကိုက
အညှာလွယ်လွန်းတယ်
စွန့်ပယ်ခြင်းခံရတာတောင်
ယောင်နနနဲ့
ဖွဲ့နွဲ့ပြီး တယုတယချစ်ပြချင်မိသေးတာ
နင့်ဒဏ်ရာတွေအနာကျက်တဲ့တစ်နေ့
အတိတ်တွေမေ့လို့ရတဲ့အခါ
ငါ့ရင်မှာမှေးစက်လှည့်ပါလား
ငါဟာတကယ်တမ်းတော့
အကြွေပန်းကိုမှ နမ်းချင်သူ
မမွှေးကြူချင်လည်းနေပါစေတော့
လေတိုက်တိုင်း
ကိုင်းသွားတတ်တဲ့သစ္စာတရားတွေကိုပဲ
ထပ်တလဲလဲယိုးမယ်ဖွဲ့မိရင်း...
ရက်စက်စွာကြမ်းကြုတ်ခြင်း
ရှူး...
တိုးတိုးနဲ့
ဝေးဝေးကသာ
ထွက်ခွာသွားလိုက်ပါ
ချစ်သူ
ငါ့နှလုံးသား
အိပ်မောကျနေတုန်း
သူသိရင်
မင်းကိုခွင့်ပြုလိမ့်မယ်မထင်ဘူး
စိတ်ချလက်ချနဲ့သာ
လိုရာကိုပျံသန်းသွားပါနော်
ရူးသွပ်နေတဲ့ငါနှလုံးသားကို
ငါကိုယ်တိုင်ပဲ
ကြိုးပေးသတ်ဖျတ်လိုက်ပါ့မယ်...
တိုးတိုးနဲ့
ဝေးဝေးကသာ
ထွက်ခွာသွားလိုက်ပါ
ချစ်သူ
ငါ့နှလုံးသား
အိပ်မောကျနေတုန်း
သူသိရင်
မင်းကိုခွင့်ပြုလိမ့်မယ်မထင်ဘူး
စိတ်ချလက်ချနဲ့သာ
လိုရာကိုပျံသန်းသွားပါနော်
ရူးသွပ်နေတဲ့ငါနှလုံးသားကို
ငါကိုယ်တိုင်ပဲ
ကြိုးပေးသတ်ဖျတ်လိုက်ပါ့မယ်...
လိမ်ညာခြင်းကဗျာ
ငါ့ရဲ့လမ်း
ခြေဦးတည့်ရာ
အဝေးကိုပဲ
အမြန်ဆုံးထွက်ခွာ
ဒါဆိုမင်းပျော်မလား
ငါ့မျက်လုံးတွေထဲမင်းဟာ
သိပ်လှလွန်းနေတော့ပြဿနာ
ငါသာရှုံးနိမ့်သွား
ကျေးဇူးပြုပြီးငါ့ကို
မင်းရဲ့အရင်တစ်ယောက်နဲ့
တွဲမပြပါနဲ့
ကြိုပြီးတောင်းပန်...
သြော်...
လိမ်ညာခြင်းကဗျာပါဆို
ဘာလို့ဖတ်နေတာလဲမသိဘူး
ငါကအဟုတ်မှတ်လို့ချရေးတာ
လက်စသတ်တော့
ငါကြားဖူးတဲ့သီချင်းကြီးပဲ..
ဟဲဟဲ ဘာကြီးမှန်းလဲမသိဘူး...:P
ခြေဦးတည့်ရာ
အဝေးကိုပဲ
အမြန်ဆုံးထွက်ခွာ
ဒါဆိုမင်းပျော်မလား
ငါ့မျက်လုံးတွေထဲမင်းဟာ
သိပ်လှလွန်းနေတော့ပြဿနာ
ငါသာရှုံးနိမ့်သွား
ကျေးဇူးပြုပြီးငါ့ကို
မင်းရဲ့အရင်တစ်ယောက်နဲ့
တွဲမပြပါနဲ့
ကြိုပြီးတောင်းပန်...
သြော်...
လိမ်ညာခြင်းကဗျာပါဆို
ဘာလို့ဖတ်နေတာလဲမသိဘူး
ငါကအဟုတ်မှတ်လို့ချရေးတာ
လက်စသတ်တော့
ငါကြားဖူးတဲ့သီချင်းကြီးပဲ..
ဟဲဟဲ ဘာကြီးမှန်းလဲမသိဘူး...:P
ရင်ခုန်သံကင်းမဲ့ဇုန်
သူငယ်ချင်းဆိုတဲ့
စကားလုံးတွေရဲ့နောက်ကွယ်မှာ
မင်းအပြုံးလေးကို
တိတ်တိတ်လေးစွဲမက်ဖူးတယ်
ခင်မင်မှုဆိုတဲ့
ကန့်လန့်ကာနောက်ကွယ်က
မင်းမျက်ဝန်းလေးကို
ခိုးခိုးပြီးငေးဖူးတယ်
သံယောဇဉ်ဆိုတဲ့
နှောင်ကြိုးတွေကြားထဲမှာ
လူမသိသူမသိ
ကြိတ်ပြီးငိုကြွေးဖူးတယ်
သူငယ်ချင်း
မင်းချမ်းနေတာသိပေမဲ့
အေးစက်တဲ့ငါရင်ခွင်ထဲ
မင်းကိုဘယ်လိုမှေးစက်ခွင့်ပြုနိုင်မှာလဲ
ခါးသီးမှုတွေ
မြိန်ရှက်စွာစားသုံးရင်း
တစ်နေ၀င်တစ်မိုးသောက်နဲ့
အဆုံးရောက်ထိမှောင်မှိုက်တဲ့ငါ့ဘ၀ထဲ
နင်ဝင်မလာပါနဲ့တော့
ငါ့ရင်ခွင်ကို
ရင်ခုန်သံကင်းမဲ့ဇုန်အဖြစ်သတ်မှတ်လိုက်ပြီ
(မည်သူတစ်ဦးတစ်ယောက်မျှမှေးစက်ခွင့်မပြု)
စကားလုံးတွေရဲ့နောက်ကွယ်မှာ
မင်းအပြုံးလေးကို
တိတ်တိတ်လေးစွဲမက်ဖူးတယ်
ခင်မင်မှုဆိုတဲ့
ကန့်လန့်ကာနောက်ကွယ်က
မင်းမျက်ဝန်းလေးကို
ခိုးခိုးပြီးငေးဖူးတယ်
သံယောဇဉ်ဆိုတဲ့
နှောင်ကြိုးတွေကြားထဲမှာ
လူမသိသူမသိ
ကြိတ်ပြီးငိုကြွေးဖူးတယ်
သူငယ်ချင်း
မင်းချမ်းနေတာသိပေမဲ့
အေးစက်တဲ့ငါရင်ခွင်ထဲ
မင်းကိုဘယ်လိုမှေးစက်ခွင့်ပြုနိုင်မှာလဲ
ခါးသီးမှုတွေ
မြိန်ရှက်စွာစားသုံးရင်း
တစ်နေ၀င်တစ်မိုးသောက်နဲ့
အဆုံးရောက်ထိမှောင်မှိုက်တဲ့ငါ့ဘ၀ထဲ
နင်ဝင်မလာပါနဲ့တော့
ငါ့ရင်ခွင်ကို
ရင်ခုန်သံကင်းမဲ့ဇုန်အဖြစ်သတ်မှတ်လိုက်ပြီ
(မည်သူတစ်ဦးတစ်ယောက်မျှမှေးစက်ခွင့်မပြု)
ရင်နင့်ချိန်
ငါမျှော်လင့်ဖူးပါတယ်
ဖြစ်မလာတော့လည်း
ဘာကိုမှအပြစ်မတင်လိုတော့ပါဘူး
ငါယုံကြည်ဖူးပါတယ်
ပြိုလဲသွားတော့လည်း
ဘာကိုမှမယုံကြည်နိုင်တော့ဘူး
ငါကြားဖူးပါတယ်
အခွင့်အရေးဆိုတာ
နှစ်ခါမလာတတ်တော့လည်း
မဖမ်းဆုပ်နိုင်လိုက်ခြင်းအတွက်
ငါ့ကိုယ်ငါခွင့်မလွတ်တော့ဘူး
ချစ်သူ...
နေ၀င်ချိန်တွေစောပြီး
ရက်စက်ခြင်းတွေကြီးစိုးလာတယ်
စောင့်ဆိုင်းခြင်းရာသီတွေမှာ
ငါတစ်ယောက်တည်း
ကြိတ်ပြီးလွမ်းရတာတွေကိုလည်း
နင်မသိပါစေနဲ့တော့ဟာ
နင်ထားခဲ့ပေမဲ့လည်း
ငါ့အမှားတွေကိုပွေ့ပိုက်ရင်း
ပြန်လာချိန်ကိုစောင့်နေမိသေးတယ်...
ဖြစ်မလာတော့လည်း
ဘာကိုမှအပြစ်မတင်လိုတော့ပါဘူး
ငါယုံကြည်ဖူးပါတယ်
ပြိုလဲသွားတော့လည်း
ဘာကိုမှမယုံကြည်နိုင်တော့ဘူး
ငါကြားဖူးပါတယ်
အခွင့်အရေးဆိုတာ
နှစ်ခါမလာတတ်တော့လည်း
မဖမ်းဆုပ်နိုင်လိုက်ခြင်းအတွက်
ငါ့ကိုယ်ငါခွင့်မလွတ်တော့ဘူး
ချစ်သူ...
နေ၀င်ချိန်တွေစောပြီး
ရက်စက်ခြင်းတွေကြီးစိုးလာတယ်
စောင့်ဆိုင်းခြင်းရာသီတွေမှာ
ငါတစ်ယောက်တည်း
ကြိတ်ပြီးလွမ်းရတာတွေကိုလည်း
နင်မသိပါစေနဲ့တော့ဟာ
နင်ထားခဲ့ပေမဲ့လည်း
ငါ့အမှားတွေကိုပွေ့ပိုက်ရင်း
ပြန်လာချိန်ကိုစောင့်နေမိသေးတယ်...
ဘာဖြစ်နေမှန်းမသိဘူး
ဘာဖြစ်နေမှန်းမသိဘူး
ခုတလော
ရင်ဆိုတာကြီးခုန်ခုန်နေတယ်
အလိုက်ကန်းစိုးကိုမသိဘူး
ဘာဖြစ်နေမှန်းမသိဘူး
ခုတလော
အကြောင်းအရာတစ်ခုကို
ထပ်ကာတလဲလဲတွေးမိနေတယ်
ဘာဖြစ်နေမှန်းမသိဘူး
ခုတလော
အမြင်အာရုံတွေမှုန်ဝါးပြီး
မျက်ဝန်းတစ်စုံလေးကိုပဲ
စိတ်ထဲမှာစွဲနေတယ်
ဘာဖြစ်နေမှန်းမသိဘူး
ခုတလော
အိပ်မက်တွေမက်ပြီး
ညညဆိုရင်
နာမည်တစ်ခုကိုယောင်ပြီးအော်မိနေတယ်
ဘာဖြစ်နေမှန်းမသိဘူး
ခုတလော
လွမ်းတာလိုလိုတွေ့ချင်တာလိုလိုနဲ့
တစ်မျိုးကြီးပဲ
ဘာဖြစ်နေမှန်းမသိဘူး
သြော်... ဘာဖြစ်နေမှန်းမသိပါဘူးဆို
ဒီကဗျာကလည်း
ဘာဖြစ်နေမှန်းမသိဘူး...
ခုတလော
ရင်ဆိုတာကြီးခုန်ခုန်နေတယ်
အလိုက်ကန်းစိုးကိုမသိဘူး
ဘာဖြစ်နေမှန်းမသိဘူး
ခုတလော
အကြောင်းအရာတစ်ခုကို
ထပ်ကာတလဲလဲတွေးမိနေတယ်
ဘာဖြစ်နေမှန်းမသိဘူး
ခုတလော
အမြင်အာရုံတွေမှုန်ဝါးပြီး
မျက်ဝန်းတစ်စုံလေးကိုပဲ
စိတ်ထဲမှာစွဲနေတယ်
ဘာဖြစ်နေမှန်းမသိဘူး
ခုတလော
အိပ်မက်တွေမက်ပြီး
ညညဆိုရင်
နာမည်တစ်ခုကိုယောင်ပြီးအော်မိနေတယ်
ဘာဖြစ်နေမှန်းမသိဘူး
ခုတလော
လွမ်းတာလိုလိုတွေ့ချင်တာလိုလိုနဲ့
တစ်မျိုးကြီးပဲ
ဘာဖြစ်နေမှန်းမသိဘူး
သြော်... ဘာဖြစ်နေမှန်းမသိပါဘူးဆို
ဒီကဗျာကလည်း
ဘာဖြစ်နေမှန်းမသိဘူး...
Subscribe to:
Posts (Atom)