မပြီးဆုံးသေးတဲ.
အနာဂါတ်တွေအတွက်
ခရီးဆက်လို့ ချီတက်
ကံမကောင်းခဲ့တဲ့ ငါတို့ဘ၀တွေ
ဘယ်တော့များမှ
ငြိမ်းချမ်းကြရပါ့မလဲ ။
ရာသီဥတုကမမှန်
ကုန်ဈေးနှုန်းကခေါင်ခိုက်
အလုပ်အကိုင်ကရှားပါးနဲ.
(-ာ)ဖြစ်သွားကြရတဲ့နှမတွေလဲ
များလှပေါ့... ။
မိအို ဖအိုတို့အတွက်
ကုသရမယ့် ဆေးစရိတ်
နေ့စဉ်နှင့်အမျှ
တိုးတက်လာတဲ့ ကုန်ဈေးနှုန်း
အရင်းရှင်တို.ရဲ.
နှိပ်ကွပ်ထားတဲ.
မဖြစ်ညစ်ကျယ် လုပ်အားခနဲ.
စားလို့မလောက် ဆေးဖိုးပျောက်နဲ.
ရရာ လွယ်ရာ မျော ပါသွားခဲ့ကြရတဲ.
ဘ၀ နဲ.ရင်းခဲ့ရသူ နှမငယ်များလည်း
များလှပေါ့... ။
ဒါတွေကို စေ့စေ့တွေးတော
ငါတို့ရဲ့ အိမ်ခေါင်
ပိုးစားလို့ ခြကိုက်
အမိုးမလုံတဲ့ အိမ်
အဖေ မဟုတ်တဲ.
ပထွေးရိပ်က ငါတို့ရဲ.ဘ၀တွေ
အဖေ အရိပ်စစ်
ဗိုလ်ချုပ်လို လူမျိုးအောက်မှာ
ဘယ်တော့များမှ ခိုနားရပါ့မလဲ...။ ။
ရေးသူ
ကိုမျိုးချစ် ။ ။ ၂၁.၁၂.၁၁
No comments:
Post a Comment