ဒါဆို...............ထိုင်
စာသင်ချိန်အတွင်း စာသင်ခန်းရဲ့ နောက်ဆုံးခုံမှာထိုင်နေတဲ့ ကျောင်းသားနှစ်ယောက်
တတွတ်တွတ်နဲ့ စကားပြောနေကြတာကို ဆရာမကမြင်တော့ မတ်တတ်ရပ်ခိုင်းတယ်..........
ဆရာမ။ ။ ကဲ ထစမ်းပါဦး ဟိုနှစ်ကောင် ........
ကျောင်းသားနှစ်ယောက်လည်း အပိုးမသေတဲ့ မျက်နှာလေးတွေနဲ့
ပျင်းရိပျင်းတွဲ ထရပ်ကြတာပေါ့.......
ဆရာမ ။ ။ ပြောစမ်း!!!!ငါဒီလောက် ရှေ့မှာ သေချာရှင်းပြနေတာကို ဂရုမစိုက်ဘဲ
ဘာတွေများ ပြောနေကြတာလဲ????
ကျောင်းသား ။ ။ဒီလိုပါ ဆရာမ ချယ်ရီဦးနာရီကြော်ငြာထဲက အိန္ဒြာကျော်စင်က
တို့ဆရာမလောက် မလှဘူးဆိုပြီး သူနဲ့ငြင်းနေတာပါ ဆရာမ....
ဆရာမ ။ ။ဒါဆို......ထိုင်~~~~~~~~
No comments:
Post a Comment