အလွမ်းတွေသောင်ထွန်းနေတဲ့
နှလုံးသားဒီကျွန်းမှာ
ဘယ်သောအခါများမှ
အချစ်မိုးတွေစွေနိုင်ဦးမှာလဲ
မိုးနတ်မင်းရေ...
တယုတယနဲ့ပျိုးထောင်လာရင်း
ခွဲခွာချိန်အတွက်
ငါငိုကြွေးတာအပြစ်တဲ့လား
မျက်ရည်မကျကြေးဆိုရအောင်လည်း
ငါ့မှာလေ
ခံစားတတ်တဲ့နှလုံးသားမရှိခဲ့ရင်
ကောင်းတာပေါ့
ခုတော့
ခုတော့ဖြင့်လေ
တစ်ရက်ထက်တစ်ရက်
အလွမ်းတွေ
သတိရစိတ်တွေပိုလာရင်း
နင်မရှိတဲ့နေ့တွေဆို
အသက်ရှူတွေရပ်ရပ်သွားလို့
ပြန်လာပါတော့
ချစ်သူရယ်...
ပြန်လာပါတော့
No comments:
Post a Comment