လ၀ဆွဲ နောက်ထိုးပစ် " လွဲ "
အကြွေးတွေ ပတ်လည်ဝိုင်းနေတဲ့ မိသားစုတစုမှာ ဖခင်က နောက်ရက်မှာ ကြွေးရှင်တွေ အကြွေးလာတောင်းကြမှာမို့ သားငယ်ကို မေးခွန်းလေးခု သင်ပေးထားတယ်...........
(၁) မင်းအဖေ မရှိဘူးလားမေးရင် ........ဘုန်းကြီးကျောင်းကို သွားတယ်လို့ဖြေ
(၂)ဘယ်တော့ပြန်လာမှာလဲ မေးရင် .......မသိဘူးဗျ....သူက တခါတလေကျရင် ကျောင်းမှာပဲ ဘုန်းကြီးတွေနဲ့ညအိပ်တတ်တယ်လို့ဖြေ
(၃)အိမ်က တိရစ္ဆာန်တွေရောလို့မေးရင်........တိရစ္ဆာန်ပဲ သွားချင်ရာသွာြး့ပီး မစင်တွေဘာတွေ စားတာနေမှာပေါ့ (အချို့အကြွေး၇ှင်တွေက တိရစ္ဆာန်တွေကို အကြွေးသိမ်းတတ်လို့)
(၄)မင်း ဒီကိစ္စကို ဘယ်လိုရှင်းမလဲမေးရင်.......အဲဒါအဖေ့ကိစ္စပဲ သူဘာသာသူရှင်းလိမ့်မယ်လို့ဖြေ
ဆိုပြီး သင်ပေးတယ်~~~
နောက်ရက်လည်းရောက်ရော အကြွေးရှင်တွေရောက်လာတော့ အဖေနဲ့အမေက အိမ်နောက်ခန်းထဲဝင်ပုန်းနေပြီး သားလေး တယောက်ထဲ ဧည့်ခန်းမှာ ရှိတာပေါ့..
အကြွေးရှင်တွေ က ~~
မင်းအမေ ဘယ်သွားလဲ??? ဆိုတော့ ကလေးက ပြန်ဖြေတယ် ဘုန်းကြီးကျောင်းကို သွားတယ်ပေါ့
ဘယ်တော့ပြန်လာမှာလဲ ??? မေးတော့ သူကတခါတလေ ကျောင်းမှာပဲ ညအိပ်တတ်တယ်လို့ဖြေတယ်
မင်းအဖေရော မတွေ့ပါလားဆိုတော့ ??? တိရစ္ဆာန်ပဲ သွားချင်ရာသွားပြီး မစင်တွေ စားတာနေမှာပေါ့တဲ့
ဒါနဲ့ အကြွေးရှင်တွေက ဘာမှ ဆက်မပြောဘဲ နေတာပေါ့ ........ကလေးက သူ့အဖေသင်ပေးတာ မေးခွန်းလေးခု သူတို့မေးတာ တခုလိုနေသေးတယ် ဘာလို့ မမေးလဲဆိုပြီး စောင့်နေတာပေါ့ သူကလည်း
အရမ်းဖြေချင်နေတာ သူဘယ်လောက် အဖြေတွေကို မှတ်မိလဲ ဆိုတာ သူ့အဖေသိစေချင်တာကိုး...
အဲဒီအချိန်မှာ ကိုယ်ဝန်ဆောင်ထားတဲ့ အဒေါ်ကြီးတယောက်က သူတို့အိမ်ပေါ်ကို တက်လာပါရော....ဒါနဲ့
အကြွေးရှင်တွေက ဟိုမှာလဲ မပေါ့မပါးကြီးနဲ့ ဘာလာလုပ်တာလဲ မသိဘူး???လို့ပြောတော့ ကလေးက သူ့ကို
မေးတယ်မှတ်ပြီး အဲဒါအဖေ့ကိစ္စ သူဘာသာသူရှင်းလိမ့်မယ်လည်းဆိုရော အိမ်နောက်ဖေးမှာ ပုန်းနေတဲ့ လင်မယားနှစ်ယောက် ထသတ်ကြပါလေရော....................
တဒင်္ဂပြုံးပျော်ရင်း အမောပြေနိုင်ပါစေ...........................
No comments:
Post a Comment