ကြိုက်ရင်ကြိုက်သလိုကြိုက်သလောက်ဖတ်

WELCOME

WELCOME
အချိန်ကုန်ခံပြီးဖတ်.ရှုပေးခြင်းအတွက် ကျေးဇူးတင်ပါသည်

Monday, May 7, 2012

ဖြတ်ထိုးညဏ်သုံးပါ

တစ်နေ့တွင်ကျွန်ုပ်တို့မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်မှာ ကျောင်းသားများသည် စာသင်ရတာညည်းငွေ့သောကြောင့်ပါချုပ်ကြီးမှ လက်တွေ့ညဏ်စမ်းပဟေဠိများဖြင့်ဆွဲဆောင်သည် ညဏ်စမ်းပဟေဠိမှာတခြားမဟုတ်ပါ အမြင့်ပေ ခန့်မှန်းခြေအရ20လောက်ရှိသောချောတိုင်းကြီးတစ်ခုအားအမြင့်ပေတိုင်းခိုင်းခြင်းဖြစ်သည်12 လက်မပေတံတစ်ချောင်းကိုသာသုံးခွင့်ရှိပြီးအချိန်15မိနစ်အတွင်းအဖြေရအောင်တိုင်းရမည်ဖြစ်သည် ပါချုပ်ကြီးကတော့ ကျောင်းသားများရဲ့ဖြတ်ထိုးညဏ်ဘယ်လောက်ရှိလဲဆိုတာစမ်းသပ်ချင်တာကြောင့်အားရပါးရပဲပြောချလိုက်သည် ကဲအမောင်ကျောင်းသားတို့မင်းတို့ရဲ့ကြိုးစားမှုအပေါ်ဆုပေးဒဏ်ပေးစနစ်သုံးမယ် တစ်ခါတစ်လေတော့လည်းကျွန်တော်တို့ကျောင်းကအဲလိုပျော်စရာလေးတွေနဲ့ဗျ စလို့ရပြီဆိုတာနဲ့ မောင်မင်းကြီးသားအင်ဂျင်နီယာတွေကစပြီင်္းတွက်ချက်တော့တာပေါ့ တစ်ချို့ကောင်တွေကလည်းဆီသုပ်ထားတဲ့ချောတိုင်ကြီးကို15မိနစ်အတွင်းရအောင်တက်တိုင်းပြီးဆုတွေယူမယ်ပေါ့ တစ်ချို့လေကြောင်ါ်အင်ဂျင်နီယာလောင်းတွေကတော့ရဟတ်ယဉ်ကိုအသုံးပြုမယ်တဲ့ဒါနဲ့ ရဟတ်ယဉ်ကိုသုံးရင်သူ့ရဲ့ပန်ကာကဘယ်လောက်ရှည်တယ်ပေတံကိုဘယ်လော့ရှည်တဲ့တုတ်မှာတပ်ပြီးတိုင်းရမယ်စသဖြင့်ပေါ့ အင်ဂျင်နီယာတွေဆိုတော့တွက်ချက်ချင်ကြတာပေါ့ အဲလိုတွက်ချက်ရင်းနဲ့ဘယ်သူမှဘာမှတိုင်းလို့မရလိုက်ပါဘူး အချိန်စေ့သွားတယ် 15မိနစ်ဆိုတာများတာမှမဟုတ်တာ ဒီတော့ပါချုပ်ကြီးကလည်းရှူးနေအောင်စိတ်တိုတာပေါ့ အသုံးမကျတဲ့ကောင်တွေဆိုပြီးကြည့်တယ် ပြီးတော့ရှိသမျှအားတွေနဲ့ချောတိုင်ကြီးကိုပြေးကန်လဲလိုက်တယ်တိုင်ကသေးသေးနဲ့တွင်းတိမ်တိမ်လေးမှာစိုက်ထားတော့တစ်ချက်ကန်ပါပဲတုန်းကနဲလဲသွားတယ် ပြီးမှ အဲဒီပေတံယူလာခဲဆိုပြီးချတိုင်းပြတယ် တွေ့လားငါတိုင်းလိုက်တာ 10 မိနစ်တောင်မကြာလိုက်ဘူး မင်းတို့အင်ဂျင်နီယာဖြစ်ဖို့မတန်သေးဘူးဆိုပြီးဆူပူကြိမ်းမောင်းသွားတယ် ကျောင်းသားတွေကတော့လက်ခုပ်သံတွေနဲ့ပေါ့ ဒီလောက်လွယ်တဲ့အလုပ်ကိုငါတို့မေ့နေတယ်ဆိုပြီးသတိရတဲ့ပါချုပ်ကြီးကိုသြဘာပေးကြတယ် ဒါပေမဲ့သူတို့ထဲကတစ်ယောက်ကသူ့ဘေးနားကသူငယ်ချင်းကိုတိုးတိုးလေးပြောနေတယ်
ဟေ့ရောင်မင်းကဘာလို့လက်ခုပ်တီးလဲ ငါတို့ကိုတိုင်းခိုင်းတော့အမြင့်တိုင်းခိုင်းတာကွ ခုပါချုပ်ကြီးတိုင်းသွားတာကအလျားကြီးကိုတိုင်းပြသွားတာတော်တော်နောက်တဲ့ပါချုပ်ကြီး

No comments:

Post a Comment