ကြိုက်ရင်ကြိုက်သလိုကြိုက်သလောက်ဖတ်

WELCOME

WELCOME
အချိန်ကုန်ခံပြီးဖတ်.ရှုပေးခြင်းအတွက် ကျေးဇူးတင်ပါသည်

Tuesday, May 8, 2012

ဆုံနိုင်ခွင့်

လွင့်ပါစေတော့လေ
စိတ်ရှိလက်ရှိ
တိမ်တိုက်တစ်ခုရဲ့ရွေ့လျားမှု
ဘယ်လောက်တောင်ဝေးကွာသွားပါစေ
ငါ မလွမ်းမိဘူး
နင်ထွက်သွားမှာတော့
ငါစိုးထိတ်နေမိတယ်
လှပတဲ့မျက်ဝန်းတစ်စုံ
ခဏတာဖြစ်ဖြစ်တော့
ငေးမောခွင့်ပေးပါလား
တစ်ဘ၀စာဆိုရအောင်လည်း
ငါ့မှာပိုင်ဆိုင်တာဆိုလို့
ရင်ခုန်သံခပ်ပြင်းပြင်းပဲရှိတယ်
မင်းမရှိလို့မသေနိုင်ရင်တောင်
သေလောက်အောင်ထိလွမ်းနေမိမှာ
တကယ်ပါချစ်သူ
မုန်းဖို့ချစ်ခဲ့တာမဟုတ်လို့
လမ်းခွဲချိန်အတွက်
ကြိုတင်မပြင်ဆင်ခဲ့မိဘူး
ငါ့အပြစ်တွေပါ
မင်းကိုနုတ်ဆက်ဖို့
လမ်းခွဲတယ်ဆိုတဲ့ဝေါဟာရကို
အဘိဓာန်မှာရှာပြီးကျက်ရဦးမယ်
ခက်ပါတယ်လေ
အလိုက်ကန်းစိုးမသိတဲ့
ဒီရင်ဘတ်နဲ့တော့
မိုးထဲရေထဲမှာတောင်
ဆုံနိင်ခွင့်ကိုတောင်းဆိုနေတုန်း

No comments:

Post a Comment