ငါ့ပါးစပ်ကချစ်ပါတယ်ချစ်ပါတယ်လို့တဖွဖွပြောမိရင်
ငါ့ကိုရိုးအီမသွားပါနဲ့နင့်ကိုချစ်တဲ့စိတ်တွေငါ့ရင်နဲ့မဆံ့တော့လို့ဖွင့်ပြောမိတာ
နင်ငါ့ကိုနားလည်ပေးပါ
နင်ငါ့ကိုချစ်ပါတယ်ဆိုတဲ့စကားကိုထပ်ကာထပ်ကာပြန်ကြားချင်တဲ့အခါ
ငါ့ကိုစိတ်ပျက်မသွားပါနဲ့နင့်နုတ်ဖျားကငါ့ကိုချစ်တယ်ဆိုတဲ့စကားကိုကြားရတိုင်း
အားအင်တွေပြည့်ဝလာပြီးအရာရာကိုရင်ဆိုင်ကျော်ဖြတ်နိုင်လို့
နင်ငါ့ကိုနားလည်ပေးပါ
နင့်ကိုတွေ့တိုင်းဆွံ့အနေတတ်တဲ့ငါ့ကိုစိတ်မကေုန်ပါနဲ့ နင့်ကိုသတိရစိတ်တွေ ချစ်တဲ့စိတ်တွေပြွတ်သိပ်ရင်းနဲ့
အစဖော်မရတာ
နင်ငါ့ကိုနားလည်ပေးပါ
နင့်နုတ်ခမ်းလေးကိုခဏခဏနမ်းတဲ့အခါငါ့ကိုမငြိုငြင်ပါနဲ့
မတော်တဆနင်ငါ့ကိုထားသွားခဲ့ရင် အဲဒီအနမ်းလေးတွေနဲ့ပဲငါအသက်ဆက်ရမှာမို့
နင်ငါ့ကိုနားလည်ပေးပါ
နင်နဲ့ဆုံရတိုင်းကျစ်ကျစ်ပါအောင်ဖက်ထားတတ်တဲ့ငါ့ကိုစိတ်မကုန်ပါနဲ့
နင်မရှိရင်မဖြစ်တဲ့ငါ့ဘ၀မှာနင့်ကိုဘယ်လိုမှဆုံးရှုံးမခံနိုင်လို့
နင်ငါ့ကိုနားလည်ပေးပါ
ချစ်သူများနေ့ရောက်တိုင်းပန်စည်းလှလှလေးတွေ အရုပ်လှလှလေးတွေမပေးနိုင်တဲ့ငါ့ကိုငြီးငွေ့မသွားပါနဲ့
နင့်ကိုသစ္စာရှိရှိချစ်ပြနိုင်တာကလွဲလို့ ချို့တဲ့တဲ့ငါ့ဘ၀အခြေအနေကို
နင်ငါ့ကိုနားလည်ပေးပါ
လူသူတွေများတဲ့နေရာကိုနင်နဲ့အတူတူတွဲမသွားချင်တာငါ့ကိုတစ်မျိုးမထင်ပါနဲ့
ငါ့ကြောင့်နင့်အသိုင်းအ၀ိုင်း နင့်ဘော်ဒါတွေကြားထဲမှာနင်မျက်နာငယ်ရမှာမို့
နင်ငါ့ကိုနားလည်ပေးပါ
နင်တခြားသူတွေနဲ့ဖော်ဖော်ရွေရွေစကားပြောနေတိုင်းသ၀န်တိုတတ်တဲ့ငါ့ကိုစိတ်မကုန်ပါနဲ့
ငါ့ရင်ထဲမှာလည်းနင်တစ်ယောက်ပဲရှိလို့နင့်ရင်ခွင်ကိုလည်းငါတစ်ယောက်ပဲပိုင်စိုးချင်တယ်
နင်ငါ့ကိုနားလည်ပေးပါ
နင်နဲ့ပတ်သက်တဲ့အကြောင်း နင့်ကိုချစ်တဲ့အကြောင်းဘာမဟုတ်တဲ့ငါက
ဖတ်လို့မကောင်းတဲ့ ကဗျာတွေစာတွေလျှောက်ရေးတဲ့အခါနင်ငါ့ကိုစိတ်မကုန်ပါနဲ့
ငါ့အတွေးထဲ ငါ့ရင်ဘတ်ငါ့အသွေးအသားထဲတိုင်းမှာနင့်အကြောင်းတွေပဲပြည့်နေတာမို့
စကားလုံးတစ်လုံးရေးမိတိုင်းနင့်အကြောင်းပဲဖြစ်ဖြစ်နေတာ
နင်ငါ့ကိုနားလည်ပေးပါ
No comments:
Post a Comment