ကြိုက်ရင်ကြိုက်သလိုကြိုက်သလောက်ဖတ်

WELCOME

WELCOME
အချိန်ကုန်ခံပြီးဖတ်.ရှုပေးခြင်းအတွက် ကျေးဇူးတင်ပါသည်

Thursday, May 10, 2012

မနက်ဖန်အတွက် အစီအစဉ်များ

1. မနက်မိုးလင်းလင်းခြင်း မင်းအကြောင်းတွေးမယ်

2. အဲဒါပြီးရင် မင်းကိုသတိရမယ်

3. အဲဒါပြီးရင်မင်းကိုလွမ်းမယ်

4. အဲဒါပြီးရင် မင်းကိုသတိရတဲ့အကြောင်းတွေကို ကဗျာမဟုတ်စာမဟုတ်လေးတွေအဖြစ်ချရေးမယ်

5. အဲဒါပြီးရင်မင်းနဲ့တွေ့ဖို့ကြိုးစားမယ်

6. အဲဒါပြီးရင်မင်းရှိတဲ့ဆီကိုဘယ်လိုနည်းနဲ့ဖြစ်ဖြစ်ရောက်အောင်လာမယ်

7. အဲဒါပြီးရင် မင်းမျက်နှာလေးကို ခိုးကြည့်မယ် (ဒဲ့မကြည့်ရဲသေး)

8. အဲဒါပြီးရင် မင်းအသံလေးကိုခိုးနားထောင်မယ်

9. အဲဒါပြီးရင် မင်းမျက်နှာလေးကိုငါ့ရဲ့အမြင်အာရုံထဲမှာမှတ်သွားမယ်

10. အဲဒါပြီးရင် မင်းနဲ့တွေခဲ့ရတာတွေကိုတွေရင်းငါပျော်မယ်

11. အဲဒါပြီးရင် မင်းနာမည်ကို တိုးတိုးလေးခေါ်ရင်ငါပြုံးမယ် (ဘယ်သူမှမကြားအောင် )

12. အဲဒါပြီးရင် အိပ်မက်ထဲမှာမင်းနဲ့တွေ့မယ်

13. အဲဒါပြီးရင် မင်းနဲ့ငါ အိပ်မက်ထဲမှာကမ္ဘာသစ်တစ်ခုတည်ဆောက်မယ်

14. အဲဒါပြီးရင် မင်းနဲ့အတူတူငါ့တိုချစ်ကမ္ဘာလေးမှာနေမယ်

15. အဲဒါပြီးရင် မနက်လင်းမယ်

အဲဒါပြီးရင် ..........???????????????

နေပါဦး

အော် ခုမှသတိရတယ်

ငါ ..အသက်ရှူဖို့မေ့ကျန်နေခဲ့တာပါလား.....။ ။

No comments:

Post a Comment