ကြိုက်ရင်ကြိုက်သလိုကြိုက်သလောက်ဖတ်

WELCOME

WELCOME
အချိန်ကုန်ခံပြီးဖတ်.ရှုပေးခြင်းအတွက် ကျေးဇူးတင်ပါသည်

Monday, May 7, 2012

ကမ္ဘာဦးက သီအိုရီ

တခါတုန်းက  ဇီဝဗေဒပညာရှင်ရယ်၊ ဓါတုဗေဒပညာရှင်ရယ်၊ရူပဗေဒပညာရှင်ရယ် သူငယ်ချင်းသုံးယောက်က
သူတို့နဲ့  သက်ဆိုင်တဲ့ အကြောင်းအရာတွေကို လေ့လာဖို့ ပင်လယ်ထဲက  ကျွန်းလေးတစ်ကျွန်ဆီကို  မော်တော်ဘုတ်လေးနဲ့ သွားကြတယ်.........
ကျွန်းကို ရောက်တော့ ကမ်းခြေမှာ သုံးယောက်သား လမ်းလျောက်ကြရင်းနဲ့  ဇီဝဗေဒပညာရှင်က ရေထဲမှာနေတဲ့ သတ္တ၀ါတွေအကြောင်း လေ့လာဖို့ ရေထဲကို ဆင်းသွားလိုက်တာ ပြန်ပေါ်မလာတော့ဘူး.....
နောက်ရူပဗေဒ  ပညာရှင်ကလည်း  ရေအောက်မှ ဖိအားဘယ်လောက်များတယ် သိပ်သည်းဆဘယ်လောက်
ရှိတယ်ဆိုတာကို  တိုင်းတာဖို့ ရေထဲဆင်းသွားတာ ပြန်ကို ပေါ်မလာတော့ဘူးတဲ့.......ဒါနဲ့ ဓါတုဗေဒပညာရှင်က
တော်တော်ကြာအောင် ရပ်စောင့်နေတာပေါ့ ............ပြန်ပေါ်လာသင့်ချိန်မှာ ပေါ်မလာတော့ ဓါတုဗေဒပညာရှင်ကနေ  formula(ပုံသေနည်း) တခုကို ဖော်ထုတ်ခဲ့တယ်........အဲဒါက "ဇီဝဗေဒပညာရှင်နှင့်
ရူပဗေဒပညာရှင်တို့သည်   ရေတွင်ပျော်ဝင်နိုင်သည်" တဲ့လေ............:p

No comments:

Post a Comment