ကြိုက်ရင်ကြိုက်သလိုကြိုက်သလောက်ဖတ်

WELCOME

WELCOME
အချိန်ကုန်ခံပြီးဖတ်.ရှုပေးခြင်းအတွက် ကျေးဇူးတင်ပါသည်

Monday, July 2, 2012

ဒီချိန်ဆိုသူတို့တွေနဲ့အတူ

ချိန်ညနေခင်း

ရေခပ်ဆင်းလာတဲ့လုံမေပျိုတွေနဲ့

ဝေလေလေလုပ်နေတဲ့

ကာလသားတစ်သိုက်ကတော့

ဖျော့တော့တော့နေရောင်နှင့်အတူ

လူပျိုလှည့်နေကြလေရဲ့

အနေခက်လို့

ရှက်သွေးကဖြာ

မာယာတော့မများတတ်ဘူး

အလျှိုလျှိုသွင်းလာတဲ့နွားအုပ်တွေနဲ့

ရေဆာလာသူ

နွားကျောင်းသားကိုလူငယ်ကြောင့်

ဖြောင့်ဖြောင့်မသွားတတ်သေးတဲ့

နွားငယ်လေးခမျာ

ဝါးရင်းတုတ်စာနဲ့ မိတ်ဆက်နေရတယ်

မလှပပေမဲ့

ရေဖြည့်ပြီးနွေးထားတဲ့

ချဉ်ပေါင်းဟင်းပန်းကန်ကြီးအတွက်

လက်တွေကြက်ခြေခတ်နေလွန်းလို့

ဇွန်းအလှည့်ရအောင်

စောင့်မျှော်နေကြရတယ်

နယ်နယ်ရရတော့မထင်နဲ့

ဒီကနေ့တင်ဆက်မှာက

ရွာသူရွာသားများစောင့်စားနေကြတဲ့

ဖိုက်ကားတဲ့

မှတ်ထားတဲ့နေရာ

လူတကာဝင်မလုရအောင်

ထုထောင်းအော်ငေါက်ရဦးမယ်

ဇာတ်ကားဆုံးရင်တော့

ရွာကျောင်းကတုံးခေါက်သံကိုစောင့်ရင်း

ထင်းမီးဖိုလေးအရှိန်သေသွားရင်

အိပ်ယာဝင်တော့မှာပါ

မနက်ဖန်ခါ

ဝါပင်တွေအတွက်ပေါင်းသင်ရဦးမယ်

No comments:

Post a Comment