ကြိုက်ရင်ကြိုက်သလိုကြိုက်သလောက်ဖတ်

WELCOME

WELCOME
အချိန်ကုန်ခံပြီးဖတ်.ရှုပေးခြင်းအတွက် ကျေးဇူးတင်ပါသည်

Monday, July 2, 2012

ထိုသို့သောညတစ်ည၀ယ်

နေ၀င်ချိန်တွေစောခဲ့

လမိုက်တဲ့ညည့်နက်ချိန်ဝယ်

ကြယ်စင်တွေလည်းခရီးနှင်သွားတာကြောင့်

နှောင့်ယှက်သူတိမ်မည်းထူတွေအောက်

လမ်းမပျောက်အောင်တွက်ချက်

လျှပ်လက်ချိန်ကိုစောင့်စားရင်း

ခြေတစ်လှမ်းနင်းဖို့အတွက်တောင်

ရက်စက်မဲ့သူမရှိပါစေနဲ့

ဆုတွေခြွေခဲ့ရသေးတယ်

ဘယ်မြေပုံကမှ

လမ်းမပြရင်နေပါစေ

လေကြမ်းတွေနဲ့တော့

မတိုက်ခတ်ပါနဲ့လား

အားနွဲ့တဲ့အညတရတွေအတွက်

ပြဿဒါးရက်တွေက

ဆက်ဆက်နေလွန်းလို့ပါ

တွန်းပို့ဖို့မတောင်းဆိုဘူး

ငိုယိုပြီးလည်းအသနားမခံဘူး

ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးမှာမို့

နံမည်ကြီးသယောင်ယောင်

ခေါင်းဆောင်ပြီးလမ်းပြနေသူသာ

လာသမျှလူတွေအတွက်

ရှေ့ဆက်ဖို့ပိတ်ဆို့မနေပါနဲ့

တဆိတ်

တိတ်တိတ်လေးဘေးထွက်ပြီး

တိုးတက်ခွင့်ပြုစမ်းပါ

ဟိုး ဘက်ကမ်းမှာ

အလင်းတန်းလေးတွေ့လိုက်ရလို့

No comments:

Post a Comment