အချစ်ကိုရူးသွပ်ခဲ့ပေမယ့်
အစစ်မဟုတ်တဲ့အတွက် ဦးမညွှတ်ပါရစေနဲ့
ထွက်မသွားပါနဲ့လို့လည်း ငါမတားပါဘူး
နင့်စိတ်နဲ့နင် ခရီးနှင်တာ
ဝမ်းနည်းစရာတချက်မှမပါဘူး
နင်ဦးတည်ရာ က ကောင်းကင်ဆိုရင်
ငါဆက်လျှောက်မှာ မြေပြင်ပါပဲ
မတူညီတဲ့ ရည်ရွယ်ချက်တွေအတွက်
ဆုံမှတ်ဆိုတာက နတ္ထိ
ပကတိအတိုင်း မမြင်နိုင်သရ်ျ
ငါတို့နှလုံးသားတွေ ဝေးကြတာပေါ့
မာယာကို ရေလိုသုံးပြီး
စကားလုံးမှာ ကျွမ်းကျင်တဲ့ နင်နဲ့
အဖြူသက်သက်ကိုပဲ တမ်းတတဲ့ငါ
မြားနတ်မောင် လွဲပစ်တယ်ပဲပြောမလား
သုံးနဲ့လေးလို ကျောချင်းပေးပြီး
ခပ်ဝေးဝေးကို လျှောက်ကြတာပေါ့
ဆည်းဆာချိန်ကို ရင်ခုန်ခဲ့ငါ့ နှလုံးသားကိုလဲ
တို့နှစ်ယောက်ရဲ့ အမုန်းတရားတွေကြောင့်
အလွမ်းတောင်စွယ်ရဲ့ နေကွယ်ချိန်မှာ
အရှင် လတ်လတ်ပဲ ငါစတေးခဲ့တယ်
မက်မောခဲ့တာက ရင်ခုန်ဘက်
အလိမ်အညာတ၀က်နဲ့ ရောက်လာတဲ့ နင့်အချစ်ကို
ဂိမ်းတပွဲလောက် ငါရင်မခုန်တော့လို့
ယဉ်ယဉ်ကျေးကျေးလေးပဲ
နှုတ်ဆက်လိုက်တယ်
sorry............ကောင်မလေးရေ..........
No comments:
Post a Comment