ကြိုက်ရင်ကြိုက်သလိုကြိုက်သလောက်ဖတ်

WELCOME

WELCOME
အချိန်ကုန်ခံပြီးဖတ်.ရှုပေးခြင်းအတွက် ကျေးဇူးတင်ပါသည်

Friday, August 24, 2012

အရှုံးသမား

အချစ်နဲ့ပတ်သက်ရင်
နွံနစ်တတ်တဲ့
ချည့်နဲ့နဲ့နှလုံးသားကြောင့်
နင့်မာယာတွေထဲက
ရုန်းမထွက်နိုင်ခဲ့ပါဘူး
ယုံကြည်ကိုးစားမှုတွေရှေ့မှောက်
ကျပျောက်ခဲ့ရတဲ့
သစ္စာတရားတွေအတွက်
ရင်ခုန်သံတွေတန်ဘိုးမဲ့ခဲ့ရပြီ
မပီပြင်သေးတဲ့အိပ်မက်တွေလည်း
နင့်လှည့်ကွက်တွေကြား
ဝိုးတ၀ါးနဲ့ပျက်ပျယ်ခဲ့ရပေါ့
ခေတ်ရေစီးကြောင်းကိုယိုးမယ်ဖွဲ့ရင်း
နင်ထည်လဲတွဲတဲ့စာရင်းထဲမှာ
ငါပါဝင်ခဲ့မိတာ
တကယ်ရင်နာတယ်
တမင်တကာဖန်လာတဲ့
ဒီကံကြမ္မာဆိုးတွေနဲ့
လမိုက်တဲ့ညနက်လယ်မှာတေလေလုပ်ရင်း
သီချင်းစပ်ကဗျာတွေရေး
အတွေးထဲနင်ဝင်လာရင်တော့
ဟင်း...
ငါ့စာသားတွေကြေကွဲရဦးမယ်

No comments:

Post a Comment