မဖိတ်ခေါ်ပါဘူး
ရောက်လာပြန်တော့လည်း
ငါ့နှလုံးသားက
ဆီးကြိုနေချင်သေးတယ်
ထွေးပွေ့မှုတွေအပြည့်နဲ့လေ
ငှက်ငယ်ရေ
နင်ကြိုက်တဲ့အကိုင်းမှာနား
နင်ကြိုက်တဲ့အသီးကိုခူးစားပါ
ယုယမှုတွေပေးချင်နေတာတော့
ငါ့ကိုယ်ငါတောင်သံသယဖြစ်မိပါရဲ့
နှင်းတွေကျလာမဲ့နေ့ကို
တွေးတွေးပြီးကြောက်နေမိတယ်
အဲဒီအချိန်ဆို
ငါ့ရင်ကိုစုန်ကန်ပြီး
ဟိုးတောင်ဘက်ဆီကို
နင်ပျံသွားမှာမလား
ငါ့မှာတော့
မျက်ရည်စက်တွေ
နှင်းစက်တွေနဲ့
ဆောင်းရာသီမှာတောင်
နင်ပေးတဲ့ဒဏ်ရာတွေပူလောင်လွန်းလို့
ချမ်းအေးခြင်းကိုမေ့နေမဲ့သူ
နွေဦးပေါက်ရင်တော့
နင်ငါ့ဆီပြန်လာကောင်းပါရဲ့လေ...
No comments:
Post a Comment