ကြိုက်ရင်ကြိုက်သလိုကြိုက်သလောက်ဖတ်

WELCOME

WELCOME
အချိန်ကုန်ခံပြီးဖတ်.ရှုပေးခြင်းအတွက် ကျေးဇူးတင်ပါသည်

Monday, June 18, 2012

ချစ်သူသိစေတော့



နင်ငါ့ကိုအချိန်တိုင်းသတိရဖို့မလိုပါဘူး
အချိန်အကြာကြီးပဲသတိရနေစေချင်တာ
နင်ငါ့ကိုသေလောက်အောင်ချစ်ဖို့မလိုပါဘူး
သေတဲ့အထိချစ်နေစေချင်တာ
နင်ငါ့ကိုအိပ်မက်ထဲထိဆွဲခေါ်စရာမလိုပါဘူး
တရေးနိုင်းရင်ပဲအမှတ်ရနေစေချင်တာ
နင်ငါ့ကိုပြုစုယုယဖို့မလိုပါဘူး
ဒဏ်ရာတွေပေးမသွားစေချင်တာ
နင်ငါ့ကိုဖက်ထားဖို့မလိုပါဘူး
ဟိုးအဝေးကြီးကိုထွက်မသွားစေချင်တာ
နင်ငါ့ကိုတွေ့တိုင်းလွမ်းပြနေစရာမလိုပါဘူး
ရင်ထဲမှာပဲအမြဲရှိနေစေချင်တာ
နင်ငါ့ကိုမခွဲနိုင်လို့ငိုနေစရာမလိုပါဘူး
ဝေးနေရတဲ့အချိန်ကြားစကားတွေကိုမျက်ကွယ်ပြုနေစေချင်တာ

No comments:

Post a Comment