နှစ်သိမ့်မရတဲ့
မျက်ရည်စက်တွေနဲ့
အကြိမ်ကြိမ်တားဆီးတဲ့ကြားက
ဒီတစ်ခါလည်းငိုမိပြန်ပြီ
နင်မရှိတော့ဘူးတဲ့
မပြောနဲ့
ဒီစကားကို
ဘယ်သူကမှမပြောကြပါနဲ့
နင်ရှိနေသေးတယ်
နင်ရှိနေရဦးမယ်
ငါတစ်ယောက်တည်း
မနက်ခင်းတိုင်းလည်း
နင့်ကိုမလွမ်းချင်တော့ဘူး
နေညိုရင်လည်း
ငိုမနေချင်တော့ဘူး
နင့်နားမှာပဲနေချင်တာ
နင့်ကိုနုတ်ဆက်ဖို့
ငါ့နုတ်ခမ်းတွေဆွံ့အနေတုန်း
မျက်ရည်တွေလည်း
ခမ်းခြောက်တော့မယ်
အသည်းအစအနတွေနဲ့ပဲ
ရင်ခွင်လည်းမွန်းကျပ်လှပြီ
ဘာကြောင့်မှန်းတော့မသိဘူး
ဒီလိုမိုးတွေရွာလာတိုင်း
ငိုငိုနေမိလို့
တိမ်မည်းကြီးတွေကိုတောင်စိုးရွံ့နေတယ်
နင်ပြန်မလာတာလည်း
အတော်ကြာနေပြီပဲလေ...
No comments:
Post a Comment