ငါမျှော်လင့်ဖူးပါတယ်
ဖြစ်မလာတော့လည်း
ဘာကိုမှအပြစ်မတင်လိုတော့ပါဘူး
ငါယုံကြည်ဖူးပါတယ်
ပြိုလဲသွားတော့လည်း
ဘာကိုမှမယုံကြည်နိုင်တော့ဘူး
ငါကြားဖူးပါတယ်
အခွင့်အရေးဆိုတာ
နှစ်ခါမလာတတ်တော့လည်း
မဖမ်းဆုပ်နိုင်လိုက်ခြင်းအတွက်
ငါ့ကိုယ်ငါခွင့်မလွတ်တော့ဘူး
ချစ်သူ...
နေ၀င်ချိန်တွေစောပြီး
ရက်စက်ခြင်းတွေကြီးစိုးလာတယ်
စောင့်ဆိုင်းခြင်းရာသီတွေမှာ
ငါတစ်ယောက်တည်း
ကြိတ်ပြီးလွမ်းရတာတွေကိုလည်း
နင်မသိပါစေနဲ့တော့ဟာ
နင်ထားခဲ့ပေမဲ့လည်း
ငါ့အမှားတွေကိုပွေ့ပိုက်ရင်း
ပြန်လာချိန်ကိုစောင့်နေမိသေးတယ်...
No comments:
Post a Comment