ကြိုက်ရင်ကြိုက်သလိုကြိုက်သလောက်ဖတ်

WELCOME

WELCOME
အချိန်ကုန်ခံပြီးဖတ်.ရှုပေးခြင်းအတွက် ကျေးဇူးတင်ပါသည်

Friday, June 15, 2012

ရင်ခုန်သံကင်းမဲ့ဇုန်

သူငယ်ချင်းဆိုတဲ့
စကားလုံးတွေရဲ့နောက်ကွယ်မှာ
မင်းအပြုံးလေးကို
တိတ်တိတ်လေးစွဲမက်ဖူးတယ်
ခင်မင်မှုဆိုတဲ့
ကန့်လန့်ကာနောက်ကွယ်က
မင်းမျက်ဝန်းလေးကို
ခိုးခိုးပြီးငေးဖူးတယ်
သံယောဇဉ်ဆိုတဲ့
နှောင်ကြိုးတွေကြားထဲမှာ
လူမသိသူမသိ
ကြိတ်ပြီးငိုကြွေးဖူးတယ်
သူငယ်ချင်း
မင်းချမ်းနေတာသိပေမဲ့
အေးစက်တဲ့ငါရင်ခွင်ထဲ
မင်းကိုဘယ်လိုမှေးစက်ခွင့်ပြုနိုင်မှာလဲ
ခါးသီးမှုတွေ
မြိန်ရှက်စွာစားသုံးရင်း
တစ်နေ၀င်တစ်မိုးသောက်နဲ့
အဆုံးရောက်ထိမှောင်မှိုက်တဲ့ငါ့ဘ၀ထဲ
နင်ဝင်မလာပါနဲ့တော့
ငါ့ရင်ခွင်ကို
ရင်ခုန်သံကင်းမဲ့ဇုန်အဖြစ်သတ်မှတ်လိုက်ပြီ
(မည်သူတစ်ဦးတစ်ယောက်မျှမှေးစက်ခွင့်မပြု)

No comments:

Post a Comment