ဒါလေးတင်ပါပဲ
ငယ်ငယ်တည်းက
နင်ငိုရင်
ငါချော့ချင်ခဲ့တာ
နင်ကြောက်ရင်
ငါရဲရင့်ပြချင်ခဲ့တာ
နင်စိတ်ညစ်ရင်
ငါနှစ်သိမ့်ပေးချင်ခဲ့မိတာ
နင်အထီးကျန်ရင်
ငါအဖော်ပြုပေးချင်ခဲ့မိတာ
နင့်ကိုငယ်ချစ်ဦးလို့
ငါကသတ်မှတ်ချင်တာ
နင်ကငါ့ကို
ငယ်သူငယ်ချင်းတဲ့
ငါ့နားမှာဘယ်သူတွေရှိရှိ
နင့်ကိုပဲလွမ်းနေမိတာ
နင့်နားမှဘယ်သူမှမရှိတော့ရင်
တစ်ခါတစ်ခါတော့
ငါ့ကိုသတိရတယ်မလား
ငါလည်းနင့်ကိုချစ်တာပဲ
နင်လည်းငါ့ကိုမှမမုန်းနိုင်တာ
ဘာတွေများလိုသေးလို့လဲ
ဟုတ်တယ်
နင့်နဲ့ငါ့ကြားမှာ
သူငယ်ချင်းဆိုတဲ့စည်းက
မြင့်လွန်းတယ်
ဒါကိုကျော်ဖြတ်ဖို့
အားနွဲ့ချင်ယောင်ဆောင်တဲ့နင့်ကို
ငါမသိချင်ယောင်ဆောင်ခဲ့တာလည်း
ကြာပါပြီလေ
နင်မှသတ္တိမရှိတာကို
No comments:
Post a Comment