ကြိုက်ရင်ကြိုက်သလိုကြိုက်သလောက်ဖတ်

WELCOME

WELCOME
အချိန်ကုန်ခံပြီးဖတ်.ရှုပေးခြင်းအတွက် ကျေးဇူးတင်ပါသည်

Sunday, May 20, 2012

လမ်းခွဲ

တွဲထားချင်ပေမဲ့
ငါတို့လက်တွေမှမခိုင်တော့တာ
ဖက်ထားချင်ပေမဲ့
ရင်ခွင်ချင်းလည်းကွာဝေးရတော့မယ်
နမ်းရှိုက်ချင်ပေမဲ့
နုတ်ခမ်းတွေလည်းအေးစက်သွားခဲ့ရပြီ
သွားပါတော့
တားပိုင်ခွင့်မှမရှိတော့တာ
နင်ရယ်ငါတကယ်ချစ်ခဲ့တယ်ဆိုတာတော့
နှလုံးသွားတွေကိုမညာပါနဲ့
အချိန်ကာလတွေနဲ့
နေရာဒေသတွေက
ငါ့တို့သစ္စာတရားတွေကို
အရောင်မဖျော့နိုင်ဘူးလို့
ငါယုံကြည်နေသေးတယ်
မေ့ပစ်ဖို့ကြိုးစားလဲ
ကျရှုံးမှုတွေပဲကြုံတွေ့ဦးမှာမို့
နင်ထားခဲ့တဲ့ အတိုင်းရှိနေဦးမှာပါ
နင်ထားခဲ့တဲ့ အတိုင်း
တစ်ယောက်တည်း...

No comments:

Post a Comment