ကြိုက်ရင်ကြိုက်သလိုကြိုက်သလောက်ဖတ်

WELCOME

WELCOME
အချိန်ကုန်ခံပြီးဖတ်.ရှုပေးခြင်းအတွက် ကျေးဇူးတင်ပါသည်

Saturday, May 19, 2012

နင်ဖတ်ဖတ်မဖတ်ဖတ်

နင့်ကိုငါချစ်တယ်
အဲဒါဘာဖြစ်လဲ
နင်ချစ်ချစ်မချစ်ချစ်
ငါ့မှာချစ်ခွင့်မရှိဘူးလား
နင့်ကိုငါခိုးကြည့်တယ်
အဲဒါဘာဖြစ်လဲ
နင်သိသိမသိသိ
ငါ့မှာကြည်နူးခွင့်မရှိဘူးလား
နင်နဲ့စကားတွေပြောတယ်
အဲဒါဘာဖြစ်လဲ
နင်ကြားကြားမကြားကြား
ငါ့မှာရင်ဖွင့်ခွင့်မရှိဘူးလား
နင့်ကြောင့်ငါငိုတယ်
အဲဒါဘာဖြစ်လဲ
နင်ရှိရှိမရှိရှိ
ငါ့မှာနင့်ကိုလွမ်းဆွတ်ခွင့်မရှိဘူးလား
ထားပါ
ငါပဲမှားတာပါ
နင့်ဓာတ်ပုံနဲ့မှစကားပြောမိတာကို

No comments:

Post a Comment