ကြိုက်ရင်ကြိုက်သလိုကြိုက်သလောက်ဖတ်

WELCOME

WELCOME
အချိန်ကုန်ခံပြီးဖတ်.ရှုပေးခြင်းအတွက် ကျေးဇူးတင်ပါသည်

Sunday, May 20, 2012

tearlogy(မျက်ရည်ဗေဒ)

အချစ်တဲ့
မှတ်မိသေးတယ်
ငါငယ်ငယ်ကတည်းက
ဒီဘာသာစကား
ဘယ်သင်ခန်းစာမှာမှ
မတွေ့ခဲ့ဖူးဘူး
မင်းကြောင့်ပဲ
သင်ကြားတတ်မြောက်ခဲ့ရတာ
မင်းကြောင့်ပဲချစ်တတ်ချင်လာတာ
မင်းကြောင့်ပဲသတိရတတ်တာ
လွမ်းတတ်လာတာတွေ
မဟုတ်ဘူး
တကယ်တော့
မင်းသင်ပေးခဲ့တာ
မျက်ရည်သင်ခန်းစာတွေရောပဲ
ရက်စက်ခြင်းခေါင်းစဉ်အောက်က
အလွမ်းပုစ္ဆာတွေတွက်ရင်း
ငါငိုငိုနေရတာ
မင်းမှမသိတာလေ
တကယ်ဆိုရင်
မျက်ရည်ဆိုတာ
နှလုံးသားကွဲကြေမှုရဲ့
အဖြူရောင်သွေးစက်တွေပဲ
ဒီဘာသာရပ်ကိုကျေညက်မှ
ချစ်တတ်မှာဆို
ငါမချစ်တတ်ချင်တော့ဘူး
မျက်ရည်ကျဖို့
ကွဲကျေစရာနှလုံးသားလည်း
ငါ့မှာမရှိတော့ဘူးလေ

No comments:

Post a Comment