ကဗျာဆိုတာ
ငါ့အတွက်တော့
မွေးဖွားခြင်းရဲ့တစ်ကြောင်းတစ်ပါဒ
ကဗျာဆိုတာ
ငါ့အတွက်တော့
တွေ့ဆုံခြင်းရဲ့ပြုံးပျော်မှု
ကဗျာဆိုတာ
ငါ့အတွက်တော့
ကြည့်နူးခြင်းရဲ့ပန်ချီကားတစ်ချပ်
ကဗျာဆိုတာ
ငါ့အတွက်တော့
ထုဆစ်ချိန်ရဲ့ရက်ဆွဲ
ကဗျာဆိုတာ
ငါ့အတွက်တော့
အိပ်မက်တွေရဲ့မျှော်လင့်ချက်
ကဗျာဆိုတာ
ငါ့အတွက်တော့
အောင်မြင်မှုရဲ့အထိမ်းအမှတ်
ကဗျာဆိုတာ
ငါ့အတွက်တော့
စွန့်လွတ်ခြင်းရဲ့ဖြစ်ရပ်မှန်
ကဗျာဆိုတာ
ငါ့အတွက်တော့
ရှုံးနိမ့်ခြင်းရဲ့ပြယုဂ်
ကဗျာဆိုတာ
ငါ့အတွက်တော့
ကြေကွဲမှုရဲ့သံစဉ်ခါးခါး
ကဗျာဆိုတာ
ငါ့အတွက်တော့
ခွဲခွာခြင်းရဲ့နုတ်ဆက်သံ
ကဗျာဆိုတာ
ငါ့အတွက်တော့
လွမ်းဆွတ်ခြင်းရဲ့ညည်းချင်းတစ်ပုဒ်
ကဗျာဆိုတာ
ငါ့အတွက်တော့
သေဆုံးခြင်းရဲ့နိဂုံးစာသား
ကဗျာဆိုတာ
ငါ့အတွက်တော့
ငါ့ဘ၀ဖြစ်တည်းခြင်းရဲ့တစ်စိတ်တစ်ဒေသပါပဲ
No comments:
Post a Comment