ကြိုက်ရင်ကြိုက်သလိုကြိုက်သလောက်ဖတ်

WELCOME

WELCOME
အချိန်ကုန်ခံပြီးဖတ်.ရှုပေးခြင်းအတွက် ကျေးဇူးတင်ပါသည်

Wednesday, September 12, 2012

မင်းဘေးနားက ငါ



ပျိုမြစ်နုနယ်
လှမျိုးသွယ်ကို
ရင်နစ်သည်းချာ
ချစ်ရပါလည်း
မေတ္တာရှင်သည်လူ
ကံမွဲသူမို့
စွဲလန်းစိတ်နဲ့
အိပ်ပျက်ခဲ့တဲ့အကြောင်း
ကောင်းကောင်းမဖွင့်ဟနိုင်ခဲ့ဘူး
မူပိုင်ခွင့်မရသေးတဲ့
စကားလေးတစ်ခွန်းအတွက်
ရက်စက်ခဲ့မယ်ဆိုလည်း
ကြိုသိပါရစေလား
ချစ်သူရယ်…
တကယ်…
ခပ်ဝေးဝေးကနေ
ငေးနေရတာနဲ့တင်
အတွေးစိတ်တွေရောက်ယှက်ခတ်နေလွန်းလို့ပါ

No comments:

Post a Comment