ကြိုက်ရင်ကြိုက်သလိုကြိုက်သလောက်ဖတ်

WELCOME

WELCOME
အချိန်ကုန်ခံပြီးဖတ်.ရှုပေးခြင်းအတွက် ကျေးဇူးတင်ပါသည်

Wednesday, December 12, 2012

မငိုပါနဲ့ရွက်ဝါရယ်

ကြွေကျလို့မြေခရတာပဲ
ရွက်ဝါရယ်
မနေသာပဲ
အဖြေရှာရင်းတမ်းတနေရင်ဖြင့်
ဆို့နင့်ခြင်းများစွာနဲ့
မျက်ရည်တွေပဲခမ်းခြောက်ကုန်မယ်
ခွဲခွာခြင်းတွေမှာ
ဘယ်ပျော်စရာရှိပါ့မလဲ
တွဲလက်တွေခိုင်နေတုန်းက
အပြုံးပွင့်ခြောက်တွေအတွက်
ရက်ရက်ရောရောပျော်ပစ်လိုက်စမ်းပါ
ဒီဇာတ်လမ်းမှာ
နင့်ကိုမှလွမ်းစေခဲ့တာမဟုတ်ဘူး
အရူးတစ်ယောက်ရဲ့ရင်ထဲမှာတောင်
ဆန့်ကျင်ဘက်အသဲတစ်ခြမ်းရှိနေသေးတာ
သူလည်းလွမ်းရဦးမှာပါ
ထာဝရအတူရှိဖို့ထက်
နုတ်ဆက်ဖို့ကြုံလာတိုင်း
ယုံကြည်ရာဆက်လျှောက်ကြရင်း
သံယောဇဉ်ဖျက်ဖျောက်နိုင်ဖို့ပဲ
တိုင်တည်ဆုတောင်းရအောင်နော်

No comments:

Post a Comment