ကြိုက်ရင်ကြိုက်သလိုကြိုက်သလောက်ဖတ်

WELCOME

WELCOME
အချိန်ကုန်ခံပြီးဖတ်.ရှုပေးခြင်းအတွက် ကျေးဇူးတင်ပါသည်

Monday, September 10, 2012

MAEU first year မြည်တမ်းခြင်း


လေယာဉ်မှူးလုပ်ပြီး
ဝေဟင်ကိုကူးဖို့
ရူးခဲ့တဲ့အိပ်မက်
လက်တွေ့မှာေ၀၀ါး
...
နားငြီးမှုတွေကို
ခါးသီးမှုတွေနဲ့မြိုချ
အလိုမကျမိပြန်ဘူး…
တဟူးဟူးနဲ့ပျံသန်း
လေတပ်စခန်းကရဟတ်ယာဉ်လောက်မှ
အတွင်းကျကျမထိဖူးသေးတော့
မော့မော့ကြီးပဲငေးနေရတယ်
ဘာရယ်ကြောင့်လို့ပြောမပြချင်ဘူး
ကျောချလိုက်ရင်တောင်
ဒေါသထွက်ထွက်နဲ့
ပျင်းတယ် လို့ရုတ်တရက်အော်မိတယ်
ဘယ်အခန်းထိအပြီး
တစ်ပတ်ခရီးနဲ့တင်
အပြတ်သင်ခိုင်းတာလဲ
ထင်တိုင်းပြေးတဲ့သင်ကြားရေးတွေနောက်
ဂေါက်နေအောင်လိုက်ကာမောရ
ထင်ရာတွေပြောကြပါသေးတယ်
လေးထပ်ကကြည့်ရင်
မြင်ကွင်းကောင်းတယ်တဲ့
နေ့လယ်တစ်နာရီလောက်
ခြေလျင်လျှောက်ဖူးမှ
ကျောက်ဆူးတွေပေါတဲ့ဒီလမ်း
မိုးရေဖျန်းရင်ဗွက်နစ်
မခုတ်ဖြစ်တဲ့ချုံပင်တွေကြား
တိုးဝှေ့ပြီးသွားရတဲ့အကြောင်း
သူတို့ကောင်းကောင်းသိမှာ
ရှိပါစေတော့လေ
နေပူကပြင်းပါဘိ
ကြည့်စရာကရှားပါး
အလန်းဇယားတွေပျောက်ပျောက်နေလို့
ရောက်သည့်နေရာ
သည်ဂေဟာကို
ရိုသေညွတ်ကျိုး
ရှိခိုးရသော
တောရဆရာတော်
စံပျော်ရာ(ဘုန်းကြီးကျောင်း)ပင်
ထင်မိသည်….

ဂျစ်ပစီစုတ်ပလုတ် ဗြဲချင်း…

No comments:

Post a Comment