ကြိုက်ရင်ကြိုက်သလိုကြိုက်သလောက်ဖတ်

WELCOME

WELCOME
အချိန်ကုန်ခံပြီးဖတ်.ရှုပေးခြင်းအတွက် ကျေးဇူးတင်ပါသည်

Saturday, May 19, 2012

ငါ့ကဗျာ

ငါ့ကဗျာ
နင့်ကိုချစ်တဲ့အကြောင်း
ရေးဖွဲ့တာမဟုတ်ပါဘူး
ငါ့အသည်းနှလုံးရဲ့
လှုပ်ရှားမှုတွေကိုသီကုံးတာပါ
ငါ့ကဗျာ
နင့်ကိုလွမ်းတဲ့အကြောင်း
ရေးဖွဲ့တာမဟုတ်ပါဘူး
ငါ့ရင်ဘတ်ရဲ့
ငိုရှိုက်သံတွေကိုသီကုံးတာပါ
ငါ့ကဗျာ
နင်ထားခဲ့တဲ့အကြောင်း
ရေးဖွဲ့တာမဟုတ်ဘူး
ငါ့မာနရဲ့
မျက်ရည်စက်တွေကိုသီကုံးတာပါ
ငါ့ကဗျာ
နင့်အတွက်
ရေးဖွဲ့တာမဟုတ်ပါဘူး
အစွန့်ပစ်ခံငါ့ဘ၀အတွက်
နှစ်သိမ့်ခြင်းတွေကိုသီကုံးတာပါ

No comments:

Post a Comment