သြော်...
ကျောင်းတွေတောင်ပိတ်ပြန်ပြီ
စက္ကန့်တွေတနင့်တပိုးကြောင့်
ခြောက်ကပ်သွားတဲ့ဒီအခန်းထဲ
မင်းတို့မရှိတာကလွဲရင်
အားလုံးကအရင်အတိုင်းပါပဲ
ဘာကိုမှယိုးမယ်မဖွဲ့ချင်ဘူး
တစ်နှစ်တစ်နှစ်အပြောင်းအလဲတွေကြား
နေသားကျအောင်ပဲကြံဆောင်ရတော့မယ်
တစ်ခါတစ်လေဆိုတာထက်
စာသင်ခုံတွေမြင်လာတိုင်း
သတိရတတ်တာတွေက
ကိုယ်ပိုင်အမူအကျင့်တစ်ခုလို
ခုဆိုပြင်မရတော့ဘူး
မင်းတို့သိပါ့မလား
တပည့်မရှားတစ်ပြားမရှိချင်နေ
ဆရာဆိုတာ...
ငွေကြေးတွေနဲ့ဘောင်ခတ်ထားတဲ့
ဒြပ်ဝတ္ထုမဟုတ်သလို
နာသုံးနာအရင်းခံပြီး
စေတနာမှန်ခဲ့တယ်ဆိုရင်တောင်
အနန္တဂိုဏ်းဝင်ဖို့မဟုတ်ဘူးဆိုတာကိုလေ...
No comments:
Post a Comment