Pages
ကြိုက်ရင်ကြိုက်သလိုကြိုက်သလောက်ဖတ်
WELCOME
အချိန်ကုန်ခံပြီးဖတ်.ရှုပေးခြင်းအတွက် ကျေးဇူးတင်ပါသည်
Saturday, June 9, 2012
ထိုသူတစ်ယောက်သာ(ဆရာ)
လွမ်းရေးနဲ့
ဝမ်းရေးတွေကို
alarm ပေးပြီး အိပ်စက်ခိုင်းထားတယ်
ငါဆိုတဲ့မာန ခ၀ါချရင်း
အလွှာမရှိတဲ့
ပကတိအခြေအနေနဲ့ပဲ
ငါ့မနက်ဖန်တွေကိုခေါက်သိမ်းထားတယ်
ငါ့လုပ်ရပ်တွေအတွက်
အခက်တွေ့သူရှိမယ်
စိတ်ပျက်သူရှိမယ်
ဂုဏ်ယူသူရှိမယ်
ရှုံ့ချသူရှိမယ်
ဘာပဲဖြစ်ဖြစ်
ဒီတစ်နေ့လည်း
ရောင်ခြည်တွေဖြန့်ကားရင်း
အလင်းတွေဆောင်ကျဉ်းပေးရဦးမယ်
လမ်းပျောက်သူတွေ
မှောင်မှိုက်သူတွေရဲ့ အပြုံးနဲ့တင်
ငါ့အတွက်လုံလောက်ပါပြီလေ
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment