ကြိုက်ရင်ကြိုက်သလိုကြိုက်သလောက်ဖတ်

WELCOME

WELCOME
အချိန်ကုန်ခံပြီးဖတ်.ရှုပေးခြင်းအတွက် ကျေးဇူးတင်ပါသည်

Thursday, February 9, 2012

အသည်းကွဲကဗျာ




ငါငိုနေမယ်....
နင့်ကိုလွမ်းလို့တော့မဟုတ်ဘူး
နင့်ကိုပုံပေးခဲ့မိတဲ့
ငါ့အချစ်တွေနှမြောလို့ပါ။
ငါလွမ်းနေမယ်
နင့်ကိုတမ်းတနေတာတော့မဟုတ်ဘူး
နင့်ကြောင့်အသက်ဝင်ခဲ့တဲ့
ငါ့ရင်ခုန်သံတွေအတွက်ပါ။
ငါဝမ်းနည်းနေတယ်.........
နင်ငါ့ကိုထားခဲ့လို့တော့မဟုတ်ဘူး
မိန်းမတစ်ယောက်ဆီမှာဆုံးရှုံးခဲ့တဲ့
ငါ့မာနတွေကိုသတိရလို့ပါ။
ငါမျှော်လင့်နေမိတယ်..........
နင်ပြန်လာမယ့်အချိန်ကိုတော့မဟုတ်ဘူး
ငါသိပ်ချစ်ခဲ့တဲ့နင့်ကို
ငါလုံးဝမေ့နိုင်မယ့်အချိန်ကိုပါ.............။
 

3 comments:

  1. ကျန်သေးတယ်...ငါသောက်နေတယ် နင့်ကြောင့်တော့မဟုတ်ဘူး
    အစတည်းက သူ့ကိုပိုကြိုက်လို့...:P

    ReplyDelete
  2. အရက်တမားနဲ့လာတွေ့နေသေးတယ်

    ReplyDelete