ကြိုက်ရင်ကြိုက်သလိုကြိုက်သလောက်ဖတ်

WELCOME

WELCOME
အချိန်ကုန်ခံပြီးဖတ်.ရှုပေးခြင်းအတွက် ကျေးဇူးတင်ပါသည်

Wednesday, February 15, 2012

ဟိုး ငယ်ငယ်တုန်းက



ဟိုးး   ငယ်ငယ်တုန်းက
ကမ္ဘာပေါ်မှာ အလေးဆုံး အရာက မျက်ခွံတဲ့။ ဘယ်သူကမှ အဲဒီအရာတွေကို အမြဲတမ်းမ မထားနိုင်ဘူးတဲ့ မေမေပြေဖူးတာ။ မေမေပြောတုန်းက ပြုံးမိသေးတယ် ပြီးတော့ မဟုတ်ဘူးဆိုပြီးတော့တောင် ငြင်းမိသေးတယ်။ မနက်ရောက်မှ သိတယ် မျက်ခွံတွေကတော်တော်လေးတယ်ဆိုတာကို ဟီးး….. ဘယ်လောက်ပဲလေးလေး အိမ်ရှေ့ထရံပေါက်လေးတွေက ဖောက်ထွက်လာတဲ့နေေ၇ာင်ခြည်တွေကြား စောင်ခေါင်းမူးတုတ်ပြီး အိပ်လည်းမရတော့ဘူး
“သားရေ မြင့်ဇော်ဦး ထတော့လေ နေထွက်နေပြီ”
မနက်တိုင်းမကြားချင်ဆုံး အသံ
နေ့တိုင်းလုပ်နေကျ ထုံးစံ အတိုင်းစောင်ထဲက ခေါင်းထွက်ကြည့်တယ် ပြီးရင် ပတ်ဝန်းကျင်ကို တချက် show လိုက်တယ် ဟုတ်ကဲ့ ဟုတ်ကဲ့ လို့ပြောတယ် နေရောင်မမြင်သေးရင်ပြန်ဝင်တယ် နောက်တခွန်း အနှိုးကို စောင့်နေလိုက်တယ် ကျွန်တော့်လိုအိပ်ယာထပျင်းတဲ့သူတွေ အဖို့ အနှိုးခံပြီးမှ ပြန်မှိန်းရတဲ့ အရသာက ဘာနဲ့မှ မလဲနိုင်ဘူးလေ
“မြင့်ဇော်ဦး ထတော့လေ သားရဲ့ ဒီနေ့ သားကျောင်းသွားရမယ်လေ”
“၀ိုး    ဟုတ်ပါရဲ့ မေမေညကပြောထားတဲ့ကျောင်းကို ဒီနေ့သွားရမှာပါလား မဖြစ်ဘူးမဖြစ်ဘူး”
အလျင်မြန်ဆုံးစောင်ထဲက ထွက်ပြီးရင် စောင်တွေကို လုံးထွေးပြီး ခေါင်းအုံးပေါ်ပစ်တင်ထားခဲ့တယ်ရေအိုးဆီကိုသွားတယ်ရေတစ်ခွက်ခပ်ပြီးယူလာတဲ့ဆားတစ်ဆုပ်ကိုလက်နဲ့တို့ပြီးပါးစပ်ထဲထည့်တယ်   “ထွီးးးး” အရမ်းငန်လို့ထွေးထုတ်ပစ်လိုက်တယ်ဖေဖေတို့မေမေတို့လုပ်လို့သာလိုက်လုပ်တာဘာကြောင့်လုပ်လဲတ၀ူး ကျွန်တော်မြင်ဖူးတာ ဖေဖေတို့မေမေတို့လည်းဆားတွေကိုလက်နဲ့တို့တယ် ပါးစပ်ထဲထည့်တယ် ငန်တယ်ဆိုပြီးတော့ထွေးထုပ်လိုက်တယ် ဖေဖေတို့လိုသာလိုက်လုပ်ဗျ စိတ်ကတော့ပါဝူး ငန်တာမှန်းသိပြီးပြီသားနဲ့ဘာကြောင့်များနေ့တိုင်းလျှက်ကြည့်ပြီးထွေးထွေးထုတ်နေရတာလဲလို့တစ်ခါတစ်ခါစဉ်းစားကြည့်မိတယ် မသိဘူး ထွေးထုတ်ပြီးတော့ ခပ်ထားတဲ့ရေခွက်ထဲ လက်နှစ်လိုက်တယ် ရေစိုသွားပြီဆိုမှ မျက်နှာကိုရေစိုနေတဲ့လက်နဲ့ဘယ်ဘက်ပါးကနေညာဘက်ပါးရောက်သွားအောင်ပွတ်လိုက်တယ် ပြီးတော့နောက်တစ်ခါနစ်တယ်ရေစိုပြီဆိုတော့ ညာဘက်ပါးကနေဘယ်ဘယ်ပါးကိုရောက်အောင်ပွတ်လိုက်တယ်ပြီးတော့မှ အကျီအောက်နားနဲ့လှန်ပြီးသုတ်လိုက်တယ်  မေမေကကျွန်တော်တစ်ခါမှမ၀တ်ဖူးသေးတဲ့ အကျီင်္လေးနဲ့ဘောင်းဘီလေးကိုကိုင်ပြီးစောင့်ရင်း 
“လာခဲ့သားဒီကို ကျောင်းဝတ်စုံလှဲရမယ်”
သြော်   ကျောင်းဝတ်စုံဆိုတာ အကျီင်္ဖြူဖြူလေးနဲ့ဘောင်းဘီစိမ်းစိမ်းလေးပါလား
“သား  ပြီးလို့ရင်သနပ်ခါးလှလှလေးလိမ်းရမယ်နော်”
“အာ     လိမ်းချင်ပါဘူး မေမေရာ တင်းကျပ်တင်းကျပ်နဲ့နေရခက်တယ်”
“မလိမ်းလို့မရဘူးလေ သားရဲ့ ဒီနေ့က ငါ့သားကျောင်းသွားရမှာလေ နေ့တိုင်းလိုဖုန်တွေထဲမှာဆော့နေရတော့မှာ မဟုတ်ဘူးကျောင်းရောက်ရင်ဆရာမကသားကိုစာတွေသင်ပေးလိမ့်မယ်သား ဆရာမစကားကိုနားထောင်ရမယ်နော်”
“ ဆရာမဆိုတာ ဘယ်သူလဲမေမေ”
“ဆရာမဆိုတာသားကိုစာသင်ပေးမဲ့သူကိုပြောတာသားရဲ့ ဆရာမက သနပ်ခါးမလိမ်းပဲညစ်ညစ်ပတ်ပတ်နေရင် သူ့စကားကိုနားမထောင်ရင်သားကိုတုတ်နဲ့ရိုက်လိမ့်မယ်”
“သားကိုတုတ်နဲ့ရိုက်မှာလား   ဒါဆိုသားနာမှာပေါ့မေမေရ  သားသာနာလို့ကတော့အော်ငိုမှာနော်မေမေ တော်ပြီဗျာကျောင်းကိုမသွားချင်တော့ဘူး”
“မေမေပြောတာအဲလို မဟုတ်ဘူးလေ သားက သပ်သပ်ရပ်မနေမှ မလိမ္မာမှဆရာမကရိုက်မှာပါ လိမ်လိမ်မာမာနေရင်မရိုက်ဘူး”
ဆန္ဒမပါသော်လည်းမမြင်ရသေးသောဆရမဆိုတာကြီးကိုကြောက်ရသောကြောင့်သနပ်ခါးလိမ်းလိုက်ရသည် သနပ်ခါးလိမ်းကျောင်းဝတ်စုံလဲပြီးတော့  ဖေဖေပေးသော လွယ်အိတ်ဆိုတာကိုစမတ်ကျကျလွယ်ရင်း  မေမေပြောသောကျောင်းဆိုတာကြီးဆီသို့ မေမေ့လက်ကိုတွဲရင်စတင်ချီတက်လာခဲ့တော့သည်
ဒန်         ဒန့်        ဒန်လမ်းတစ်လျှောက်လျှောက်လာရင်းနဲ့လှမ်းမြင်လိုက်တယ် သွပ်မိုးဖွေးဖွေးလေးနဲ့ အုပ်ချပ်နီနီလေးတွေကာထားတယ် ပြီးတော့ ပတ်ပတ်လည်မှာလည်းခြံစည်းရိုးတွေစိုက်ထားသေးတာ မျက်နှာစာမှာက စိမ်းပန်းပင်လိုလို အပင်လေးတစ်ပင်ရယ်တိုင်တစ်တိုင်ရယ်ရှိတယ် အဲဒီတိုင်မှာက အနီရောင်နဲ့ အပြာရောင်စပ်ပြီးချုပ်ထားတဲ့ အ၀တ်စတစ်ထည်ရှိတယ် အဲဒီအ၀တ်စကိုလေတိုက်ရင်ဖလတ်ဖလတ်နဲ့လွှင့်နေအောင်   ဟိုးးးးးးးး   တိုင်ထိပ်မှာ တက်ပြီးတော့ကြိုးနဲ့ချည်ထားတယ်  မေမေကပြောတယ် အဲဒါငါ့သားစာသင်ရမဲ့ကျောင်းတဲ့ သြော်     ကျောင်းဆိုတာ အကျီင်္ဆင်တူဘောင်းဘီဆင်တူကလေးလေးတွေစုပြီးနေကြတဲ့နေရာပါလား အရင်ရောက်နင့်တဲ့ ကျွန်တော့်လိုရွယ်တူတွေရောလူကြီးကြီးတွေရောကပျော်လို့မြူးလို့ပြေးတမ်းလိုက်တမ်းကစားနေကြတယ် အမေကလူကြီးကြီးတစ်ယောက်နဲ့ဘာညာဘာညာပြောပြီးတော့ကျွန်တော့ကိုနေရတစ်ခုကိုလိုက်ပြတယ်
“ဒါငါ့သားနေရာတဲ့” ပြီးတော့
 “အိမ်ပြန်တော့မယ်တဲ့” အိမ်ကနေဘာမှမဝေးတဲ့ဒီကျောင်းမှာတောင် မေမေပြန်မယ်လုပ်တော့တစ်ယောက်တည်းမနေရဲဘူး ၀မ်းနည်းလာတယ် ရင်ထဲကဆို့လာခဲ့တယ်ဗိုက်ထဲကလေတွေကို ခပ်မြန်မြန်ရှူထုတ်တယ် ပြီးတော့မျက်လုံးထဲမှာ အရည်တွေပြည့်လာခဲ့တယ် မေမေကိုမမြင်ရတော့ဘူး ပြီးတော့ဘာမှမမြင်ရတော့ဘူး  မေမေကတော့ကျွန်တော် အဲလိုဖြစ်နေတာကိုကြည့်ပြီးပြုံးတယ် အဲဒီ အပြုံးက ငါ့သားလူဆိုတာ မွေးလာတာလည်းတစ်ယောက်တည်းပဲ သေရင်လည်းတစ်ယောက်တည်းပဲသေရမှာဖြစ်လို့တစ်ယောက်တည်းလည်းရှင်သန်ရဲရမယ်တဲ့ မေမေကတော့ကျွန်တော့ကို ကလေးလေးဆိုပြီးတော့ မပြောခဲ့ပါဘူး ကျွန်တော်ကသာမျက်ရည်တွေကြားကနေ မေမေ အပြုံးကို အဓိပ္ပာယ်ဖွင့်ရင်းနဲ့ မျက်နှာကိုတခြားဘက်လှည့်လိုက်တယ် ပြီးတော့အခန်းထဲဝင်ပြေးသွားတယ် ချောင်တစ်ချောင်မှာကပ်နေပြီးတော့ ခေါင်းလေးကိုအောက်ငုံ့ထားလိုက်တယ် မေမေ တော်တော် ဝေးဝေးကိုရောက်လောက်မှ ထွက်လာပြီးမေမေကျောကိုကြည့်ရင်းနဲ့ ဘာပဲဖြစ်ဖြစ်ကျွန်တော်ငိုခဲ့မိပါတယ်
“ဟိတ်နင်ဘာလို့ငိုနေတာလဲ ပိုက်ဆံပျောက်သွားလို့လား”
မျက်လုံးဖွင့်ကြည့်လိုက်တော့ကောင်မလေးလေးတစ်ယောက် ပါးကျားကွက်ဝိုင်းဝိုင်းလေးနဲ့ ရှိတဲ့ဆံပင်ကြက်မြီးလောက်ကို ခေါင်းဟိုဘက်ဒီဘက်မှာ ခွဲပြီးတော့စည်းထားတယ်
“ငိုမနေပါနဲ့ဟာ ငါနဲ့သူသူဆော့ရအောင် နော်လာခဲ့ နင်ကဒီနေ့မှကျောင်းစတက်တာလား”
“အင်း”
“အော်ငါ့နာမည်ကပပ၀င်းတဲ့ မေမေကလသာတာကြည့်ပြီး ပေးထားတာ နင့်နာမည်ရော”
“မြင့်ဇော်ဦး”
“နာမည်လေးကလှသားပဲ”
“အင်းနာ့မေမေကလည်း တစ်နေ့နေ့ကျရင်နာ့နာမည်နဲ့နဲနဲတူတဲ့ကောင်မလေးချောချောလေးနဲ့တွေ့ပြီးညားပါစေဆိုပြီးပေးထားတာ”  “လာလေသွားမယ် ငိုမနေနဲ့တော့နာတို့နဲ့သူသူကစားကြမယ်”
“တော်ပီဟာ မကစားချင်ဘူးနင်တို့ကစားတာတွေလဲငါမကစားတတ်ဘူး” 
“လာပါဟာနင်ကလဲ လာပါဆို ဆိုဆို  လာလို့  လာခဲ့”
လက်ကို အတင်းဆွဲခေါ်နေသော ပပ၀င်းဆိုသူ သူငယ်ချင်း အသစ်စက်စက်လေးကို အဲချိန်မှစပြီး
အတော်ကြာတော့ခေါင်းလောင်းသံလိုလိုနဲ့ အသံတစ်သံကြားလိုက်ရတယ်ကလေးလေးတွေကသူတို့ဆော့တာတွေရပ်ပြီး
 “ ကျောင်းတက်ပြီဟေ့”
 လို့အော်ကြတယ် အတန်းတွေဆီကိုပြေးသွားကြတယ် ကျွန်တော်တို့လဲ ဆော့တာတွေကိုရပ်ပြီးတော့ မေမေပြောထားတဲ့ အတန်းဆီကိုပြေးသွားတယ် ပပ၀င်းကတော့ မိန်းကလေးဘက်မှာ-၀င်ထိုင်တယ် ပြီးတော့ကျွန်တော့ကိုလှည့်ကြည့်လှည့်ကြည့်နဲ့ သူ့ အကြည့်တွေက ငါရှိတယ် ဘာမှမကြောက်နဲ့ဆိုတဲ့ အဓိပ္ပာယ်နဲ့ ကျွန်တော်ကလည်း ရှိတဲ့သွားသုံးလေးချောင်း အကုန်ပေါ်သွားအောင်ပြုံးပြလိုက်တယ် (ကျန်သော သွားများမှာ ကျိုးပြီးကတည်းကခုထိမပေါက်သေး) အင်းပါ ငါနင်ရှိရင်ဘာကိုမှမကြောက်ဘူးဆိုတဲ့ အဓိပ္ပာယ်နဲ့ သရဲလာရင်တောင် သူ့ကိုမြင်ရင်လန့်ပြေးလောက်တဲ့ဟာကိုကျွန်တော်ကသူရှိရင်ဘာကိုကြောက်ရဦးမှာလဲ
သြော်ကျောင်းတက်ရင်ဒီလိုခုံရှည်ကြီးတွေပေါ်မှာဝင်ထိုင်ရတာပါလား
နောက်တော့ရှေ့ဆုံးတန်းကကောင်မလေးတစ်ယောက်က သမင်လည်ပြန်ကြည့်ပြီးအလန့်တကြားထအော်လိုက်တယ် “ဆရာမလာပြီတဲ့”
တစ်တန်းလုံးကနောက်ကိုလှည့်ပြီးကြည့်ကြတယ် ကျွန်တော်လည်းခြင်္သေလည်ပြန်ကြည့်လိုက်တယ်ဟုတ်ပါ့   အကျီင်္ဖြူဖြူ လုံချည်စိမ်းစိမ်းနဲ့ အန်တီကြီးတစ်ယောက် နှာခေါင်းပေါ်မှာ သံတန်းလေးနဲ့ သံတန်းလေးရဲ့ဟိုဘက်ဒီဘက်မှာလဲ မှန်ဝိုင်းဝိုင်းလေးနှစ်လုံးပါသေးတယ် မေမေပြောတာတော့မျက်မှန်းဆိုလာပဲ မသိဘူး အားလုံးမတ်တတ်ရပ်ကြတယ် ကျွန်တော်ရော လိုက်ရပ်တယ် ပြီးတော့ မင်္ဂလာပါဆာမလို့ ပြိုင်တူအော်ကြတယ် သူများတွေရပ်လို့သာ လိုက်ရပ်ရတာ သူများတွေဆိုတဲ့မင်္ဂလာပါဆာမဆိုတာကိုတော့ကျွန်တော်လိုက်မဆိုနိုင်ခဲ့ပါဘူး
“ဆရာမနာမည်က ဒေါ်မေမြတ်ဦး ကလေးတို့ကိုစာသင်ပေးမယ် ကလေးတို့မှာပါတဲ့ကျောက်သင်ပုန်းတွေကျောက်တံတွေကိုထုတ်ပြီး ဆရာမရေးတာလိုက်ရေးရမယ်နော်”
“ဟုတ်ကဲ့ပါဆာမ”
သူများတွေကလွယ်အိတ်ထဲက ကျောက်သင်ပုန်းနဲ့ကျောက်တံတွေကို ထုတ်ကြတယ်ကျွန်တော်လဲလိုက်ထုတ်တယ်   ဆရာမက ဖြူဖြူ အချောင်းလေးနဲ့ ပျဉ်ပျားနက်နက်ကြီးပေါ်မှာ ပုံဆွဲတယ် ကလေးအတွေးနဲ့ဆိုတော့ ဆရမဘာမှမပြောခင် အရင်ဝေဖန်လိုက်တယ်
“ဆရာမကလည်းဗျိုင်းရုပ်တောင်လှလှပပ တူအောင် မဆွဲတတ်ဘူး”
“ သားတို့သမီးတို့ရေ  လိုက်ရေးကြနော် ဒါကိုကကြီးလို့ခေါ်တယ်”
“ဟိုက်!!!သေရော ကကြီးတဲ့လား အဖြူရောင်အကောင်လေးပါဟ ပြီးတောင် အတောင်ပံနှစ်ဘက်တောင်ပါသေးတာကို ဘယ်လိုဖြစ်ပြီးကကြီးဖြစ်သွားရတာလဲ ဟီးး   နှစ်မျိုးကြီးပဲနော်”
ဘာမှန်းညာမှန်းမသိခဲ့တဲ့ကျွန်တော့ရဲ့ကလေးဘ၀ပထမဆုံး လောကကြီးအကြောင်းစတင်သိရှိခဲ့ရတဲ့ အချိန်လေးပါ  ဒီလိုနဲ့မေမေပြောတဲ့ကျောင်းဆိုတာကြီးကိုကျွန်တော်ချစ်တတ်လာခဲ့ပြီ ရှေ့ကဆရာမဆိုပြတာတွေကို အသံပြဲပြဲနဲ့ နေ့တိုင်းအော်ဆိုချင်လာပြီ ကျောင်းတက်ရမှာလဲ ကျောက်တော့ဘူးဆရာမရိုက်မှာလဲမကြောက်တော့ဘူး        
“ပပ၀င်း” 
“အင်း”
“ပျင်းတယ်ဟာ နင်နဲ့ငါနဲ့ကျောင်းလစ်ရအောင်”
“အင်းလေကောင်းသားပဲ”
နှစ်ခါတိုင်ပင်စရာမလိုတဲ့သူငယ်ချင်းကောင်းလေးက သွားမယ်ဆိုရင်ရှေ့ကရောက်ပြီးသားပဲကျွန်တော်တို့ကျောင်းလစ်တဲ့နေရာက ရွာတောင်ပိုင်းက ညောင်ပင်ကြီး ရုက္ခဇိုးဆိုလား ဘာဆိုလား ရှိတယ်လို့ကြားဖူးတယ် 
“အရှင်ရုက္ခဇိုးမင်းကြီးကျွန်တော်တို့ကို မတွန်းချပါနဲ့  မုန့်စားပါ”
ပါလာတဲ့ဇီးထုတ်နဲ့ ကတ်ဆွဲနှစ်ထုပ်ကို ရုက္ခဇိုးကြီးအားလှူလိုက်တယ် ပြီးတော့ညောင်ပင်ခွပေါ်တက်ပြိးစကားစမည်တွေပြောကြတယ်
“ပပ၀င်း ငါနင့်ကိုပြောပြစရရှိလို့ဟ”
“အင်းပြောလေ”
“ညတုန်းကပေါ့ ငါ့ဖေဖေကငါညာဘက်ကအိပ်တယ် မေမေကငါ့ဘယ်ဘက်ကအိပ်တယ်”
“အင်း”
“မနက်လည်းရောက်ရော့ ငါက ဖေဖေအပေါ် ခြေထောက်တင်ချင်တာနဲ့ လှမ်းပြီးတင်လိုက်တာ ကြမ်းပေါ် ဗုန်းကနဲ့ကျသွားတယ်ငါတော်တော်ကိုနာသွားတာ အဲဒါနဲ့ဖေဖေဘယ်သွားတာလဲ အိပ်ယာများထသွားပြီလားဆိုပြီး ငါထရှာတယ်ရှာတော့ ဖေဖေကမေမေ့ဘေးမှာရောက်နေတယ် ဘယ်လိုရောက်သွားတာလဲဟ ငါနားမလည်ဘူး အဲဒါကို”
“အော် ဒါလား လူကြီးတွေကညညဆိုရင် အိပ်မက်ရောင်ပြီးနေရာပြောင်းအိပ်တယ်တဲ့ ကလေးတွေကတော့ညညဆိုရင် ထပြီးလမ်းလျှောက်တယ်တဲ့ အဲဒါကြောင့်နင့်ဖေဖေနေရာပြောင်းသွားတာပေါ့ နင်ကလဲ အိပ်မက်ယောင်တာပေါ့ဟ”
 “နင်ကလူကြီးကြီးကျနေတာပဲ သိလိုက်တာ နင်ဘယ်ကသိလဲ”
“ဟဲ  နာလည်းနာ့ဖေဖေပျောက်သွားလို့ ဖေဖေ့ကိုဘယ်လိုဖြစ်လို့ဟိုဘက်ရောက်သွားလဲလို့မေးတာ အဲတုန်းက ဖေဖေက နာ့ကိုအဲလိုရှင်းပြတာ”
“အော် နင့်ဖေဖေလည်း အိပ်မက်ယောင်တာပဲကိုးးးး  ဟီးး နှစ်မျိုးကြီးပဲနင့်ဖေဖေရောနာ့ဖေဖေရောအိပ်မက်ယောင်တယ်ဆိုတော့” 
“ဟီးးးဟုတ်တယ်နော် နှစ်မျိုးကြီးပဲ”
ဒီလိုနဲ့ရောက်ရာပေါက်ရာတွေပြောပြီးရင် ရုက္ခဇိုးကြီးဆီကမုန့်တွေပြန်တောင်းပြီးအိမ်ကိုပြန်ခဲ့ကြတယ်
တောရွာလေးဆိုတော့ကျွန်တော်တို့ရွာမှာကျူရှင်ဆိုလို့ ရှားရှားပါးပါး ရွာဦးကျောင်းဆရာတော်ဦးကုမာရကဗမာသံပီပီသသနဲ့ အင်္ဂလိပ်စာABCD သင်တာတစ်ခုပဲရှိတယ် ကျွန်တော်တို့ မနက်တိုင်း ဆရာတော်ကြီးဆီ ABCD သွားသင်ကြရတယ်မနက်ခင်းတိုင်းမှာကွေးရတာက ကျွန်တော်အကြိုက်ဆုံး အလုပ်ကျူရှင်ချိန်မှီအောင် နိုးရတာက မေမေဟုတ်တော့ဘူး မေမေကတာဝန်လွဲလိုက်ပြီး ဘယ်သူ့ကိုလို့ထင်လည်း ကျွန်တော့ချစ်သယ်ရင်းလေးပပ၀င်းနေ့တိုင်းကျွန်တော့ကို စောင့်ပြီးနိုးတယ် ပြီးမှ နှစ်ယောက်လုံးသုတ်ချေတင်ပြီးပြေးကြတယ် တစ်နေ့တော့ကျွန်တော်နိုးတဲ့အချိန်က နေရောင်တော်တော်ရင့်နေပြီလူး ထထ ပြီးကြည့်လိုက်မှ
သွားပြီကျူရှင်တော့နောက်ကျပါပြီဆရာတော်တီးတာတော့ခံရတော့မယ် 
အဲနေ့ကချစ်သူငယ်ချင်းလေးကသစ္စာဖောက်သွားတယ်လေ
သူ့ရဲ့မိန်းကလေးသူငယ်ချင်းတွေနဲ့သွားနင့်တယ်တဲ့ကျွန်တော်တစ်ယောက်တည်းဖင်နဲ့ခြေဖ၀ါးတသားထဲဖြစ်အောင်ပြေးလိုက်ရတာ ဟိုရောက်တော့ အခန်းထဲတိတ်တိတ်လေးခိုးဝင်တယ်
“ရှူးးးးး”
“မြင့်ဇော်ဦးရှေ့ကိုအရင်လာခဲ့ဦး”
“တိန် ရှေ့ကိုသာလှည့်ပြီးစာရေးနေတာ ဆရာတော်ကြီးက နောက်စေ့ကလည်းမြင်တတ်တယ်ဗျ   အီးးးးး”
ကြိမ်လုံးနဲ့တင်ပါးကိုရိုက်တာတောင် အသဲထဲကတောင်နာတယ် အဲဒီခံစားချက်ကိုခုထိရှိနေတုန်း
အဲနေ့ကတစ်နေ့လုံးပပ၀င်းကိုမခေါ်ဘူး
“မြင့်ဇော်ဦး သယ်ရင်းနင်တော်တော်နာသွားလား”
“ဘာလဲနင်က မနာဘူးထင်ပြီးဆရာတော်ကိုအားမလိုအားမရဖြစ်နေတာလား”
“နင်ကလဲဟာ အဲလိုမပြောပါနဲ့ငါ ငိုတောင်ငိုချင်လာပြီ”
“ဘာကိစ္စနင်ကငိုချင်ရတာလဲ ရိုက်ခံရတာကငါပါအပိုတွေလုပ်ပြမနေနဲ့”
“နင်နော် ငါတကယ်ငိုလိုက်မှာ အီးဟီးးးဟီးးး”
“ငိုငို   ဒီနှစ်မိုးခေါင်ရေရှားလဲ မပူရတော့ဘူး နင်ငိုလို့ရတဲ့မျက်ရည်နဲ့ပဲ စပါးစိုက်လို့ရပြီပဲ ငိုငို အကျယ်ကြီးငို”
“ အီးးးးးးးးးးးးးးးးးးးးးးးးဟီးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးဟီးးးးးးးးးးးးးးးးး”
ဒီလိုပါပဲ သူငယ်ချင်းတွေဆိုတာ ရန်ဖြစ်လိုက်မခေါ်လိုက် မုန့်ကျွေးလိုက်ပြန်ခေါ်လိုက်နဲ့  သံယောဇဉ်တွေပြတ်တောက်သွားတယ်ဆိုတာတော့ဘယ်သော အခါမှ မရှိပါဘူးအချိန်နာရီနေ့ရက်တွေကိုဖြတ်သန်းကျော်လွားရင်းနဲ့ရွာဘေးကချောင်းလေးမှာလဲ ရေခန်းစပြုလာပြီ သစ်ရွက်လေးတွေလဲ တဖျပ်ဖျပ်ကြွေလို့  ဥသြငှက်သံလေးကတောင် တစ်ခါတစ်ခါလေအဝှေ့မှာ ကြားကြားနေရတယ်
ခြောက်ပေလောက်မြင့်တဲ့သစ်သားပျားကြီးရှေ့မှာ လူတွေအုံလို့တစ်ခုခုကိုသိချင်လွန်းသောကြောင့် အတင်းတိုးကြည့်နေကြသည် သူတို့ရဲ့နောက်က ချစ်စရကောင်းသောကောင်လေးလေးနဲ့ ကောင်မလေးလေးမြင့်လွန်းသောသစ်သားပြားကြီးကိုမော့ပြီးကြည့်နေကြတယ်ရှေ့ကကွယ်နေသော အရပ်ရှည်ရှည် လူကြီးကြီးတွေကိုလည်း အားမရမကျေနပ်ပုံတွေပေါ်နေလေရဲ့
တစ်ယောက်လက်ကိုတစ်ယောက်ကကျစ်ကျစ်ပါအောင်ဆုပ်ထားတယ် ရင်ခုန်သံတွေကိုလည်းတွဲလက်များမှတစ်ဆင့်ကိုယ်စီကိုယ်စီကြားနေကြရတယ် တစ်ယောက်ရဲ့ရင်ခုန်သံတွေ နည်းနည်းမြန်လာပြီဆို နောက်တစ်ယောက်ကလက်ကိုတင်းကြပ်စွာဆုပ်ကိုင်လိုက်တယ် ဘာမှမကြောက်နဲ့အားတင်းထားပေါ့  တစ်ယောက်ကလည်းတင်းကျပ်စွာဆုပ်ကိုင်လာတဲ့လက်ကိုတင်းကျပ်စွာဆုပ်ကိုင်ရင်းနဲ့  အင်းပါဆိုတဲ့ အဓိပ္ပာယ်ပေါ့  ဒီလိုနဲ့ အပြန်အလှန်အားပေးရင်း လူတွေလည်းပြန်သွားကြပြီ   ဒီတော့မှတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်းသစ်သားပြားကြီးဆီကိုတိုးသွားကြတယ်  ကလေးလေးတွေကငယ်သေးတော့ မြန်မြန်ဆန်ဆန်မကြည့်နိုင်သေးဘူ သစ်သားပြားပေါ်ကစာတွေကိုတစ်လုံးပြီးတစ်လုံးပေါင်းဖတ်ကြည့်ကြတယ်သူတို့အိမ်ကဖေဖေတို့မေမေတို့ခေါ်တဲ့သူတို့နာမည်နဲ့ သူတို့ပေါင်းဖတ်ကြည့်လို့ထွက်လာတဲ့ အသံထွက်ချင်းတူတဲ့ အထိပေါ့
“ဟေးးး  ပပ၀င်းတဲ့ နင့်နာမည်ပါတယ် ဟ ငါတွေ့ပြီ” 
“ဟုတ်လား  ငါ့မေမေ ပြောတာနာမည်ပါရင်စာမေးပွဲအောင်တယ်တဲ့ ဟ ဒါဆိုငါအောင်တယ်ပေါ့”
“အေးပေါ့ဟ နင်စာပေးပွဲအောင်တယ်”
အဲဒီမှာတင်ပျော်ပွဲတစ်ခုကျင်းပလိုက်တယ် နှစ်ယောက်စလုံးမောသွားသည် အထိချိုမိုင်မိုင် ကလိုက်ကြတယ် ပြီးမှ
 “သဝေထိုးမရေးချငသတ်မောင် သဝေထိုးဇကွရေးချ….  ဟုတ်သေးပါဘူး ငါ့နာမည်က မရရစ်နဲ့စတာပါ
သဝေထိုးမရေးချငသတ်မောင် မရရစ်ငသတ်မြင်အောက်ကမြစ်မြင့်…”
အဲဒီမှာတင်ဟေးးးဆိုပြီး ထကလိုက်တယ်ဆက်ပြီးတော့ မဖတ်တော့ဘူး   တစ်ကျောင်းလုံးမှာက မရရစ်နဲ့စတာဆိုလို့ မြင့်ကြိုင်ရယ်ကျွန်တော်ရယ်ပဲရှိတာ ကိစ္စမရှိဘူး မြင့်ကြိုင်က နေ့တိုင်းကျောင်းကိုလာတယ် ပြီးရင်ငိုပြီးပြန်သွားတယ် အဲဒါကြောင်သူ 75% ထိပြီးအော်ဟုတ်ဘူး  ကကြီးခခွေးမရေးတတ်လို့ကျမှာသေချာတယ် ဟီးး အပိုင်ပဲ           လမ်းတစ်လျှောက်လုံးကခုန်ပြီးပြန်လာတယ် ဂျွန်းသုံးခါတောင်ထိုးခဲ့သေးတယ်  ဒီလိုနဲ့ပဲ
ရက်ပေါင်း 2920ရက်ကြာပြီးနောက်   ဟီးးရုပ်ရှင်တွေထဲကလို ကျော်လိုက်တယ်
ရွာ့မြောက်ပိုင်းက ခရေပင်ခြေရင်းမှာ
“ပပ၀င်း  ငါ့ကိုအဖြေပေးတော့ဟာ”
“နေပါဦးဟနင်ကလဲ ဘယ်လိုဖြစ်နေတာလဲ”
“ငါမအောင့်နိုင်တော့ဘူးဟာ ပေးမှာလားမပေးဘူးလား မပေးရင်ဖက်နမ်းလိုက်မှာနော်”
“နင်ကတော့ဇွတ်ပဲ စိတ်ညစ်တယ်”
“ဒါဆိုနင်ကငါ့ကိုမချစ်ဘူးပေါ့   ငါတော့နင့်ကိုချစ်တယ်”
“ဟီးး  နာလဲသူသူပဲ”
“ဟေး::::” ဆိုပြီး      သူ့လက်လေးကို ဆုပ်ကိုင်လိုက်တော် သူကမျက်လုံးပြူးကြီးနဲ့ ကျွန်တော့ကိုပြန်ကြည့်တယ်  ကျွန်တော်က ဟီးးး         ဆိုပြီး ပြုံးပြလိုက်တယ်  သူကမျက်လွာလေးပြန်ချသွား တယ်ပြီးတော့ကျွန်တော့ရင်ခွင်ထဲကိုသူ့ရဲ့ခန္ဓာကိုယ်သွယ်လျလျလေးကို သိမ်းသွင်းလိုက်တယ်  သူက နင်နော် တဲ့   ကျွန်တော်လည်း  ဟီးးး ဆိုပြီး ပြန်ပြုံးပြလိုက်တယ် အဲဒီတော့မှ သူကခေါင်းလေးငုံ့ပြီးကျွန်တော့ရင်ဘတ်ပေါ်ကို အသာ အယာလေးမှီအိပ်လိုက်တယ် ဆူညံတဲ့ကျွန်တော့ရင်ခုန်သံတွေကြောင့်ထင်ပါရဲ့နောက်ကိုနဲနဲပြန်ခွာသွားတယ်  ကျွန်တော်ကသူ့ရဲ့ခါးလေးကိုသိုင်းပြီးဖက်ထားလိုက်တယ် သူ့မျက်လုံးတွေကပေကလပ်ပေကလပ်နဲ့ကျွန်တော့ကိုမော့ကြည့်နေတ ယ် ကျွန်တော်ကလည်းနွေးထွေးမှု အပြည့်နဲ့ပြန်ကြည့်လိုက်တယ် ပြီးတော့သူ့နုတ်ခမ်းလှလှလေးတွေကလှုပ်စိလှုပ်စိဖြစ်နေတာ ကျွန်တော်ကလည်းညဏ်ကောင်းပြီးအလိုက်သိသူပီပီ သူ့မျက်နှာနားတဖြည်းဖြည်းတိုးတိုးသွားတယ် နီးလာလေလေ သူ့မျက်လုံးတွေကမှေးလာလေလေနဲ့ ကျွန်တော်ထင်တာကတော့ အတန်းထဲကလိုပဲအိပ်ငိုက်ချင်တာလလားပဲသိဘူး အဲလိုတာဆိုရင်တော့စိတ်ညစ်စရာကြီးရော  ဒီလောက်အရေးကြီးတဲ့သင်ခန်းစာ အချိန်ရောက်မှအိပ်ငိုက်ရတယ်လို့ ဘာပဲဖြစ်ဖြစ်ကျွန်တော်ဆက်ပြီးတိုးလာတယ် တဖြည်းဖြည်းနဲ့နီးလာတယ်ပိုပိုပြီးနီးလာတယ် နှစ်ယောက်စလုံးရဲ့ရင်ခုန်သံတွေကလည်းပိုပြီးကျယ်လာတယ် နီးလာတယ် ပိုပြီးနီးနီးနီးနီးနဲ့  သူရဲ့မျက်ဝန်းတွေကလည်းမှေးစက်လုနီးနီး   နုတ်ခမ်းနှစ်စုံရဲ့ အကွာ အဝေးကလည်း  0.5 mm ခန့် အကွာအဝေးသို့ရောက်ရှိနေသော အနေအထား
          အဲဒီ အချိန်မှာကျွန်တော်မောင်မြင့်ဇော်ဦးသည်နံနက်3း15 ရှိပြီဖြစ်သောကြောင့်အရမ်းအိပ်ချင်နေပါသဖြင့်     
“၀ါးးးးးးးး  အိပ်ချင်လိုက်တာကွာ  တော်ပြီဆက်မရေးချင်တော့ဘူးဆိုပြီး အိပ်စက်အနားယူလိုက်ပြီဖြစ်ကြောင်း”
                                                                                         ဟီးဟီး
 myintzawoo

No comments:

Post a Comment